Tuesday, February 25, 2014

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ

 
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။


ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )


Continue reading →

Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက်



 Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက် က Sexy Post များဖြင့် နိုင်ငံ တကာ ပရော် ဖက်ရှင် နယ် မော်ဒယ် ဖြစ် ကြိုးစား သွားမည် ဖြစ် ကြောင်း နှင့် Sexy Dance များကို လည်း စိတ်ဝင် စား ကြောင်း ပြော သည်။

ဇာက Sexy Dance ကို စိတ်ဝင်စားတယ်။ Sexy Dance ကိုလည်း နည်း နည်း သင်ထား တာ ဆို တော့ ဒါကို ကူညီပေး ပါ။ ရိုက်ပေးပါဆိုရင်တော့ ရိုက်ပေးပါတယ်။ Dance သီးသန့် တော့ မဟုတ်ဘူး။ ဇာက လည်း Sexy Post နဲ့ ထိုး ဖောက်ချင်တာပေါ့။ ဇာလုပ်တဲ့ Sexy Post ဆိုရင် နိုင်ငံခြားက လူတွေကလည်း လက်ခံတယ်။ စင်ကာပူဆို တော်တော် လက်ခံတယ်။ ဇာလုပ်တဲ့ Art နည်းနည်း Sexy ကျတယ်။ မြန်မာ အမြင်နဲ့ ရိုင်းချင်ရိုင်းမယ်။ ကိုယ့်ရဲ့ ကိုယ်လုံး ကိုယ်ပေါက်နဲ့ မြန်မာ အမျိုးသမီး တစ်ယောက် ရဲ့ Sexy ကို နိုင်ငံ တ ကာ ကို ပြချင်တာပေါ့။ စင်ကာပူဆိုရင် သူတို့နိုင်ငံထုတ် မဂ္ဂဇင်းတွေ မှာ Cover ရိုက်ရတယ် ဆိုတော့ ၀မ်း သာ ပါတယ်။ ဇာကတော့ Sexy Model အနေနဲ့ပဲ ရပ်တည်သွားမယ်။ ပရော်ဖက်ရှင်နယ်အထိကို၊ နိုင်ငံ တ ကာ အထိကို ထိုးဖောက်နိုင်တဲ့ အထိ ကြိုးစား ပါ့မယ်။ တစ်ခါ တလေ ကျ တော့လည်း စိတ်ဓာတ် ကျ တယ်။ Impression အရမ်းဒေါင်း တယ်။ ဒီလိုမျိုး လုပ်နေရ တာတွေကိုလေ။ တချို့ကပြောတယ်၊ Sexy Post ရိုက် တယ် ပေါ့။ မြန်မာပြည်မှာက အမြင်မရှိကြဘူး။ ဇာဇာထက်က Sexy Post ပုံ ရိုက်တယ်။ ဇာဇာထက်ကို ခေါ်လို့ ရချင်ရမယ်။ မရချင်မရဘူး။ Sexy Post ရိုက်တာနဲ့ ပျက်စီးနေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အနုပညာ ကို လက်ခံ လာ အောင် လုပ်တယ်။ ပေါ်ပြူလာဖြစ်ချင်လို့မဟုတ်ဘူး။ ကိုယ်နဲ့ လိုက်လို့ လုပ်ဖြစ်တာ။ အဲဒီ လမ်း ကြောင်း ပေါ် မှာ ကိုယ့်ကို လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူ လည်းရှိတယ်။ ဇာက Facebook မှာ ဓာတ်ပုံတော့ သိပ် မ တင် ဖြစ်ပါဘူး။ Sexy ပုံတင်တာ များ သွားရင် မြန်မာပုံလေးတွေ ပြောင်း တင်တယ်။ တင်ပြီးသွားရင်လည်း Comment ကို မဖတ် ဘူး။ Website တွေမှာတော့ တင်တယ်။ ဇာ့ ကို Website တင်မယ်၊ ဘယ် လောက် ပေးမလဲ၊ ရိုက်ပေးမယ်။ သူတို့ဘက်ကလည်း အဲဒီလို ပုံလေးတွေ ရိုက်မယ်။ ငါးသိန်း ပေးမယ်။ အဲဒါဆို လက်ခံ တယ်။ အတိုင်းအတာအရေအတွက်နဲ့ ရိုက်ပေးပါတယ်။ သူများတွေ ကတော့ မသိဘူး။ ဇာကတော့ Sexy ပုံတွေ ကို ရောင်းစားတယ်။ ခန္ဓာ ကိုယ်ရှိတုန်း သူတို့ငှားတဲ့ အချိန် အထိပေါ့နော်။ ဒါဆို ကိုယ်လည်း အပြောခံရ တာ တန် တယ်။ ပေါက်လည်း ပေါက်တယ်။ Sexy Post ရိုက်တယ်ဆိုပေမယ့် စိတ်က မတန်ပါ ဘူး။ အားလုံးကို ယဉ် ယဉ်ကျေးကျေး နဲ့ ဆက်ဆံပါတယ်””ဟု ဇာဇာထက်က ပြော သည်။

ဇာဇာထက်သည် Sexy Model အဖြစ် သီးသန့််ရပ် တည်နေပြီး Two Pic ၀တ်စုံနှင့် ရိုက်ကူးရန် ဒေါ်လာတစ်ထောင်ဖြင့် လက်ခံထားကြောင်း ပြောပြသည်။

Credit to:The Messenger News Journal


Continue reading →

သူရ မချစ်ပို ဇာတ်ကား ၁၇ နှစ်ကျော် ကာလ ရောက်ရှိလာသော် လည်း ပြသ ထုတ်လွှင့်ခြင်း မရှိသေး

 
တပ်မတော် အစိုးရလက် ထက်မှာ နာမည်ကြီးတဲ့ ဒါရိုက်တာ တင်သန်းဦးက ရဲစွမ်း သတ္တိရှိတဲ့ အမျိုးသမီး သူရဲကောင်းဖြစ်သူ သူရ မချစ်ပို” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက် တာ တင်သန်းဦးက မို့မို့ မြင့်အောင်နဲ့ သရုပ်ဆောင် များစွာကို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်လောက် က ရိုက်ကူးခဲ့ဖူး ပါတယ်။ ဒီဇာတ်ကားက တပ်ကြပ်ကြီး တစ်ယောက်ဖြစ်တဲ့ မချစ်ပိုရဲ့ ရဲစွမ်း သတ္တိတွေကြောင့် သူရဘွဲ့ကို ရရှိခဲ့တဲ့ ဇာတ် လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက် ကိုရိုက်ကူး ခဲ့ ပေမယ့် ထုတ်လုပ်ပြသခွင့် မရရှိခဲ့ပါ ဘူး။

၁၇ နှစ်ကျော်လောက်က ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးထား တဲ့ “သူရ မချစ်ပို” ဇာတ်ကားကို မြဝတီ ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသဖို့ အစီအစဉ် မရှိသေးကြောင်းကို

“လောလောဆယ် လွှင့်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ပြန်ရိုက်ဖို့ လည်း အစီ အစဉ် မရှိပါဘူး။ အဲဒီဟာ က ဒီကဆင်ဆာ စိစစ်တဲ့အဖွဲ့ကနေပြီး တော့ နဂိုကတည်းက ခွင့်မပြု ထားတဲ့ ဇာတ်ကားမို့လို့ပါ။ ပြန်ရိုက်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆို တော့ ဒီဇာတ်ကား မှာလည်း လိုအပ် ချက်တွေ ရှိနေလို့ ဆရာတို့ ထားထား တာပါ” လို့ ဒါရိုက်တာ တင်အောင် စိုး (ပန်းမြို့တော်) က ပြောပြခဲ့ပါ တယ်။

ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူး ခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ ရိုက်ကူးခဲ့မှု အတွေ့ အကြုံ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“မိန်းမ သူရဘွဲ့ရတာ ဆိုလို့ မချစ်ပို တစ်ယောက်ပဲရှိတာလေ။ တကယ့် အဖြစ်အပျက်ကြီး တစ်ခု ပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပြန်ရိုက်ခဲ့တာ။ အပြင်မှာ သူတကယ့် အဖြစ်တော့ မသိဘူး။ ပြန်ရိုက်တဲ့ ကိုယ်တောင် တော်တော် ပင်ပန်းတယ်။ တကယ့် စက်သေနတ်ကြီး ကိုင်ပြီး တောင်တစ်ပတ် ပတ်ရတာ။ ဗိုလ်မှူး တင်သန်းဦးက ကျည်ဖောက် တော့ သေနတ် အစစ်နဲ့ဖောက်တာ။ အဲဒီ ကားရိုက်ခဲ့တော့ မပြဖြစ်ခဲ့ဘူး။ ကိုယ်က ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တော့ ပြစေချင်တယ်။ ဒီမှာ မချစ်ပိုက ထားဝယ် သူ၊ မောင်လေးကို လိုက်ရှာ နေတာ။သူနဲ့ အပြိုင်မချစ်ပု ဆိုတာ ရှိသေးတယ် ။မမို့တို့မေမြို့ကိုသွား ရိုက်တော့ အဲဒီ မချစ်ပို ဆိုတာ ကရှိ သေးတယ်။ အဲဒီဇာတ်ကို အစ အဆုံး သိတဲ့ အဘိုးကြီး တစ်ယောက် လည်း ရှိတယ်။ မချစ်ပိုက သူ့ကိုဘယ်လောက်ပဲ ပစ်ပစ်ကျည်မထိဘူး။ အံပွားပါနေ တာ။ ဆံပင်ကို အရှည် ဖြန့်ချထား လိုက် ရင်နောက်က လူတွေ ကျည်မထိဘူး။ အဲဒီလိုမျိုးပေါ့။ ဘုန်းရှိတယ်လို့ ပြောရမှာ ပေါ့။ အဲဒီကား နောက်ဆုံး မှာ မချစ်ပိုရဲ့ အုတ်ဂူလေးကို ထည့် ရိုက်ထားတယ်။ အဲဒီ အုတ်ဂူကိုသွား ပြီးတော့ မမို့ကိုယ်တိုင် ဒိုင်ယာလော့ တွေပြောပြတယ်။ ကိုယ် အတုလုပ်တဲ့ သူတောင် ပင်ပန်းလိုက်တာ။ အစစ် ဖြစ်တဲ့ အမေသာဆို ဘယ်လောက် ပင်ပန်းလိုက်မလဲလို့ သွားပြောခဲ့တယ်။ အဲဒါကိုလည်း ဇာတ်ကားထဲမှာ ထည့် ရိုက်ထားတယ်။ လမ်းဘေးမှာ အုတ်ဂူ လေးက ဘယ်သူမှလည်း မသိကြ ဘူး။ဒီလို လူမျိုးရှိ ခဲ့တယ် ဆိုတာ အခုခေတ် လူငယ်တွေသိမှာ တောင် မဟုတ်တော့ဘူး။ အဲဒါကြောင့်ဒီ ကားလေး ကို ပြန်ပြစေချင်တာ။ အဲဒီ တုန်းကတော့ ဆင်ဆာ ကို ရှောင်ပြီး တချို့တွေ ကိုနည်းနည်းလေး ပြတယ်ဆို ရုံရှောင်ပြီး ရိုက်ခဲ့ရတာ။ အခုအ ချိန်သာဆို ဆင်ဆာလည်း ရနေပြီဆို တော့သေချာတယ်။ တော်တော်ရိုက် ပြ လို့ကောင်း မှာ။ တကယ့် အဖြစ်အပျက် ဆိုတော့ တော်တော်လည်း တာဝန် ကြီးတယ်။ သူ့ကိုယ်စားသူ့ ဂုဏ်ကို ပြ ခွင့်ရဖို့ ရိုက်ခဲ့တဲ့ အတွက် ဂုဏ်ယူစ ရာလည်းကောင်းတယ်။ ဒါပေမဲ့ ပြ ခွင့် မရခဲ့ဘူး။ဒီလိုမျိုး ရှိခဲ့တယ် ဆိုတာသိစေ ချင်တယ်”လို့ ပြောပြခဲ့ ပါတယ်။

မေမွန်မောင်၊ သိမ့်သိမ့်

Popular Journal


Continue reading →

ယူကရိန်းကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုဖြစ်

ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​မငြိမ်မသက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ရုရှားနဲ့ ​အနောက်တိုင်း ​နိုင်ငံတွေအကြား ​တင်းမာမှုတွေ ​ဖြစ်နေပါတယ်။

