Sunday, January 27, 2013

ယာဉ်တိုက်မှုအား တစ်ဖက်သတ်အမှုသိမ်းခြင်း


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မအူကြီးကျေးရွာမှ
ဦးမောင်နိုင် အသက် (35)နှစ်
သည် 24.12.2012 နေ့က ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ တောင်ဘက်အထွက်ဂိတ်အနီးတွင် ပလောင်ကျေးရွာမှ အမည်မသိ လူတစ်ဦး မောင်နှင်လာသော ဆိုင်ကယ်သည် ဦးမောင်နိုင် နှင့် နောက်ပါစီးနင်းလိုက်ပါသူ ဦးသိန်ညွန့် တို့၏ ဆိုင်ကယ်အား ဖြတ်အတိုက်ခံခဲ့ရပါသည်။

အတိုက်ခံရသူ ဦးမောင်နိုင်မှာ အတိုက်ခံရပြီး မုံရွာပြည်သူ့ဆေးရုံကြီးသို့တတ်ရောက်ခဲ့ပါသည်။ မုံရွာဆေးရုံကြီးမှ မန္တလေးဆေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ကုသခဲ့ပါသည်။ သို့ပေမယ့်ဦးမောင်နိုင် အသက် (35)နှစ်မှာ 25.12.2012 ရက်နေ့ည ၁၂ နာရီ အချိန်တွင် မန္တလေး ဆေးရုံမှာပင် သေဆုံးခဲ့ပါသည်။

ဦးမောင်နိုင် ယာဉ်အတိုက်ခံရသဖြင့်သေဆုံးကြောင်းကို ညောင်ပင်ကြီးရဲစခန်းမှ
စခန်းမှုးဦးရွှေမိုးထံ သတင်းပို့အမှုဖွင့်ခဲ့ပါသည်။

သိုသော် တစုံတရာအရေးယူဆောင်ရွက်ခြင်းမရှိပါဘဲ အမှုပိတ်လိုက်ပြီဖြစ်ကြောင်းအကြောင်းကြားလာပါသဖြင့် တရားမျှတခြင်းမရှိပါ၍ အထက်လူကြီမင်းများသိအောင်တင်ပြအပ်ပါသည်။

ယာဉ်တိုက်မှုဖြင့်လူသေခဲ့သော
အမှုကို ပိတ်ခဲ့သော ညောင်ပင်ကြီးစခန်းမှုးဦးရွှေမိုးအားလည်း အရေးယူဆောင်ရွက်စေလိုပါသည်။ ဘယ်အတွက်ကြောင့် အမှုပိတ်ခဲ့သည်ကို ဖြေရှင်းပေးစေလိုပါသည်။

တာဝန်ရှိ လူကြီးမင်းများခင်ဗျား
ယခုတင်ပြအပ်သောသတင်းကို
ပြန်လည်စစ်ဆေးပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်းပါခင်ဗျား။
Messages မှပေးပို့လာသောသတင်းဖြစ်ပါသည်။
 
 
ThanLarWaddy Times

0 Comment Box:

Post a Comment


 

Comment Box

Followers