မကွေးမြို့ မှာ သီချင်းဆိုရင်း စာသားမေ့ သွားသူ ဟိန်းဝေယံ

မကွေးမြို့ မှာ သီချင်းဆိုရင်း စာသားမေ့ သွားသူ ဟိန်းဝေယံဟိန်းဝေယံက ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ “မူရင်းနဲ့မိတ္တူ” ဇာတ်ကားမှာ စိုးမြတ်နန္ဒာ၊ စံရတီမိုးမြင့်၊ ဆုပန်ထွာတို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။
နိုဝင်ဘာလ ၆ရက်၊ ၇ရက် နေ့မကွေးမှာ ရှိုးဆိုပြီး ပြန်လာခဲ့တဲ့ ဟိန်းဝေယံက မကွေးပရိသတ်တွေ နဲ့လည်း အမှတ်တရ တွေနဲ့ပတ်သက်ပြီး”အဲဒီပွဲလေးက တအားပျော်ဖို့ကောင်း ပါတယ်။ ရုံမှာဆိုလည်း အပြည့်ပဲအားပေးကြတယ်။ ဘာပဲပြောပြော ကျွန်တော်က ကိုယ်နားတဲ့ အချိန်လေးမှာ တိုက်ရိုက်ထိတွေ့ချင်တာလည်း ပါတာကြောင့် သွားဖြစ်ခဲ့တာ၊ အဲဒီလို တအားအားပေး ကြတဲ့အတွက် ဝမ်းသာပါတယ်။ သီချင်းဆိုနေရင်းနဲ့ စာသားမေ့သွားတာ တွေလည်းရှိတယ်” လို့ပြောတဲ့ ဟိန်းဝေယံက သရုပ်ဆောင် လုပ်ရတာနဲ့ သီချင်းဆိုရတာက နှစ်ခုစလုံးခက်ခဲ ကြောင်း ပြောပါတယ်။
“နှစ်ခုစလုံးက မလွယ်ပါဘူး။ ကျွန်တော့် အတွက်ကတော့ သီချင်းဆိုတာ နည်းနည်းပိုပြီး စိတ်ပင်ပန်းချင်တယ်။ အမှန်အတိုင်းပြောရရင် သီချင်းဆိုတာ ဝါသနာပါတယ်။ ရှိုးတွေဆိုတဲ့အခါမှာ စိုးရိမ်စိတ်ရှိတယ်။ ဒါပေမဲ့ ပျော်ပါတယ်။ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အတွက်ပျော် ပါတယ်” လို့ပြောပါတယ်။ မကြာခင်မှာလည်း အကယ်ဒမီပေးပွဲ ကျင်းပတော့မှာဖြစ်တဲ့ အတွက် အကယ်ဒမီ ရင်ခုန်သံကို မေးကြည့်တော့ “ဒီနှစ်အကယ်ဒမီဆုရမှာ ကျွန်တော် ကြားတဲ့သူက မေသဉ္ဇာဦး၊ ချစ်စနိုးဦး၊ သက်မွန်မြင့်တို့ဖြစ်တယ်။ ရန်ကုန်မှာကျတော့ လမ်းပန်း ဆက်သွယ်ရေး အနေနဲ့ အဆင်ပြေသွားတယ်။ အချိန်အားဖြင့် လည်း အများ ကြီးသက်သာသွားတယ်” လို့ ပြောတဲ့ ဟိန်းဝေယံ ကို အကယ်ဒမီဆုနဲ့ ပရိသတ်တွေ ဘယ်တော့လောက် မြင်တွေ့ရမလဲဆိုတာကို မေးတော့ “အကယ်ဒမီ ရတယ်၊ မရဘူးဆိုတာက ကြိုးစားမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ရိုက်ထားတဲ့ ကားတွေကိုလည်း အစွမ်းကုန် ကြိုးစားထား ပါတယ်”လို့ ပြောပါတယ်။
တွယ်တာ
popular myanmar

Related Article:

0 ထင်မြင်ချက်ပေးရန်:

Post a Comment


 

Comment Box

Followers

မြန်မာ့ဗွီဒီယိုဇာတ်ကားကြည့်ရန်


FREE RINGTONE
FREE RINGTONE
FREE RINGTONE
FREE RINGTONE
FREE RINGTONE
Photobucket
Copyright 2010 မြန်မာနေ့စဉ်သတင်း. All rights reserved.
Contact Photobucket