Kiev မြို့တွင်းမှာ ကားမောင်းချီတက်သွားတဲ့ ယူကရိန်း ဆန္ဒပြသူတွေ (Credit: AFP)
ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ခေါင်းဆောင်အပြောင်းအလဲကို ​ရုရှားနိုင်ငံ ​ဝန်ကြီးချုပ် ​Dmitry ​Medvedev ​က ​လက်နက်ကိုင် ​တော်လှန်မှုကြီးလို့ ​တင်စားခေါ်ဝေါ်လိုက်ပါတယ်။
ခုလောလောဆယ် ​ယူကရိန်းနိုင်ငံမှာ ​တက်လာတဲ့ ​ယာယီအစိုးရအတွင်းက ​လူတွေနဲ့ ​အဆက်အသွယ်ပြုချင်စရာ ​ကောင်းတဲ့လူတွေ ​မရှိဘူးလို့ ​ပြောလိုက်သလို ​တက်လာတဲ့ ​ယာယီအစိုးရဟာ ​တရားဝင်ရဲ့လားဆိုပြီးတော့လည်း ​ရုရှားဝန်ကြီးချုပ်က ​မေးခွန်းထုတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​အစိုးရအပြောင်းအလဲဟာ ​ရုရှားအစိုးရနဲ့ ​ရုရှားပြည်သူအတွက် ​တကယ့်ကို ​ခြိမ်းခြောက်မှု ​တစ်ခုလို ​ဖြစ်နေတယ်လို့လည်း ​ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် ​အကြောင်းစုံသိရအောင် ​ယူကရိန်းနိုင်ငံမှာ ​အမှုထမ်းဆောင်နေတဲ့ ​ရုရှားနိုင်ငံ ​သံအမတ်ကို ​ပြန်လည်ဆင့်ခေါ်ထားပြီ ​ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကလည်း ​ယူကရိန်းနိုင်ငံရေးမှာ ​ရုရှားအနေနဲ့ ​စစ်ရေးအရ ​ဝင်ရောက်စွက်ဖက်မှုတွေမလုပ်ဖို့ ​အမေရိကန်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ​Susan ​Rice ​က ​ပြောဆိုထားပါတယ်။
ခုလောလောဆယ် ​ရာထူးကနေ ​ဖြုတ်ချခံလိုက်ရတဲ့ ​ယူကရိန်းသမ္မတဟောင်း ​Victor ​Yanukovych ​ကို ​ရဲတွေက ​ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဆန္ဒပြမှုအတွင်း ​ဖြစ်ပေါ်ခဲ့တဲ့ ​ပစ်ခတ်မှုတွေနဲ့ ​ပတ်သက်ပြီး ​သူ့ကို ​ဖမ်းဖို့ ​အလိုရှိနေတာဖြစ်ပါတယ်။
ထောက်ခံသူတွေများတဲ့ ​Crimea ​မြို့မှာ ​သမ္မတဟောင်း ​ဗစ်တာကို ​နောက်ဆုံးတွေ့ခဲ့ရတဲ့အကြောင်း ​အေဘီစီသတင်းထောက် ​Phillip ​Williams ​က ​Kiev ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

                                                                                         ABC Radio Australia


Continue reading →

Tuesday, February 4, 2014

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။


ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်

၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှလေ့လာသူများက အရွယ်ရောက်သူ လူငယ်များကို ချောကလက် အမည်းနှင့် အဖြူတစ်ခုခုကို စားခိုင်းကြသည်။ ထို့နောက်သူတို့၏ မျက်စိအမြင်ကို စမ်းသပ်ကြသည်။ပြန်လာကြပြီး အခြားချောကလက်အမျိုး
အစားကိုစား၍ စမ်းသပ်မှုကို ပြန်လုပ်ကြသည်။ ချောကလက်အဖြူနှင့် ယှဉ်လျှင်ချောကလက်အမည်းများက စမ်းသပ်ချက်
ရလဒ် အမှတ်များ ပိုမိုမြင့်နေသည်ကိုလေ့လာသူများ တွေ့ရှိကြသည်။မျက်စိအမြင်အပေါ် ချောကလက်၏ အကျိုးသက်ရောက်မှုက အသက်ပိုကြီးသော အရွယ်ရောက်သူများတွင် ပိုမိုကြီးမားနိုင်သည်ဟု စာရေးဆရာများက ထင်မြင်ချက်ပေးကြသည်။

အကြံပေးချက် 

သင် ချောကလက်တောင့် တစ်တောင့် ၀ယ်တော့မည်ဆိုလျှင် ကိုးကိုး ၇၂ ရာခိုင်နှုန်းနီးပါးရှိသော
ချောကလက်ကို ရွေးချယ်ပါ။ တစ်နေ့လျှင်ချောကလက် အောင်စတစ်ဝက် (သို့)ချောကလက်အများစု၏ ၂ လက်မ ပတ်လည်ခန့် စားပါ။

ချောကလက်က သင့်၏အသားအရေကိုကာကွယ်သည်

၂၀၀၆ ခုနှစ်တွင် ဂျာမန်လေ့လာမှုတစ်ခုက မည်းနက်သော ချောကလက်ထဲမှဖလေဘွန်နဲလ်သည်အရေပြားကိုUVအလင်း၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိန်မှ ၂၀၀၉ခုနှစ် လေ့လာမှုတစ်ခုက အလားတူရလဒ်ကို တွေ့ရှိခဲ့သည်။ သို့သော် သင်၏အရေပြားကို ကာကွယ်ရန် လိုအပ်သောဖလေဘွန်နဲလ်အဆင့်ကစံချိန်မီ ချောကလက်အများစုတွင်
 တွေ့ရသောဖလေဘွန်နဲလ်၏အဆင့်ထက်ပိုမိုမြင့်မားသည်ကိုသတိပြုမိကြသည်။ လေ့လာမှုတွင် အသုံးပြုသော ဖလေဘွန်နဲလ်မြင့်သည့် အထူးသီးသန့် ချောကလက်က သွေးလည်ပတ်မှုနှင့် အရေပြားစိုစွတ်မှုကို မြှင့်တင်ပြီး၊ အ
သားအရေကိုပိုမိုကျန်းမာ၍ကြည့်ကောင်းအောင် လုပ်ပေးသည်။

အကြံပေးချက် -

ချောကလက်တောင့်ကို ရွေးချယ်သောအခါ ဖြစ်နိုင်သမျှ ပါဝင်ပစ္စည်းအနည်းဆုံး ချောကလက်ကိုရှာပါ။ သကြားများသော ချောကလက်ကို မလိုချင်ပါနှင့်။ ကိုကိုး အများဆုံး ချောကလက်ကိုရှာပါ။

ချောကလက်က သင်၏နှလုံးကိုအကူအညီပေးသည်

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှဆေးဘက်ဆိုင်ရာ ဂျာနယ်ထဲ၌ ဖော်ပြခဲ့သော အဆင့်မြင့် လေ့လာစစ်ဆေးမှု တစ်ခုကချောကလက် စားသုံးခြင်းသည် နှလုံးသွေးကြောရောဂါအမျိုးမျိုးဖြစ်နိုင်မှု အန္တရာယ်ကို ၃ ပုံ၊ ၁ ပုံ လျှော့ချကြောင်း တွေ့ရှိသည်။
သီးခြားလေ့လာမှုများက ချောကလက်သည် သွေးတိုးနှုန်းကို လျှော့ချနိုင်ပြီး သွေးကြောကျန်းမာရေးကို
 မြှင့်တင်နိုင်၍ သွေးသကြားကို ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရှိသည်။

အကြံပေးချက် 

ကျန်းမာရေး အပိုဆုများကို လိုချင်ပါသလား။ ချယ်ရီ၊ ဗာဒမ်သို့မဟုတ် ချင်း ပါရှိသော ချောကလက်အမည်း အနည်းငယ်ကို စားပါ။ ကျန်းမာရေးညီညွတ်သော အခြားပါဝင်ပစ္စည်းပေါင်းစပ်ထားသော ချောကလက်မှ အာနိသင်ပေါင်းစုံကို သင် ရရှိလိမ့်မည်။

• မင်းသုတ
Ref: 5 Surprising Reasons To Eat More Chocolate
By Megankempston


Continue reading →

ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ


 ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ သစ်ရာကောက်ကျေးရွာသားတွေအပေါ် စကားအသုံးကြမ်းတမ်းခဲ့မှုကို မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကန့်ကွတ်နေသူများ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၄။ (ဓာတ်ပုံအား ကိုအောင်သူရရဲ့ FB မှ ကူးယူဖော်ပြပါသည်။)

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီးအတွင်းက သစ်ရာကောက်ကျေးရွာကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းချိန်မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေအပေါ် မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က “ပါးရိုက်ခံဖို့ အသင့်ပါပဲ။” ဆိုတဲ့ စာတမ်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲ ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဝန်ကြီးဦးအုန်းမြင့်က နယ်တကာလှည့်ပြီး ပါးရိုက်(ရဲ)တယ်ဆိုတဲ့ စကားလုံးလည်းတွေ့တယ်။ ငါတို့အစိုးရလက်ထက်မှာ ငါတို့အစိုးရကို ဝေဖန်ရင် ထောင်ချပစ်မယ်တို့၊ ဘာတို့ - ဒါမျိုးတွေကြိမ်းတော့ ကျနော်တို့ ပါးရိုက်ခံကြမယ်။ ရည်ရွယ်ချက်ကတော့ ဒီဝန်ကြီးတွေ ဒီလို မိုက်မိုက်ရိုင်းရိုင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြောတဲ့စကားလုံးတွေ၊ ဆဲရေးတိုင်းထွာတဲ့စကားလုံးမျိုးတွေ၊ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေ သုံးနေတာကို ကျနော်တို့ မကျေနပ်လို့ သွားပြီးတော့ ဆန္ဒပြကြတာပေါ့နော်။”

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီ အင်အားစုအပါအဝင် လူငယ်မျိုးဆက်အဖွဲ့တွေပါဝင်တဲ့ ဆန္ဒပြသူသုံးဆယ်ကျော်လောက်က  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အနေနဲ့ ဒီ့ထက်ပိုယဉ်ကျေးအောင် သင်ယူသင့်ပြီးတော့ အခုလိုမျိုး ပြောဆိုခဲ့တဲ့အတွက်လည်း အခုလက်ရှိ ဝန်ကြီးရာထူးကနေ နုတ်ထွက်ပေးသင့်တယ်လို့လည်း ဦးဆောင်သူ ဦးဘမြင့်က ပြောပါတယ်။

“ကျနော်တို့က ဦးအုန်းမြင့်ကို ယဉ်ကျေးစေချင်တယ်။ ဒီလိုနေရာမျိုးက ပြည်သူ့ခေါင်းဆောင်တွေ နေရမယ့်နေရာမျိုး၊ အစိုးရနဲ့ဝန်ကြီးအဖွဲ့ ဆိုတာ အစိုးရအဖွဲ့ပေါ့နော်။ သမ္မတနဲ့ဝန်ကြီးများအဖွဲ့ဆိုတာဟာ ပြည်သူတရပ်လုံးရဲ့အကျိုးကို ဆောင်ရွက်ရမယ့်နေရာမျိုးမှာ ပြည်သူကို ဆန့်ကျင်တဲ့ စကားလုံးတွေ ပြောလာတဲ့အတွက် အဲဒီလိုနေရာမျိုးနဲ့ လုံးဝ မတန်ဘူးလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။”

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို မကျေနပ်ကြောင်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံက တရားဝင် ခွင့်ပြုချက် မတောင်းခံခဲ့လို့ဆိုပြီး ဦးဆောင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်နဲ့ ဒီမိုကရေစီအင်အားစုက ဦးသန်းဆွေတို့ နှစ်ဦးကို ရဲလုံခြုံရေးတွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ ဒီမိုကရေစီအင်အားစုဘက်ကလည်း ဝန်ကြီးအနေနဲ့ ပြည်သူကို အခုလို ရိုင်းပျစွာဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီး တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုက ဦးဆောင်သူ ဦးသန်းဆွေကလည်း ပြောပါတယ်။

“အဲဒီ နယ်လှည့်ပါးရိုက်မယ်ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး (ဦး) အုန်းမြင့်အား ပါးရိုက်ခံရန် ပြည်သူများနဲ့အတူ နိုင်ငံရေးအင်အားစုမှ စောင့်မျှော်နေပါသည်- နိုင်/ကျဉ်းတစု၊ နောက် ဒီမိုကရေစီအင်အားစုက တစု၊ နှစ်စုပေါ့နော်။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့ စောင့်တာတောင်မှ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်လည်း တောင်းခံစရာမလိုဘူး။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့အတွက် ဘယ်သူ့ဆီမှလည်း အမိန့်တောင်းစရာလည်း မလိုဘူး။ ကျနော်တို့ကတော့ အရိုက်ခံရမယ့် အနေအထားနဲ့ပဲ စောင့်နေပါတယ်။ ဒါကို သူတို့က ကျနော်တို့ကို ပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုရင် - လက်ရှိဝန်ကြီးကို ဥပဒေပုဒ်မ (၂၉၄) မှာပါ- ညစ်ညမ်းစွာဆဲဆိုခြင်းနဲ့ အရေးယူလို့လည်း ရပါတယ်။ နောက် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အတွက် ဥပဒေပုဒ်မ (၅၀၆) နဲ့လည်း တရားစွဲလို့ရပါတယ်။ အဲဒါဆိုရင် ကျနော်တို့ကို တရားစွဲတဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်ဆိုရင် သူ့ကိုလည်း ပြည်ထောင်စုဝန်ကြီးကိုလည်း ဒီပုဒ်မနှစ်ခုနဲ့ ကျနော်တို့က ဦးတိုက်တရားစွဲပါမယ်ခင်ဗျ။”

အခုဆိုရင် ဆန္ဒပြတဲ့သူတွေကို ရဲလုံခြုံရေးတွေက ဝန်းရံထားပြီး ပန်းဘဲတန်း ရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းတာဝန်ရှိသူတွေက  ဦးဆောင်ဆန္ဒပြသူ နှစ်ဦးကို စောင့်စားခေါ်ယူနေတယ်လို့ ဦးသန်းဆွေက နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။

အခုလိုပြည်ထောင်စုဝန်ကြီးက ဒေသခံရွာသားတွေအပေါ် ကြမ်းတမ်းတဲ့ စကားလုံးနဲ့ သုံးနှုန်းပြောဆိုချက်တွေအပေါ် ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေဘက်ကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြပြီး လက်ရှိအရပ်သား အစိုးရ လက်ထက် အဆင့်မြင့်အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ ဝန်ကြီးအနေနဲ့ နိုင်ငံရေးလောကနဲ့ သတင်းမီဒီယာအပါအဝင် ပြည်သူလူထုအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မေးခွန်း ထုတ်လာကြတာဖြစ်ပါတယ်။

VOA Burmese



Continue reading →

ရခိုင်ပြည်တွင် အကြမ်းဖက်လှုပ်ရှားမှုများကို RNSC က ကြိုးကိုင်ပြီး ထပ်မံဖြန့်ကြဲချထား



ရခိုင်ပြည်အနှံအပြား အကြမ်းဖက်လှုပ်ရှားမှုများအား ကြိုးကိုင်နေသော RNSC အဖွဲ့မှာ ရဲတကက ဦးအောင်ကျော်သိန်းအား အကြမ်းဖက် သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ရှေ့ဆက်အကြမ်းဖက် လုပ်ငန်းများတိုးမြင့်လုပ်ဆောင်ရန် အဖွဲ့ဝင်များကို ဖြန့်ကြဲလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

RNSC လှုပ်ရှားမှုများကို RSO အဖွဲ့ဝင် နုရ်ဘော်ရှောက ဦးဆောင်ကာ တကက ဦးအောင်ကျော်သိန်းအား သတ်ဖြတ်ခဲ့ပြီး ဘင်္ဂလာသို့ ထွက်ပြေးခိုလုံ သွားခဲ့သော တရားခံ ၃၄ ဦးခန့်အား ဆုတံဆိပ်နှင့် ဆုငွေများပေးဆောင်ပြီး ဆက်လက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ဇန်န၀ါရီလ ၁၉ ရက်နေ့က ထပ်မံစေလွှတ်ထားလိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက်သမားများမှာ မောင်တောခရိုင် တောင်ပြိုနယ်ခွဲ ကျီးကျွန်းဒေသအတွင်းမှ ၀င်ရောက်လာကြောင်းနှင့် ဒုချရားတန်း အနောက်ရွာ အိမ်များအား မီးတိုက်မှုနှင့် လူထိမ်းရဲဖွဲ့ဝင်နှစ်ဦး စီးလာသော ဆိုက်ကယ်ကို ကားဖြင့်တိုက်သတ်မှုတို့ဖြင့် ဆက်တိုက် အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာက အကြမ်းဖက်သမားများအား ယနေ့ထိ ဥပဒေအရ အရေးမယူနိုင်သေးချေ။

ယင်းနှင့်ဆက်စပ်မှုရှိသော ပါကိစ္စတန်မှ သင်တန်းအောင်မြင်ပြီး ပြန်လာသော ပါကိစ္စတန်အခြေစိုက် TTP အဖွဲ့ဝင် အကြမ်းဖက်သမား အိုစမန် (၂၃)နှစ်၊ မိုဟာမူဒ်(၂၆) နှင့် ဖောခ်ရုလ် ဟာဆန်(၅၀)နှစ်တို့ကို ဘင်္ဂလာအာဏာပိုင်များက ဒက္ကားမြို့တော်မှ ဇန်န၀ါရီလ(၁၉)ရက် နေ့က အထောက်အထား အစုံအလင်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလာမှပြည်ထဲရေးအကြီးအကဲ Mr Ji Dukarl က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

RNSC အနေဖြင့် မူဆလင်များအား အကြမ်းဖက်ကြရန် ကြိုတင်နိုးဆော်တိုက်တွန်း လုပ်ဆောင်နေမှုများကို OIC နှင့် တခြား အကြမ်းဖက် အဖွဲ့အစည်းများက ထောက်ပံ့ကူညီပေးနေကြောင်း လျှို့ဝှက်သတင်းများ ထွက်ပေါ်နေသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ် ကိုတိုးပါလောင်စခန်း၊ တာခ်နာမြို့နယ် နော်ယာပါရာစခန်းနှင့် နီလာမြို့နယ် လေဒါ ဒုက္ခသည်စခန်းများနှင့် ယင်းအကြမ်းဖက်သမားများ ဆက်သွယ်မှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ရခိုင်ပြည်အတွင်း၌ မူဆလင်များမှာ အကြမ်းဖက်လှုပ်ရှားမှုများဖြင့် ရာဇ၀တ်ပြစ်မှုများကို ကျူးလွန်နေသဖြင့် ဒေသခံရခိုင်များမှာ လုံခြုံအေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည်ဖေါ်ရေးနှင့် White Card များ မဲပေးခွင့်မရှိရေး၊ ရခိုင်-ဘင်္ဂလီအကြား ခွဲခြားဆက်ဆံနေသည့် UNHCR, AZGနှင့် UN အပါအ၀င် INGO ရုံးရှေ့များသို့ သွားရောက်ပြီး ဒေသအတွင်းမှ ထွက်သွားရန် မကြေနပ်မှုများ တိုးပွားလျှက်ရှိနေကာ မြို့များတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စိုင်းပြင်းလျှက် ရှိနေသော်လည်း အစိုးရအနေဖြင့် ဒေသခံများလုံခြုံရေးအတွက် တာဝန်ယူ ကြိုတင်ဖြေရှင်းမှုတစုံတရာ လုပ်ဆောင်မှု မရှိသေးချေ။

 သဇင်ဥ (သတင်း)
Arakan Times

Continue reading →

ဒေါ်လာ ၄ သန်းကျော်ချန်ခဲ့တဲ့ မန်ဒဲလား သေတမ်းစာ



ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က ကွယ်လွန်သူ မစ္စတာမဲန်ဒဲလားရဲ့ သေတမ်းစာကို ဖတ်ပြစဉ်။ (ဖေဖော်ဝါရီ ၄၊ ၂၀၁၄)
 ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က ကွယ်လွန်သူ မစ္စတာမဲန်ဒဲလားရဲ့ သေတမ်းစာကို ဖတ်ပြစဉ်။ (ဖေဖော်ဝါရီ ၄၊ ၂၀၁၄)

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ ဒေါ်လာ ၄ သန်း၊ ၁ သိန်း တန်ဖိုးရှိတဲ့ အိမ်ခြံမြေကို မိသားစုဝင်တွေ၊ သူ့ရဲ့ဝန်ထမ်းတွေ၊ ပညာသင်ယူခဲ့တဲ့ ကျောင်းတွေနဲ့ အာဏာရပါတီအတွက် ချန်ထားခဲ့တဲ့အကြောင်း သေတမ်းစာ အတည်ပြု ထုတ်ပြန်သူတွေက ပြောပါတယ်။

တောင်အာဖရိ သမ္မတဟောင်းရဲ့သေတမ်းစာကို အတည်ပြုပေးခဲ့သူ တစ်ဦးဖြစ်တဲ့ ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က မိသားစုကို သေတမ်းစာ အရင်ဖတ်ပြခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ သတင်းထောက်တွေကိုလည်း အကျဉ်းရုံးရှင်းပြခဲ့တာပါ။

ငွေကြေးအများစုကိုတော့ သူ့ရဲ့အိမ်ထောင် ၃ ခုက သားသမီးတွေ၊ မြေးတွေနဲ့ ဆွေမျိုးတွေအတွက် ချန်ခဲ့သလို ဒေါ်လာ ၄,၅၀၀ ကိုတော့ သူ့ရဲ့အတွင်းရေးမှူး အပါအ၀င် ၀န်ထမ်းတချို့ကို ပေးအပ်ခဲ့ပါတယ်။

သူပညာသင်ယူခဲ့တဲ့ ကျောင်းတစ်ကျောင်းချင်းစီနဲ့ သူနေထိုင်ရာ အရပ်က ကျောင်း ၂ ကျောင်းအတွက်လည်း ဒေါ်လာ ၉ ထောင်စီ ချန်ရစ်ခဲ့တာပါ။

ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မန်ဒဲလားအနေနဲ့ သူ့ရဲ့သေတမ်းစာကို ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာ ကြိုတင် နားလည်ထားတဲ့အကြောင်းလည်း ဒုတိယ တရားသူကြီးချုပ်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

VOA Burmese


Continue reading →

တရုတ်နှစ်သစ်ကူးအကြောင်းပြ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဦးဆောင်၍ လောင်းကစားဝိုင်းဖွင့်နေ




သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ သာယာကုန်း စီးကရက်စက်ရုံ ၀င်းအတွင်း၌ တရုတ်နှစ်သစ်ကူး အကြောင်းပြကာ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

၎င်းစီးကရက် ရုံအတွင်း၌ ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ဖိုင့်ကျူး (မာကျောက် အနက်ရောင်တရုတ်ဖဲ) ၊ ပန်းကျူးနှင့် မာကင့်လွယ် (ကုန်းကင်းလောင်း ကစားဝိုင်း) တို့ဖြစ်ကြပြီး၊ တစ်နေ့လျှင် လောင်းကစားသူ အယောက် (၂၀၀) နီးပါးရှိကြောင်း ဒေသခံ စိုင်းမောင် က ဆိုသည်။

“ လောင်းကစားတဲ့လူတွေတော့ ကျိတ်ကျိတ်တိုးပဲဗျ၊ ဆယ်ကျော်သက် လူငယ်ပိုင်းတွေများတယ် ၊ ဒီလ ၁ ရက် ကစပြီး နောက် ၅ ရက်နေ့အထိ ဖွင့်သွားမယ်လို့သိရတယ်၊ နှစ်စဉ်တရုတ်နှစ်သစ်ကူးပွဲတိုင်း အဲ့ဒီသာယာ ကုန်းမှာ လောင်းကစားဝိုင်းဖွင့်နေမြဲပဲ ၊ အဲဒီမှာ ပန်းဆေးပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးတယ်။ ဒေသအာဏာပိုင်တွေက လည်း ကြောက်လို့ထင် တယ် ပေးဖွင့်နေတယ်ဗျာ” ဟု ၄င်းက ပြောသည်။

နမ့်ခမ်းမြို့တွင်လောင်းကစားအမျိုးမျိုးပေါများလာမှုကြောင့် မူးယစ်ဆေးရောင်း ဝယ် သုံးစွဲများလည်း ပေါများလာကြောင်း၊ လူနေအိမ်များလည်းမကြာခဏဖောက်ထွင်းခံရကြောင်း ပါ့နန်းအီပီးက ဆိုသည်။

“ ခုမကြာခဏ ဆယ်ကျော်သက်လူငယ်တွေ ဆိုင်ကယ်စီးပြီး ပိုက်ဆံ အိတ် ဆွဲတာတို့ ရွှေဆွဲကြိုးတွေ လိုက်ဆွဲ တာတို့ ဖြစ်နေတယ်၊ တိတ်တိတ် ပုန်းဖွင့်နေ တဲ့ လောင်းကစားTV ဂိမ်း (ငါးမန်းပစ်ဂိမ်း) လည်း ခု ထိ ဖွင့်နေ တုန်းပါ ပဲ၊ အာဏာပိုင်တွေ မသိလို့ဖွင့်နေတာလား၊ ဒါမှမဟုတ် ပိုက်ဆံပေး ပြီး ဖွင့်နေတာ လားမသိ၊ ဖွင့်နေတဲ့နေရာတွေကတော့ အရင်နေရာဟောင်းတွေ ပဲ ” ဟု ၄င်းကဆိုသည်။

ယခုအခါ သာယာကုန်းတွင်ရှိသောလောင်းကစားဝိုင်းများမှာ မာအိမ့်လွယ် (ခေါ်) ကုန်းကင်း လောင်း ကစားဝိုင်း (၁) ဝိုင်း၊ လေးကောင်ဂျင် ၊ ဖဲဝိုင်း ၊ ဖိုင့်ကျူးနှင့် ပန်းကျူးဝိုင်း ၂ ဝိုင်းစီရှိနေကြောင်း သွား ရောက်လေ့လာခဲ့သူ စိုင်းကမ် ကပြောသည်။

သာယာကုန်းစီးကရက်စက်ရုံသည် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ပိုင်ဆိုင် သည်ဟုလည်း ဒေသခံများကဆို ပါသည်။ နမ့်ခမ်းမြို့ အရှေ့တောင် ဘက်ခြမ်း ၁ မိုင်ခန့်တွင်တည်ရှိပြီး တရုတ်သင်းချိုင်းကုန်းနှင့် မြန်မာအစိုးရ တပ်စခန်းဖြစ်သော စခန်းသစ်တပ်ကုန်းနှင့်နီးစပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


သျှမ်းသံတော်ဆင့်

 
Continue reading →

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟုပြောဆိုကာ ငွေများ လိမ်လည်ရယူသွားသူအား ဖမ်းဆီးရမိ


၂၀၁၃ခုနှစ်၊ မတ်လခန့်က ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သက်နွယ်လှ
ထံသို့ တာမွေမြို့နယ်၊ ဒဂုံလွင်လမ်းနေ ဥာဏ်မြင့်ဇော်(ဘ)ဦးစိုးမြင့်မှာ
ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်း သတင်းပေးဌာန အဖွဲ့ဝင်(၁၄)ဖြစ်ကြောင်း၊ရန်ကုန်မြို့ရှိတန်ဖိုးနည်းအိမ်ရာစီမံကိန်း(ပါရမီ) တိုက်ခန်းများကို အရစ်ကျဝယ်ယူရရှိထားသည့် အစိုးရ၀န်ထမ်းများက
ပြန်ရောင်းမည်ဖြစ်ကြောင်းပြောဆိုကာ စာရွက်စာတမ်းများပြသရောင်းခ
ခဲ့သဖြင့် ဒေါ်သက်နွယ်လှမှတိုက်ခန်း(၂)ခန်းအတွက် ငွေကျပ်သိန်း (၅၀)အား ပေးအပ်ခဲ့ကြောင်း၊ ဥာဏ်မြင့်ဇော်မှာ အခြားသူများအားလည်း ယခုကဲ့သို့ပင် တိုက်ခန်းများရောင်းချထားကြောင်း၊ ယခုအခါ၎င်းမှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပြီး ၎င်းပေးခဲ့သော စာရွက်စာတမ်း
များတွင် နိုင်ငံတော်တံဆိပ်ကိုအတုပြုလုပ်ထားခြင်း၊ငွေသွင်းစာအုပ်များနှင့် တိုက်ခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာ မမှန်မကန်ပြုလုပ်ထားခြင်းများ
ဖြစ်ကြောင်းကို သိရှိရသဖြင့် ဥာဏ်မြင့်ဇော်အား စုံစမ်းအရေးယူးပေးပါရန်
ဒေါ်သက်နွယ်လှမှတိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၇၇၄/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဥာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေး အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ ၎င်းထွက် ပြေးတိမ်းရှောင်နေ သည့် နေရာများအား သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ၂၈.၁.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ ကလေးဆေးရုံရှေ့လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူဥာဏ်မြင့်ဇော်အားစစ်ဆေးရာ ၎င်းသည် အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်သည့်အပြင် အလားတူတန်ဖိုးနည်းတိုက်ခန်း များဝယ်ယူရရှိမည်ဆိုကာ အင်းစိန်မြို့နယ်နေဒေါ်မိမိငယ်ထံမှငွေကျပ်
(၂၇)သိန်းအားလည်းကောင်း၊အင်းစိန်မြို့နယ်နေ မအယ်လ်ဘောမ်ဘုံထံမှ
ငွေကျပ်(၂၁)သိန်းခွဲအားလည်းကောင်း၊လှိုင်မြို့နယ်နေဒေါ်နော်ကပေါ်ထူး
ထံမှငွေကျပ်(၂၁)သိန်းအားလည်းကောင်း၊အလုံမြို့နယ်နေဒေါ်ဖြူဝင်းညွန့်
ထံမှငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ဗဟန်းမြို့နယ်နေဒေါ်တင်ဝေနှင်း ထံမှငွေကျပ်(၄၅)သိန်းအားလည်းကောင်း၊ပန်းဘဲတန်းမြို့နယ်နေဒေါ်ခင်မမ ထံမှ ငွေကျပ်(၂၉၅၀၀၀)အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်နေ
ဒေါ်နော်ဂျူးဒစ်ဖေထံမှ ငွေကျပ် (၂၆၅၀၀၀)အားလည်းကောင်းလိမ်လည်
ရယူခဲ့သဖြင့်ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖွင့်လှစ်အရေးယူထားရှိခဲ့သည့် အမှုအသီးသီးမှ ထွက်ပြေးတရားခံဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police


 
Continue reading →

ဒုချီးရာတန်းရွာအကြမ်းဖက်မှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းလေ့လာ

မောင်းတောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ အကြမ်းဖက်မှုအား ကော်မရှင်က ကွင်းဆင်းစစ်ဆေးစဉ်။ (ဓာတ်ပုံ-MOI)
 မောင်းတောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ အကြမ်းဖက်မှုအား ကော်မရှင်က ကွင်းဆင်းစစ်ဆေးစဉ်။ (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံ အနောက်ခြမ်း မောင်းတောမြို့နယ် ဒုချီးရားတန်ကျေးရွာမှာ ပြီးခဲ့တဲ့လအတွင်းက အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရာမှာ စွပ်စွဲချက်တွေအပေါ် ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ကြပ်ကြီးသေဆုံးလို့ အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာမှာရှိတဲ့ ကျေးရွာသား အတော်များများကတော့ ရှောင်တိမ်းနေကြတုန်းပဲလို့ သိရပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒုချီးရာတန်ကျေးရွာအပါအ၀င် တင်းမာမှုရှိနေတဲ့ ဒေသတွင်းက ကျေးရွာတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့ ကတည်းက ရောက်ရှိပြီး စုံစမ်းမှုတွေ ပြုလုပ်နေတာပါ။ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ပါအ၀င် ကော်မရှင်လူကြီး လေးဦးဟာ သူတို့အနေနဲ့ အဲဒီဒေသတွင်း လွတ်လွတ်လပ်လပ်စုံစမ်းခွင့်တွေရခဲ့တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ကျေးရွာတွေကို ကျနော်တို့ အားလုံးရောက်ခဲ့ပါတယ်။ မီးလောင်တဲ့ အနောက်ရွာလည်း ကြည့်ခဲ့ပါတယ်။ နောက်ပြီး ကျေးရွာသင်္ချိုင်းကုန်းလည်း မြှုပ်တယ်၊ နံတယ်ဆိုတာလည်း ကျနော်တို့ သွားကြည့်ခဲ့ပါတယ်။ အခုချိန်ထိအောင်တော့ အတည်ပြု စုံစမ်းရရှိတာတော့ မရှိသေးဘူး။”

ဇန်န၀ါရီ ၁၃ ရက်နေက ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့နဲ့ ဒေသခံကျေးရွာသားအချို့ ပြဿနာဖြစ်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့တဲ့နောက် ရဲလုံခြုံရေးနဲ့ ကျေးရွာကို ညပိုင်း ၀င်ရောက်ရှာဖွေရာမှာ အနီးအနားကျေးရွာသားအချို့က ကျေးရွာတွင်း ၀င်ရောက်လုယက်မှုတွေလုပ်တယ်၊ အဲဒီမှာ ပြဿနာ ထပ်ဖြစ်ပြီး အသေအပျောက်တွေရှိတယ်ဆိုပြီး သတင်းဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေ အပေါ်မှာတော့ တိကျခိုင်လုံတဲ့အထောက်အထားမျိုးတွေ မရခဲ့ဘူးလို့ ဦးစစ်မြိုင်က ဖြေကြားပါတယ်။

“ပစ္စည်းတွေလုတာတော့ ကျနော်တို့အနေနဲ့ မပြောနိုင်ဘူး။ ဘာလို့လဲဆို ရက်က ကွာသွားပြီဆိုတော့လေ။ ဒါပေမယ့်လို့ သူတို့အိမ်က ဆန်စပါးတွေ အချို့ ပျောက်ဆုံးတယ်ဆိုတာမျိုးတော့ ကျနော်တို့ ဝင်ကြည့်ခဲ့တဲ့ အိမ်တစ်အိမ်ရဲ့ အနေအထားအရတော့ ဆန်စပါး ပျောက်ဆုံးတာတော့ ကျနော်တို့ တွေ့ရတယ်။ ဇန်နဝါရီလ (၉) ရက်နေ့မှာ လူ (၈) ယောက် အသတ်ခံရတယ်ဆိုတဲ့ သတင်း၊ ဒါလည်း မြေပြင်မှာ သတင်းမရှိဘူး။ အင်တာနက်ကရလို့ပဲ သူတို့ ကြားတယ် ဆိုတာပဲ ကျေးရွာလူထုက သိတယ်။ နောက် ကျနော်တို့ ဒုချီးရာတန်းရွာမှာတော့ ထင်းခုတ်သမားတစ်ဦးက ပြောတယ်ဆိုပြီး သတင်းထွက်တယ်။ ဒါပေမယ့် အဲဒီ ထင်းခုတ်သမားက ဘယ်သူလဲ ဆိုတဲ့အခါကျတော့ ကျနော်တို့ စုံစမ်းလို့ မရဘူး။
“နောက် လူ (၄၀) သတင်းကတော့ လုံးဝ မရဘူး။ မြေပြင်သတင်း လုံးဝမရဘူး။”

မေး။     ။ အဲဒီကျေးရွာတွေမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ အများစုဖြစ်ပြီးတော့ ယောက်ကျားတွေ မရှိသလောက်နည်းပါးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။ ဟုတ်ပါသလား။

ဖြေ။     ။ အဲဒါတွေကတော့ အမျိုးသားတွေက ရှောင်တိမ်းနေလို့ပါ။ ကျေးရွာရဲ့လူဦးရေ အရေအတွက်အရ နည်းတာမဟုတ်ပါဘူး။ အမျိုးသားတွေက ရှောင်တိမ်းတော့ နယ်ရွာမှာက အမျိုးသမီးတွေပဲ တချို့တဝက်ပြန်လာတဲ့အခါမှာ အမျိုးသမီးတွေပဲ ရှိတာ ဒီသဘောပါ။

မေး။     ။ ဟုတ်ကဲ့။ ရှောင်တိမ်းနေတဲ့လူပေါ့။ ခန့်မှန်းခြေ ဘယ်လောက်လောက် ရှိလဲခင်ဗျ။

ဖြေ။     ။ ဒုချီးရာတန်းအလယ်ရွာကတော့ တစ်ရွာလုံးပဲ။

မေး။     ။ အလယ်ရွာက တစ်ရွာလုံးပဲ ရှောင်တိမ်းနေကြတယ်ဆိုတော့ အလယ်ရွာမှာရှိတဲ့လူတွေ လုံးလုံး မရှိတော့တဲ့သဘောပေါ့။

ဖြေ။     ။ မဟုတ်ဘူး၊ အမျိုးသမီးတွေက ပြန်လာပြီ။ သူတို့ လွှတ်တော် အမတ်တွေနဲ့ နယ်မြေခံတွေနဲ့ စည်းရုံးလို့ရတဲ့သူတွေနဲ့ ပြန်စည်းရုံးတော့ အမျိုးသမီးတွေတော့ တဝက်လောက်ပြန်လာပြီ။ ဒေသတွင်းမှာတော့ အခြေအနေတွေအပေါ် ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိပြီး တင်းမာမှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

“စိုးရိမ်ထိတ်လန့်မှုဆိုတာတော့ ရှောင်တိမ်းနေတဲ့ရွာက အမျိုးသမီးတွေမှာတော့ စိုးရိမ်ကြောက်ရွံ့မှုတွေ တွေ့ရပါတယ်။ ကျန်တဲ့ရွာတွေကတော့ ပုံမှန်ပါပဲ။”

မေး။     ။ ဟုတ်ကဲ့။ တင်းမာမှု အခြေအနေရော ဘယ်လို ရှိပါသလဲ။ လူမှု အသိုင်းအဝိုင်းနှစ်ဘက်မှာ။

ဖြေ။     ။ တင်းမာမှုကတော့ဗျာ၊ ရဲတပ်ကြပ်ကြီးတစ်ယောက် သတ်လိုက်မှတော့ နှစ်ဘက်တော့ တင်းမာမှု ရှိတာပေါ့ဗျာ။ စိုးရိမ်မှု၊ တင်းမာမှု ရှိတာပေါ့။

မေး။     ။ ဟုတ်ကဲ့၊ လုံခြုံရေးအခြေအနေရော ဘယ်လိုရှိပါသလဲ။ လုံခြုံရေး ချထားတုန်းလား။

ဖြေ။     ။ လုံခြုံရေးကတော့ ကောင်းပါတယ်။ ရဲလုံခြုံရေးတပ်ရင်းက တော်တော်လေး ဖိဖိစီးစီး လုပ်ပေးနေပါတယ်။ ကျနော်တို့ ရဲမှူးချုပ်နဲ့လည်းတွေ့ပြီးတော့ သေချာမေးခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ကတော့ ဒီနေ့ စစ်တွေကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ အဲဒီကနေ ရန်ကုန်ပြန်ရောက်ရင် ကော်မရှင် အစည်းအဝေးလုပ်ပြီး အသေးစိတ်သုံးသပ်ချက်ကို အများပြည်သူကို ထုတ်ပြန် သွားဖို့ရှိပါတယ်။ မောင်းတောမြို့နယ်အတွင်း ပြီးခဲ့တဲ့လက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအချို့က စိုးရိမ်မကင်းကြောင်းနဲ့ ဒီအပေါ် စုံစမ်းမှုတွေလုပ်ဖို့ တောင်းဆိုထားကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်ကလည်း အဲဒီဒေသကို သွားရောက်လေ့လာခဲ့ပြီး စွပ်စွဲချက်တွေ အပေါ်မှာ တိကျတဲ့ အထောက်အထားတွေ မရခဲ့ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

VOA Burmese

Continue reading →

Sunday, November 3, 2013

NGO များ၏ လုပ်ရပ်များကိုစစ်တွေဒေသခံများ ကန့်ကွက်


ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် NGO များ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်ကြသဖြင့် စစ်တွေဒေသခံ ၅၀၀ခန့်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးဝင်းထဲတွင် ကန့်ကွက်ပွဲတစ်ခုကိုယနေ့နေ့လည် ၂နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ညနေပိုင်းတွင် ကုလားများ၏၀ိုင်းဝန်းတိုက်ခိုက်ခံရသော ဒဏ်ရာရသူ ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီးငယ်ကိုကယ်ဆယ်ခြင်းမပြုဘဲ ဆင်တမော်ကျေးရွာတွင် ဆူပူအကြမ်းဖက်၍ ဒဏ်ရာရသူ ကုလားသုံးယောက်ကို အမြန်ဘုတ်ဖြင့်ယူလာပြီး၊ ဆေးရုံတွင်လည်း ကုလားများကိုသာ ဦးစားပေးကုသရန် ဆေးရုံဝန်ထမ်းများအား ဖိအားပေးခဲ့ကြသည်ဟုသိရသည်။

ကုလားအားပေး NGO များသည် ရခိုင်ပြည်နယ်တွင်းပဋိပက္ခများအတွင်း ကုလားများကိုတဘက်သတ်ကူညီနေသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်ဟုသိရသည်။

ယနေ့ ကန့်ကွက်ပွဲကိုလူငါးရာခန့်တက်ရောက်ပြီး သံင်္ဃာတော်တစ်ချို့နှင့် ပြည်သူအချို့တို့က မကျေနပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်ကို အမြန်ဆုံးဖြေရှင်းအရေးယူပေးရန် စုပေါင်းတောင်းဆိုခဲ့ကြပြီး ပိုစတာကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


                                                                                     Coral Arakan News

Continue reading →

မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းမှုတွင် ပြောကြားသည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ငွေကြေးစိုက်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်ဟု ဒီမိုဝေယံ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အမွှမ်းတင်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရနှင့် သမ္မတရုံး ၀န်ကြီးများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဒီမိုဝေယံဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

ငွေကြေးစိုက်ထုတ်ခြင်း ရှိမရှိ စုံစမ်းနိုင်ကြောင်း၊ အကယ်၍ စိုက်ထုတ်ထားခြင်း ရှိသည်ဆိုပါက မိမိအား အရေးယူ ဆောင်ရွက်နိုင်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့်စာတွင် ဖော်ပြထားကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

"ငွေကြေးစိုက်ထုတ်တယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေနဲ့ စိုက်ထုတ်တယ် ထင်မှာပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တို့မှာသာမက ယခုအစိုးရ လက်ထက်အထိပင် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခဲ့ခြင်း မရှိပါဘူး။ သံသယဖြစ်ရင် အစစ်ဆေး ခံနိုင်ပါတယ်" ဟု ဦးဆန်းဆင့်က ပြောကြားသည်။

အဆိုပါ ရေးသားချက်များနှင့် ပတ်သက်၍ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းဖြစ်၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါအကြောင်း အရာကို ဖော်ပြသူမှာ မည်သူဖြစ်ကြောင်း မသိရသေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားသူကို ဖော်ထုတ်ခိုင်းမည်ဖြစ်ကြောင်း၊ ဥပဒေ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောကြားသည်။ 




                                                                            Eleven Media Group


Continue reading →

သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်

 
 
အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သူရိယနေဝန်းဂျာနယ် အနေဖြင့် ခရိုနီ တစ်ဦးချင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ အာဏာရှင်ဝါဒနှင့် ခရိုနီစနစ်ကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေးသားရခြင်းမှာလည်း မီဒီယာတာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း သူရိယနေဝန်း ဂျာနယ်တိုက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ဆိုသည်။
“ခရိုနီတွေကို ဖော်ကောင်လုပ်တိုင်း ပြည်သူတွေဘက် ရပ်တည်တာတော့ မဟုတ်ဘူး။ ၈၈ က ထောက်ခံတာ ထောက်ခံလို့ ရတယ်။ စာနယ်ဇင်းနဲ့ နိုင်ငံရေးဆိုတာ လိုင်းမတူဘူး။ သူထောက်ခံတိုင်းလည်း မှန်တာမဟုတ်ဘူး။ သူမထောက်ခံတိုင်းလည်း မှားတာမဟုတ်ဘူး။ ခုက ဘယ်လို သဘောလဲဆိုတော့ နာမည်ကြီးတဲ့သူကို ဗွက်နဲ့ ပေါက်ရင် ငါလည်း နာမည်ကြီးမှာပဲလို့ ထင်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ စာနယ်ဇင်းဆိုတာ ရဲရဲတင်းတင်း ရေးလို့ရပါတယ်။ ရိုင်းလို့ မရပါဘူး။ ရမ်းကားလို့လည်း မရပါဘူး”
ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးနိုင်မင်းဝေက သူ၏သဘောထားအမြင်ကို ပြောကြားသည်။

သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားက ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအို ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း၊ သူရိအလင်းဂျာနယ်ကို ဆက်လက်ထုတ်ဝေတော့မည် မဟုတ်ကြောင်း ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာအဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။
“သူရိယအလင်းဂျာနယ် ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချတယ်” ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဆိုသည်။

အဆိုပါ သူရိယအလင်းဂျာနယ်ကို ရပ်ဆိုင်းလိုက်ရပြီးနောက် သူရိယနေဝန်း အမည်ဖြစ် ဆက်လက်ထုတ်ဝေမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောသော်လည်း ဝန်ထမ်းများမှာ ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် နစ်နာကြေး တောင်းခံကာ အလုပ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း သူရိယအလင်း အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်က အောက်တိုဘာ ၃၁ ရက်နေ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သော သူရိယအလင်းဂျာနယ်ကို ရှုတ်ချကြောင်း ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်များကို တန်ဖိုးထား ကာကွယ်ရန် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ်လစ် ကွန်ရက်က ယင်းဂျာနယ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် သတင်းမီဒီယာသမားများ လိုက်နာရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများ ပါရှိနေကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ လောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများ ပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာ လောကကို မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမှ လာရောက် ထိန်းချုပ်ခြင်းကို လက်မခံဘဲ မိမိတို့ကိုယ်တိုင် ကြီးကြပ် ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့် ဖော်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများအား ကောင်းလာစေနိုင်ကြောင်း၊ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်း ကျဆင်းလာစေနိုင်ကြောင်း ပါရှိသည်။

                                                                                        The Voice Weekly
 
 
 
Continue reading →

ဝမ်းဗိုက်အဆီလျော့ကျစေရန်

 

ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ စုနေတဲ့အခါ အလှပျက်ရပါတယ်။ အဆီပိုတွေ စုနေတဲ့ ဗိုက်ကြောင့် အ ၀တ်အစား ၀တ်ရင်လည်း ချပ်ချပ်ရပ်ရပ် မရှိတော့ပါဘူး။ အလှလည်းပျက်၊ ကျန်းမာရေးကိုလည်းထိခိုက်စေ တဲ့  ၀မ်းဗိုက်အဆီတွေ လျော့ကျစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ခပ်သွက်သွက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာတို့လို စွမ်းအားမြင့် လေ့ကျင့်ခန်းတွေကို တစ်နေ့ အနည်းဆုံး မိနစ် ၃၀ နဲ့ တစ်ပတ်မှာ လေးရက်ခန့် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေက ကယ်လိုရီ ကို လောင်ကျွမ်းစေရုံသာမက ကြွက်သားထုထည်ကို တည်ဆောက်ပေးနိုင်ပြီး အဆီတွေကို လျော့ပါးစေနိုင် ပါတယ်။


(၂) ယောဂနဲ့ တရားထိုင်တာလို သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်တာကြောင့် အဆီကျစေနိုင်ပါ တယ်။

(၃) သင့်တော်တဲ့ အာဟာရတွေကို ရွေးချယ်ပြီး စားသုံးတဲ့ ကယ်လိုရီတွေကို ရေတွက်ပါ။ အထူးသဖြင့် သဘာဝအစားသောက်အများစုကို စားပေးရင် အဆီတွေကို လောင်ကျွမ်းစေပြီး ကယ်လိုရီ ဆုံးရှုံးမှုမြင့်မား စေပါတယ်။

(၄) ဆား၊ သကြား၊ အဆီများတဲ့ အစာ၊ အချိုစာ၊ ချောကလက်၊ ဆော်ဒါအချိုရည်၊ အဆင်သင့်အစာစတာ တွေနဲ့ ဝေးဝေးမှာနေပါ။

(၅) အစာကို များများစားမည့်အစား အချိန် ၃-၄ နာရီခြားပြီး အစာနည်းနည်းစီစားပေးပါ။

(၆) တစ်နေ့ရေ အနည်းဆုံး ၈-၁၀ ခွက်သောက်ပါ။

(၇) စိတ်ဖိစီးမှုကင်းအောင်နေပါ။ စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အချက်တစ်ခုဖြစ်ပါ တယ်။ စိတ်နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေမယ့် လေ့ကျင့်ခန်းတွေလုပ်ပြီး စိတ်ဖိစီးမှု လျှော့ချပါ။

(၈) အင်တီအောက်ဆီးဒင့်ပါတဲ့ အားဖြည့်ဆေးတွေဟာ ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ် တွေကို ကင်းစင်စေပါတယ်။  

(၉) ညဘက်မှာ အနည်းဆုံး ရှစ်နာရီခန့် အိပ်စက်အနားယူပါ။ အိပ်ရေး၀၀ အိပ်စက်တာဟာ စိတ်ဖိစီးမှု သက်သာစေပြီး စိတ်နဲ့ ခန္ဓာကို လန်းဆန်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတာကြောင့် ခန္ဓာကိုယ် ကနေ ကြီးထွားဟော်မုန်းထွက်ရှိပြီး ခန္ဓာကိုယ်ရဲ့ အနာကျက်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

(၁၀) အမြဲတမ်း ခပ်မတ်မတ်ထိုင်ပါ။ မတ်မတ်ရပ်ပါ။  

                                                                                       ဇွန်
                                                                                       by Good Health


Continue reading →

တစ်ရက်တည်းတွင် မြန်မာ၂ ဦးသတ်ဖြတ်ခံရ



ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ ကွာဝေးသော ခြုံဘူလီမြို့နယ် စာတပာစ်မြို့ရှိ  လူကုန်ကုးအများဆုံးဖြစ်သော စဖန်းပါ လှေဆိပ်အနီးတွင် ယမန်နေ့က လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ သည်။
            စဖန်ပါလှေဆိပ် ဆိုင်အမှတ် ၆၉/၁၇ အရက်နှင့်ခေါက်ဆွဲ ဆိုင်ရှေ့တွင် အသက်၃၅ နှစ်အရွယ်ခန့် အမည်မသိ မွန်အမျိုးသား တစ်ဦး ဓါးဒဏ်ရာဖြင့်သေဆုံးခဲ့သည်။
      နယ်မြေခံရဲများ စစ်ဆေးချက်အရ ကာရာအိုကေ ဆိုင်တစ်ခုမှ မိန်းကလေး တစ်ဦးအား ကမ္ဘောဒီယား ၃ဦးနှင့် မွန်အမျိုးသား၃ဦး တို့ အကြိုက် က်ခြင်း  တူကြရာမှ အရက်ဆိုင်အတွင်း အငြင်ပွား၍ အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြခြင်းဖြစ် သည်။ ကမ္ဘောဒီးယား အုပ်စုက 
သံတုတ်ဖြင့်ရိုက် ဓါးဖြင့်ထိုးပြီး လှေဆိပ်ဘက်သို့ထွက်ပြေးသွား ခဲ့ကြသည်။
သို့ရာတွင် လူသတ်မှုကိုကျူးလွန်သူ အသက် ၂၀ အရွယ် ကမ္ဘေဒီးယား လူမျိုး နိုင်အိဒနာ အား ၂နာရီခန့်
အကြာတွင် ထိုင်းရဲများက ဖမ်းဆီးနိုင်ခဲ့သည်။ သူက ၀န်ခံထွက်ဆိုကြောင်း ယမန်နေ့ထုတ် ထိုင်ရပ်ဖေါ်ပြ ထားသည်။
        တရက်ထဲမှာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ၁၁၀ ကီလို မီတာ တွင်ရှိသော စူဖန်ဘူလီ မြို့နယ်အတွင်းရှိ ဘန့်နောင်စူ ပိုင်းခြားနယ်မြေ အမှတ် () စဖန်လန်ရပ်ကွက်  အူထေါင်းမြို့ ရှိ  ကျဲဝလန် ငါးရံ့မွေးမြူရေကန် အတွင်း ဧရိယာအတွင်းတွင် လူသတ်မှုဖြစ်ပွားခဲ့သည်။
                သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသောအခါ အရက် ပုလင်းးကွဲ သွေးများ သံတုတ် နှင့် သစ်သားအမာ တစ်ချောင်း ရင် ဘတ်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည် နီးစပ်ရာများမှ ထွက်   ဆိုချက်အရ သေဆုံးသွား လူမှာ မြန်မာနိုင်ငံသား မောင်ခင်ဝင်း အသက် ၄၀ နှစ် မောင်ခရေဝင်း အသက် ၄၅ နှစ်သည်  အရက် ထိုင်သောက်နေရာ သို့ ဘင်္ဂါလီ ယောက် ရောက်လာပြီးစကား များကြသည် 
               မြန်မာ ၂ဦးအား အသေသတ်ပြီးနောက်ဘင်္ဂါလီ၅ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြသည်။ တရားခံများအားဖမ်းမိနိုင်ရေးအတွက် သက်ဆိုင်ရာက အပူတပြင်း စုံစမ်းနေကြကြောင်း ယမန်နေ့ထုတ် ထိုင်ရပ်သတင်းတွင် ဖေါ်ပြထားသည်။
                                                                                                ရွှေလုပ်သား




Continue reading →

လူသတ်မှု သံသယဖြင့် ၁၄ နှစ်အရွယ် ကလေးကို ရဲက ညှဉ်းပန်းနှိပ်စက်


ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လူသတ်မှု သံသယဖြင့် အဖမ်းခံရထားရသူ ၁၄ နှစ် နီးပါး အရွယ်ရှိ မောင်စိုးလင်း ဆိုသူ ကလေးတဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သည် အထိ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်သွားသည်ဟု  သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မြောင်းမြမြို့၊  မြရတနာ ရပ်ကွက်၊ န၀ရတ် လမ်းမကြီး ဘေးရှိ အောင်ပန်းဆားစက်ဝင်းအတွင်းတွင် ဆားစက်ဝန်ထမ်း ဖြစ်သူ   ဦးကျော်ဝေ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုနှင့် ပတ်သက်၍ အိမ်နီးချင်းဖြစ်သူ ဦးသိန်းထွန်းနှင့်  သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်စိုးလင်းတို့ကို မြောင်းမြရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် လူသတ်သည် ဟု ၀န်ခံစေရန် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခဲ့ရာ မောင်စိုးလင်း၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်ခဲ့ ကြောင်း၊ ကျန်းမာ ရေး ဆိုးဝါးလျက်ရှိသော မောင်စိုးလင်းသည်  လူသတ်မှု သံသယဖြင့် တရားရုံးတင် စစ်ဆေးမှု ခံနေရဆဲဖြစ် ကြောင်း မောင်စိုးလင်း ၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေကဧရာဝတီကို ပြောသည်။

“ကလေးက လမ်းလုံးဝ မလျှောက်နိုင်ဘူး။ တနေရာရာ သွားမယ် ဆိုရင် ကုန်းပိုးခေါ်ရတယ်။ သူ့ကိုရဲစခန်းက ထုတ်လာ တဲ့နေ့ ကတည်းက လမ်းမလျှောက်နိုင်တော့တာ။  မတ်တပ် မရပ်နိုင်ဘူး။ မတ်တပ်ရပ်ဖို့ လူတွဲရတယ်။ ရပ်နေရင် လည်း တွဲထားမှ လွှတ်လိုက်ရင် ချက်ချင်း လဲကျသွားတာ။ ပြီးတော့ ကလေးက အသက်ရှူမ၀ဘူးပြောတယ်။ အချုပ်ခန်းထဲမှာ ရေထဲကို ခေါင်းနှစ်ပြီး နှိပ်စက်တာတွေ လုပ်တဲ့ နောက်ပိုင်း ကတည်းက အဲဒီလိုဖြစ်နေတာ ပြောတယ်။ ဆီးသွားရင်လည်း သွေးနည်းနည်းပါတယ်”ဟု ဒေါ်ခင်ရွှေက  ဆိုသည်။

ဦးကျော်ဝေ အသတ်ခံရပြီးနောက် နာရီပိုင်းအတွင်းတွင် ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို မြောင်းမြရဲစခန်းက ဖမ်းဆီး ခဲ့ပြီး ရက်အနည်းငယ်အကြာ ဦးသိန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့်  ၄ တန်းကျောင်းသူ သမီးငယ်ကို မြောင်းမြ ရဲစခန်းက  ခေါ်ယူစစ် ဆေးခဲ့ ကြောင်း၊ ရဲစခန်းတွင် ဒေါ်ခင်ရွှေနှင့် သမီးကို ၂ ရက်ကြာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီးမှ ပြန်လွှတ် ပေးခဲ့သည်ဟု သိရှိရသည်။

မြောင်းမြရဲစခန်းက လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားသော ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို ၃ ပတ်ကျော် ကြာသည် အထိ မိသားစု ၊ ဆွေမျိုးများနှင့် လုံးဝတွေ့ခွင့်မပေးဘဲ  ဖမ်းဆီးပြီး ၁ လခန့် ကြာမှသာ မိသားစုနှင့် တွေ့ခွင့်ပြုခဲ့ကြောင်း ဒေါ်ခင်ရွှေက ဆိုသည်။

မြောင်းမြ ရဲစခန်းက ၁၄ နှစ်အရွယ် မောင်စိုးလင်းကို ဖမ်းဆီးစစ်ဆေးရာတွင် အမှုလက်ခံသော ဖိုင်တွဲတွင်  အသက် ၁၆ နှစ်ဟု ရေးဖြည့်၍  မြောင်းမြခရိုင်တရားရုံးတွင်  ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် မောင်စိုးလင်း ပညာသင်ယူနေသည့်
ဘုရားချောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ကိုယ်တိုင် တရားရုံးသို့ လာရောက်ပြီး မောင်စိုးလင်းသည် အသက် ၁၃ နှစ် ၁၀ လ သာရှိကြောင်း ထွက်ဆိုချက်ပေး၍ မောင်စိုးလင်း၏ အသက်မှန် ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းနောက် မောင်စိုးလင်း ၏ အမှုကို  မြောင်းမြမြို့နယ် တရားရုံးမှ အိမ်မဲမြို့ ကလေးသူငယ် တရားရုံးသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်စိုးလင်းကိုလည်း ကလေးသူငယ်တရားရုံးက အာမခံ ပေးခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များက မောင်စိုးလင်းကို စစ်ဆေးရာတွင် မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့် တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲ ၂ လုံးထား၍ အချိန်ကြာ မြင့်စွာ ဒူးထောက်ခိုင်းထားသည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း၊ မြောင်းမြရဲစခန်းအချုပ်တွင် ၁ လကြာ ချုပ်နှောင်ခံခဲ့ရပြီး မြောင်းမြမြို့ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ကျော့ဟန် ကိုယ်တိုင် မောင်စိုးလင်း၏ လက်သည်းခွံ ကို ဆေးလိပ်မီးဖြင့် တို့ခဲ့၍ လက်သည်းခွံကျွတ်ထွက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့်ရင်းနှီးသည့် အရပ်သားတဦးကလည်း မောင်စိုးလင်းကို ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

“သားက ပြောတယ်။ ဦးကျော်ဝေနဲ့သားနဲ့ အခေါ်အပြောလည်းမရှိဘူး။ ခင်လည်းမခင်ဘူး။ သူ့ကိုလည်း သားမသတ်ဘူး ပြောတယ်။ သားက သူ့အိမ်တောင်တခါမှ မရောက်ဖူးဘူးလို့ ပြောတာကိုမရဘူး။ ရောက်ဖူးတယ်ချည်းပဲပြောတယ်။ အဲလိုစစ်တာ သားက မဟုတ်ဘူးလို့ ငြင်းနေတဲ့အခါကျတော့ ၃ ရက်လောက်လည်းကြာရော သားကိုစပြီး
ရိုက်တော့ တာပဲ။ မျက်ခုံးမွှေးတွေကိုလည်း မီးနဲ့ရှို့တယ်။ ဂက်စ်မီးခြစ်နဲ့ မျက်စိကိုကပ်တယ်။ ပါးတွေနားတွေရိုက်တယ်။ နားထဲက သွေးကျအောင်ကို ရိုက်တယ်”ဟု မောင်စိုးလင်းက ဧရာဝတီသို့ ပြောသည်။

မောင်စိုးလင်း၏ ကျန်းမာရေးကို ကုသပေးနေသော  ပုသိမ်မြို့မှ အထွေထွေ ရောဂါကုဆရာဝန်တဦးက “ကလေးက လမ်းမလျှောက်နိုင်တော့တာ အမှန်ပဲ ။ မတ်တပ်ရပ်မယ်ဆို သူ့ခါးရိုး၊ တင်ပါးဆုံရိုးတွေ အရမ်းနာကျင်ပုံရတယ်။ လှုပ်လို့ တော့ ရတယ်။ နာတော့ မရပ်နိုင် မသွားနိုင်ဖြစ်နေတာပေါ့။ သူက မှုခင်းနဲ့ပတ်သတ်နေတော့ အစိုးရဆေးရုံမှာ ဓာတ်မှန် ရိုက်၊ ဆေးစစ်မှုခံယူပြီး ဆေးကုသတာတွေ လုပ်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီသတင်းဌာနက မောင်စိုးလင်းညှဉ်းပန်းနှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ အကြိမ်ကြိမ်  ဆက်သွယ် မေးမြန်းခဲ့သော်လည်း “စခန်းမှူးအပြင်သွားနေသည်”ဟုသာ ပြောဆိုပြီး  တစုံတရာ ဖြေကြားခြင်းမရှိခဲ့ပေ။
မောင်စိုးလင်းကို  အိမ်မဲမြို့နယ်ကလေးသူငယ်တရားရုံးတွင် အောက်တိုဘာ ၃၁ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖခင်ဖြစ်သူ ဦးသိန်းထွန်းကိုမူ မြောင်းမြခရိုင်တရားရုံး၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု  သိရသည်။

ပုသိမ်မြို့မှ ဥပဒေအတိုင်ပင်ခံ ဦးအောင်သူရက “အပြစ်ထင်ရှားရှိရင်တောင် ကလေးတယောက်ကို ဖမ်းမယ်ဆိုရင် ရဲအနေနဲ့ လက်ထိပ်ခတ် ပိုင်ခွင့် မရှိဘူး၊ အချုပ်ထဲမှာ ထည့်ထားလို့လည်း မရဘူး။ ရဲတပ်ကြပ်လို အဆင့်မျိုး အိမ်မှာ ထားရမှာ။  နှိပ်စက်တာတို့ ဘာတို့ကတော့ ဥပဒေမရှိ မင်းမဲ့စရိုက် လူမိုက်ဆန်ဆန်လုပ်ရပ်တွေပဲ။ အခုကိစ္စက သံသယ ရှိခံရတဲ့ကလေးက   ကျန်းကျန်းမာမာ အဖမ်းခံရပြီးတော့ ကျန်းမာရေးထိခိုက်သွားတာဆိုတော့  သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တွေမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက  ဥပဒေ အရ ရဲတပ်ဖွဲ့ဝင်များသည် တရားခံဟု သံသယ ရှိခံရသူ များကို ညှဉ်းပန်း နှိပ်စက်ခွင့်မရှိကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပါက ညှဉ်းပန်းနှိပ်စက်သည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် အမှု ဖွင့်နိုင် ကြောင်း၊ မောင်စိုးလင်းအမှုနှင့်ပတ်သက်ပြီး မိဘအုပ်ထိန်းသူများဘက်က  မိမိထံ တိုင်ကြားလာပါက စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးမည်ဟု ဧရာဝတီသို့ ပြောသည်။

                                                                                                       ဧရာဝတီ


Continue reading →

လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့ က တိုက်ခိုက်ရေး ယာဉ် နှင့် လက်နက်များ ရုရှား နှင့် တရုတ်ထံမှ ဝယ်မည်

 

လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့အ နေဖြင့် တိုက်ခိုက်ရေး ယာဉ် နှင့် လက်နက်များကို ရုရှား နှင့် တရုတ် တို့ ထံမှ ထပ်မံ ဝယ်ယူ သွားရန် စီ စဉ် ထားကြောင်း ပြည်ထဲရေး ဝန် ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ သို့ ထုတ်ဖော် ပြော သည်။

ယင်းကဲ့သို့ ဝယ်ယူရာ တွင် နိုင်ငံတော် ဘတ်ဂျက်မှ ဝယ်ယူသွား မည်ဖြစ်ပြီး ယင်းရဲတပ်ဖွဲ့ နှစ်ခု အ တွက် လိုအပ်သည့် ရေယာဉ်များ၊ လက်နက် ခဲယမ်းများ၊ နည်းပညာ မြင့် လုံခြုံရေးသုံး စက်ပစ္စည်း များ နှင့် အခြား လိုအပ်သည့် ပစ္စည်း ကိရိယာ များကို ယခုနှစ် အတွင်း ဝယ်ယူ နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ''နိုင်ငံတော် လုံခြုံရေး အတွက် အ ဓိက ဝယ်ယူ တာပါ။ နှစ်ဖက် ဆွေး နွေးမှုတွေ လုပ်နေတယ်။ လိုအပ် တဲ့ တိုက်ခိုက်ရေး၊ ကာကွယ်ရေး မှာ ထိရောက်တဲ့၊ နည်းပညာ မြင့် တဲ့ပစ္စည်းတွေ ကိုပဲ ဝယ်ယူမှာ ပါ။ ဘယ်လောက် တန်ဖိုး ဝယ်မလဲ ဆို တာတော့ စိစစ် တုန်းပဲ'' ဟု ပြော သည်။ ယင်းကဲ့သို့ ရေကြောင်း၊ လေကြောင်း ရဲတပ်ဖွဲ့ သည် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အသစ် ထပ်မံဖွဲ့ လိုက်သော အဖွဲ့ အစည်း များဖြစ်ပြီး ယင်း ဌာနများ ရှိ အဆင့် မြင့် အရာရှိကြီး အတော် များများ သည် တပ်မှ ပြောင်းလာ သူများ ဖြစ်ကြောင်း သိရသည်။

                                                                                       Yangon Media Group


Continue reading →

iPhone 5S တွင် ဘက်ထရီ ချို့ယွင်းချက် ရှိကြောင်း Apple ၀န်ခံ


 
 
Apple ကုမ္ပဏီ က ၎င်းတို့၏ အသစ်ထုတ် iPhone 5S အချို့တို့တွင် ဘက်ထရီ ချွတ်ယွင်းချက် ရှိနေကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။ အလွန် နည်းပါးသော ဖုန်း ဟန်းဆက် အချို့တို့တွင် ဘက်ထရီ သည် သာမန် ထက် မြန်ဆန် စွာ အားနည်း ယုတ်လျော့ သွားကြောင်း Apple က ပြောကြား ခဲ့ပြီး ယင်းသည် ထုတ်လုပ်မှု အပိုင်း တွင် ချွတ်ယွင်းမှု အချို့ ပါရှိသွား ၍ ဟုလည်း ရှင်းလင်း ခဲ့သည်။ Apple က ယခု ပြဿနာ ကြုံခဲ့ ရသည့် အခြေအနေ တွင် ဖုန်း အသစ် တစ်လုံး လဲပေး သွားမည်ဟု လည်း ဆိုသည်။ အစောပိုင်း ကတည်း က iPhone 5S ၏ ဘက်ထရီ သက်တမ်း တိုတောင်း ကြောင်း ဝေဖန်မှု အချို့ ထွက်ပေါ် ခဲ့သော် လည်း Apple က အမျိုးမျိုးသော တုံ့ပြန်မှု များ ကို သေချာ ခိုင်မာ အောင် စီစစ် နေခဲ့ သည်။

ယခုအခါ အမေရိကန် နည်းပညာ လုပ်ငန်းစု ကြီး က iPhone 5S ၏ အချို့သော ဟန်းဆက် များ တွင် ဘက်ထရီ ပြဿနာ ရှိနေပြီဟု အတည်ပြု ကြေညာ ခဲ့သည်။ Appleက iPhone 5S ၏ ဘက်ထရီ သက်တမ်းသည် တစ်ကြိမ် အားသွင်းပြီး လျှင် စကားပြော ချိန် ( ၁၀ )နာရီ ကြာရှည် မည်ဟု ပြောကြား ထားသော်လည်း ခဏ တာ အချိန်မျှ နှင့် အားကုန် သွားသဖြင့် အရှက် ရစရာ ဖြစ်ခဲ့ကြောင်း လက်တွေ့ ကြုံရသူ များ က ဝေဖန် ခဲ့သည်။ Apple သည် ( ၂၀၀၆ ) ခုနှစ် ကလည်း ၎င်းတို့ ထုတ်လုပ်သည့် Laptop များတွင် ဘက်ထရီ ချွတ်ယွင်း ချက် ရှိနေ သဖြင့် ပြန်လည် သိမ်းဆည်း ပြင်ဆင် ပေးရဖူးသည်။

Apple၏ ပြောရေး ဆိုခွင့်ရ အမျိုးသမီး သီရေဆာ ဘရီဝါက "ကျွန်မ တို့ အနေနဲ့ မကြာသေးခင်က အရမ်း နည်းပါး တဲ့ iPhone 5S တွေမှာ ဘက်ထရီ ချွတ်ယွင်းချက် ရှိနေတာ ကို တွေ့ရှိ ခဲ့ပါတယ်။ ဘက်ထရီ က တစ်ကြိမ် အားသွင်းပြီး သက်တမ်း တိုတိုပဲ အသုံးပြု နိုင်တဲ့ ပြဿနာ မျိုးပါ။ ဒီအတွက် ပြဿနာ ကြုံရတဲ့ ဖောက်သည် တိုင်းကို ကျွန်တော် တို့ ဖုန်း အသစ်တွေ အစားထိုး လဲလှယ် ပေးသွား မှာပါ" ဟု ပြောကြား ခဲ့သည်။ Apple သည် iPhone 5S ကို သိုလှောင်မှု စွမ်းရည် ကွဲပြားချက် အလိုက် ပေါင်စတာလင် ( ၅၄၉ ) နှင့် ( ၇၀၉ ) ကြား ဈေးနှုန်း သတ်မှတ် ရောင်းချ လျှက် ရှိသည်။

                                                                            Planet Myanmar Network
 
 
 
Continue reading →

အဝေးကွင်း ရှုံးပွဲ (၂)ပွဲရှိခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအပေါ် နည်းပြ၏ သုံးသပ်ချက်


မနေ့ညက ပရီးမီးယားလိဂ် ဗွေဆော်ဦး ပွဲစဉ်ဖြစ်သည့် နယူးကာဆယ် အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင် နယူးကာဆယ်မှ ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူ အဆုံးဖြတ် အနိုင်ဂိုးသွင်းခဲ့တဲ့ ရီမီ (Loic Remy) က သူ့ရဲ့  ပရီးမီးယားလိဂ် (၆) လုံးမြောက်ဂိုးအဖြစ်ရယူသွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပထမပွဲစဉ်ကစားရတာမို့ နိုင်ခဲ့ရင် ဇယားထိပ်ကို တက်လှမ်းနိုင်ပေမည့်လည်း ဒုတိယပိုင်းခြေစွမ်းမပြနိုင်မှုနဲ့အတူ မော်ရင်ညို၏ ချယ်ဆီးအသင်းသားများဟာ အိမ်ရှင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီး အဖိုးတန်အနိုင် (၃) မှတ်ကို လက်လွတ်ခဲ့ရပါတယ်။

ယနေ့ပွဲစဉ် အရှုံးသည် မော်ရင်ဟို၏ လက်ရှိ ပရီးမီးယားလိဂ် ရာသီ၏ အဝေးကွင်းပွဲစဉ် (၂) ပွဲရှုံးခဲ့ရမှု ဖြစ်ခဲ့ပါတယ်။ ထို့အပြင် အဝေးကွင်းပွဲ (၅) ပွဲကန်အပြီးမှာ ရမှတ် (၅)မှတ်သာ ရရှိနေခြင်းက ချယ်ဆီးအတွက် ရှေ့ ဆက်အဝေးကွင်းပွဲစဉ်များအတွက်စိုးရိမ်စရာ အနေအထားတစ်ခု ဖြစ်လာခဲ့သလို မော်ရင်ညိုမှလည်း ပွဲအပြီးတွင်အောက်ပါ မှတ်ချက်များပေးသွားပါသေးတယ်။ "သေချာတာပေါ့ ကျွန်တော်အခု ပူပင်သောကတွေဖြစ်နေရပြီ။ ပြီးခဲ့တဲ့ နှစ်ကရလဒ်တွေကို ပြန်ကြည့်မိတဲ့အခါ ယခုအဝေးကွင်းရလဒ်တွေက အဲ့ဒီအတိုင်းဖြစ်နေတာတွေကို တွေ့နေရတယ်။ ပြီးခဲ့တဲ့ နှစ်များမှာ ချယ်လ်ဆီးအသင်းက Cup ပြိုင်ပွဲတွေမှာ အောင်မြင်တွေရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာတော့ အောင်မြင်မှု မရခဲ့ကြဘူး။ ရာသီအကုန်မှာ ချန်ပီယံအသင်းနဲ့ အမှတ် (၂၀)၊ (၁၅) မှတ်လောက် ပြတ်ကျန်ခဲ့တယ်။ တခါကလည်း သူတို့ဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၅) (၆) နဲ့ရပ်တည်ခဲ့သော်လည်း ထိုနှစ်က ချန်ပီလံလိဂ်မှာဖလားရခဲ့အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့တယ်။ အရင်နှစ် ဒီဇင်ဘာလကာလတွေမှာ သူတို့တွေက ဖလားလမ်းကြောင်းကို ပြိုင်ဘက်အသင်းထက်၂၀ မှတ်လောက် ပြတ်ပြီးကျန်ခဲ့တယ်။ ယခုလက်ရှိရာသီမှာလည်း အဝေးကွင်း (၅) ပွဲကစားခဲ့ပြီးပြီ၊ အဝေးကွင်းပွဲစဉ်တွေဟာ ခက်ခက်ခဲခဲကစားရတဲ့ ပွဲစဉ်တွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဝေးကွင်း နိုင်ပွဲတစ်ပွဲ နှင့် ရှုးံပွဲ နှစ်ပွဲဖြစ်နေတာက ကျွန်တော့်အတွက် စိုး၇ိမ်ပူပန်စရာတွေ ဖြစ်လာနေခဲ့ရပြီ " ဟုမော်ရင်ဟိုက ပွဲအပြီးပြောကြား ခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော် အမှား ၁၁ ချက်လုပ်မိတယ်။ အမှား ၁၁ ချက်က ကျွန်တောာ် ကျန်တဲ့ ၁၁ ယောက်ကို သူတို့နေရာမှာ အစားထိုးကန်သင့်ခဲ့တယ်။ ဒီအမှား ၁၁ ချက်ကြောင့် ကျွန်တော့်မှာ ယခုလိုခံစားချက်တွေဖြစ်လာရတယ်။ ပုံကြီးချဲ့ပြောရရင် ဒီ ၁၁ ယောက်ကို ပွဲထွက်အဖြစ်ရွေးချယ်ခဲ့မိတာစိတ်မကောင်း ဖြစ်ရတယ် ဆိုပြီးလည်း မနေ့က နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ကြတဲ့ အသင်းသားတွေကို မော်ရင်ညိုက ပြစ်တင်သည့်အနေဖြင့် သုံးသပ်ပြောကြားခဲ့ကြောင်းကို ယူရိုစပေါ့ သတင်းဝက်ဆိုက်တွင်ဖော်ပြထားသည်ကို တွေ့ရပါတယ်။

ဒီနေ့ပွဲအကောင်းဆုံးကစားသမားအဖြစ် အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့  ရီမီ (Loic Remy) က ရရှိခဲ့ပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး (၆) ပွဲမှာ ဂိုး (၆) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်လာပါတယ်။ ယခုပရီးမီးယားလိဂ် ပွဲစဉ်၇လဒ်အရ ချယ်ဆီးအသင်းသည် ဇယားဒုတိယနေရာမှာရပ်တည်မြဲ ဖြစ်သော်လည်း အာဆင်နယ်အသင်းနဲ့ ၅ မှတ်ကွာ အနေအထားဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ ရမှတ် (၁၄) မှတ်ဖြင့်အဆင့် (၉)နေရာကို အသီးသီးရပ်တည်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ချယ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်များကို ကစားရန်လည်းရှိနေပါတယ် နောက်ပွဲစဉ်များမှာ အဝေးကွင်းရလဒ်ဆိုးတွေကို ချယ်ဆီးလ်အသင်း ချေဖျက်နိုင်မလားဆိုတာကို စောင့်ကြည့်မျှော်လင့်ရင်း နည်းပြ၏ သုံးသပ်ဝေဖန်မှုတစ်ခုကို ရေးသားဖော်ပြလိုက်ပါတယ်။
 
                                                                                     Written by မိုးတိမ် (တမာမြေ) 
                                                                                      football cafe



Continue reading →

မန်ချက်စတာ တစ်မြို့လုံးသာယာပြီး လန်ဒန်မြို့ တစ်ခြမ်းမှုန်မှိုင်းသွားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)


 
 
စနေ့ညပွဲတွေမှာ ချဲလ်ဆီးအသင်း ရှုံးပွဲကြုံခဲ့ပေမယ့် မန်ချက်စတာ (၂)သင်းစလုံး ရလဒ်ကောင်းခဲ့ပြီးပွဲကြပ်ကစားခဲ့ရတဲ့ အာဆင်နယ်ကလည်း လီဗာပူးကို (၂)ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ (၅)မှတ်ဖြတ်ပြီး ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ကစားခဲ့ရတဲ့ မန်ယူဟာ ပွဲချိန်(၉)မိနစ်မှာပဲ ဗလင်စီယာကြောင့် အဖွင့်ဂိုး စရသွားခဲ့ပြီး ပွဲချိန်မိနစ်(၂၀)မှာ ဂျာနူဇက်ရဲ့ ပေးပို့မှုကတစ်ဆင့်ဗန်ပါစီနဲ့ (၂၂)မိနစ်မှာ ဗန်ပါစီရဲ့ ဖန်တီးမှုကတစ်ဆင့် ရွန်နီတို့က အနိုင်ဂိုးတွေ ထပ်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာလည်း အိမ်ကွင်းမှာ နောဝစ်ခ်ျကို (၇)ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၆)မိနစ်မှာပဲ ဂျွန်ဆင်က ကိုယ့်ဂိုးကိုယ် သွင်းယူမိပြီး မိနစ်(၂၀)မှာ ဆေးလ်ဗား၊ (၂၅)မိနစ်မှာ နက်စတာဆစ်၊ (၃၆)မိနစ်မှာ နီဂရီဒိုတို့က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် (၄)ဂိုးပြတ် အနိုင်ရနေခဲ့သလို ဒုတိယပိုင်းမှာ ယာယာတိုရေး၊ အဂူရို၊ ဒီဇီကိုတို့က ဂိုးတွေထပ်သွင်းခဲ့ပြန်တာကြောင့် (၇)ဂိုးပြတ် အနိုင်ရခဲ့တာပါ။

နိုဝင်ဘာလမှာ ရမှတ်တွေ လျော့နည်းလေ့ရှိတဲ့ အာဆင်နယ်ကတော့ လီဗာပူးနဲ့ ကစားရတဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်း အသာရခဲ့ရုံသာမက ပွဲချိန်(၁၉)မိနစ်မှာ ကာဇိုလာက အဖွင့်ဂိုးစသွင်းပေးနိုင်ခဲ့တာကြောင့် ဖိအားလျော့သွားခဲ့ပြီး (၂)ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။ ဆက်ဂညာရဲ့ဖြတ်တင်ဘောကို ကာဇိုလာ ခေါင်းတိုက်ရာမှာ တိုင်ထိပြီး ပြန်ထွက်လာခဲ့ပေမယ့်ကာဇိုလာက ပြန်ပိတ်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ အဖွင့်ဂိုးစရခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန်(၅၉)မိနစ်မှာ ရမ်ဆေးက အိုဇဲလ်ရဲ့ ဖန်တီးမှုကတစ်ဆင့် (၂၅)ကိုက်အကွာ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရလဒ်များနှင့် ထူးခြားမှတ်တမ်း

နယူးကာဆယ် 2 - 0 ချဲလ်ဆီး

ဖူလ်ဟမ် 1 - 3 မန်ယူ

ဟူးလ်စီးတီး 1 - 0 ဆန်းဒါးလန်း

မန်စီးတီး 7 - 0 နောဝစ်ခ်ျ

စတုတ်စီးတီး 1 - 1 ဆောက်သမ်တန်

ဝက်စ်ဘရွန်း 2 - 0 ခရစ္စတယ်ပဲလေ့စ်

ဝက်စ်ဟမ်း 0 - 0 ဗီလာ

အာဆင်နယ် 2 - 0 လီဗာပူး

**ဟော်လန်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ဟက်ဆယ်ဘိန့်ရဲ့ (၁၂၇)ဂိုး စံချိန်ကို ဖူလ်ဟမ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဗန်ပါစီက (၁၂ဂ)ဂိုးဖြင့် ချိုးဖျက်နိုင်ခဲ့။

**ဟူးလ်စီးတီးနဲ့ ပွဲမှာ ကိုယ့်ဂိုးကိုယ့် သွင်းမိခဲ့ပြန်တဲ့ ဆန်းဒါးလန်းဟာ ဒီရာသီတွင် ကိုယ့်ဂိုးကိုယ် သွင်းယူမှု (၃)ကြိမ်ရှိခဲ့ပြီး ကျန်ပရီးမီယားလိဂ် အသင်း(၁၉)သင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ တူညီနေ။

**နောဝစ်ခ်ျနဲ့ပွဲရဲ့ ပွဲထွက်စာရင်းမှာ ချန်လှပ်ခံရတဲ့ မန်စီးတီးဂိုးသမား ဂျိုးဟတ်မှာ (၁၂၇)ပွဲဆက် ပွဲထွက်ကစားရတဲ့ စံချိန်ရပ်တန့်သွားခဲ့။

** မန်စီးတီးဟာ (၁၉၆၈)ခုနှစ် ဒီဇင်ဘာလမှာ ဘန်လေကို (၇)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် (၇)ဂိုးပြတ် နိုင်ပွဲပြန်ရခြင်းဖြစ်လာခဲ့။

**ဆောက်သမ်တန်ဘက်ကို ပွဲချိန်(၁၂)စက္ကန့်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ်စီးတီး ဂိုးသမား ဘီဂိုဗစ်ဟာ (ရှမိုက်ကယ်၊ ဟောင်းဝပ်၊ ဖရီဒယ်၊ ရော်ဘင်ဆင်တို့ပြီးနောက်) ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းဖူးတဲ့ (၅)ဦးမြောက် ဂိုးသမားဖြစ်လာ။

** အာဆင်နယ်ဟာ ဒီရာသီမှာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေ။

                                                                                       ဇော်ထွန်း(ရိုးရာလေး)
 
 
 
Continue reading →

တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်

 အမေရိကန်မောင်းသူမဲ့ ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud, (ဝဲ)

အမေရိကန်မောင်းသူမဲ့ ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud, (ဝဲ)
အမေရိကန်မောင်းသူမဲ့ ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud, (ဝဲ)


ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သေဆုံးခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ အမေရိကန်သံအမတ်ကြီးကို ပါကစ္စတန်က ဆင့်ခေါ်ထားပါတယ်။

ဆယ်စုနှစ်နဲ့ချီ ရှိနေပြီဖြစ်တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေအောင် ပါကစ္စတန်အစိုးရရဲ့ အားထုတ်မှုတွေကို Drone ယာဉ်နဲ့ တိုက်ခိုက်မှုက ဖျက်ဆီးပစ်လိုက်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Chaudhry Nisar Ali Khan ကစနေနေ့က ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရဘက်က လက်တုံ့ပြန်ဆောင်ရွက်မှုတချို့ လုပ်ခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Khan က ပြောပေမဲ့ အဲဒီ ဆောင်ရွက်ချက်တွေထဲမှာ အာဖဂန်နစ္စတန်ထဲက အမေရိကန် ဦးဆောင်တဲ့တပ်တွေအတွက် ထောက်ပို့ရေးယာဉ်တွေ ပါကစ္စတန်ကနေ
ဖြတ်သန်းခွင့် ပိတ်တာ ပါ မပါဆိုတာကိုတော့ သူက မပြောပါဘူး။

Khyber-Pakhtunkhwa ပြည်နယ်ကို ဖြတ်သွားပြီး အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ဆီသွားတဲ့ NATO တပ်ဖွဲ့ ထောက်ပို့ရေးလမ်းကြောင်းကို ပိတ်ပစ်မယ်လို့ Cricket ကစားသမားကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ Imran Khan ကလည်း အစောပိုင်းတုန်းက ပြောပါတယ်။

Khan ရဲ့နိုင်ငံရေးပါတီအုပ်ချုပ်တဲ့ အဲဒီပြည်နယ်ဟာ နေတိုးတပ်တွေရဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အာဖဂန်နစ္စတန်နိုင်ငံထဲ အပို့အယူလုပ်ဖို့ အဓိက အသုံးပြုလမ်းကြောင်းဖြစ်ပါတယ်။

မြောက် Waziristan မှာရှိတဲ့ Mehsud ရဲ့နေအိမ်ဝန်းအပေါ် သောကြာနေ့က Drone missile ဒုံး ထိမှန်ချိန်မှာ သူနဲ့ဆွေးနွေးဖို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားနေချိန်ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Khan က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Mehsud သေဆုံးသွားတယ်ဆိုတာကို ပါကက်စတန်တာဝန်ရှိသူတွေရော အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

                                                                                                   VOA Burmese


Continue reading →

Saturday, November 2, 2013

အပစ်ခတ်ရပ်စဲရေးမူ ၉ ချက်ကို တိုင်းရင်းသားလက်နက်အဖွဲ့ ၁၇ ဖွဲ့ သဘောတူ

 

ကေအိုင်အေဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ ညီလာခံ မှာ တက်ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက် ၉ ချက်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ လိုက်ကြပါတယ်။

ဒါပေမယ့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘူးလို့ အာစီအက်စ်အက်စ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက RFA ကို ပြောပါတယ်။

သဘောတူညီချက်ထဲမှာ တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တစ်ဦးစီပါဝင်တဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီ တရပ်ဖွဲ့ဖို့ လည်း ပါဝင်ပါတယ်လို့ သိရပါတယ်။ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အဆိုအရ နိုင်ငံရေးဆွေးနွေးပွဲပြီးမှ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်မယ်လို့ သဘောထားပါရှိကြောင်း သိရပါတယ်။

ဒါပေမယ့် သဘောတူညီချက် ၉ ချက်မှာ တိတိကျကျ ဘယ်အချက်တွေ ပါတယ်ဆို တာကို အခုထိ တိုင်းရင်းသားအဖွဲ့တွေက တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသလို နိုင်ငံရေး ဦးဆောင် ကော်မတီမှာ ဘယ်သူတွေပါဝင်မယ်ဆိုတာလည်း အခုထိ အသေးစိတ် ထုတ်ပြန် ပြောကြားခြင်းမရှိသေးပါဘူး။

အဲဒီကော်မတီဟာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ဆွေးနွေးတဲ့အခါ အားလုံးကို ကိုယ်စားပြု ဆွေးနွေးရမယ့် ကော်မတီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီညီလာခံအပြီး နောက်ဆက်တွဲအနေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နဲ့တိုင်းရင်း သား ခေါင်းဆောင်တွေဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။


                                                                                     RFA Burmese


Continue reading →

 

Comment Box

Followers