Tuesday, February 5, 2013

"ပဖဘဗမ" အယ်လ်ဘမ်ကို ရတနာမိုင် ကပြန်ဝယ်တော့မည်

        
  ရတနာမိုင်ရဲ့ ပဖဘဗမ အယ်လ်ဘမ် ထွက်လာချိန်မှာ အယ်လ်ဘမ်ရဲ့ဖြန့်ချီရေးပိုင်းဆိုင်ရာအားနည်းမှုကို ကာယာကံရှင် တေးသံရှင်က ဝေဖန်စကားအနည်းငယ်ပြောခဲ့ဖူးပါတယ်။ သူ့အယ်လ်ဘမ်ဟာ ပရိတ်သက် စိတ်ဝင်စားမှုကို ရထားပါလျက်နဲ့ ထင်သလောက် မဖြစ်နိုင်ခဲ့တာကို ရတနာမိုင်က လုံးဝအားမရခဲ့ပါဘူး။ ဒါကြောင့်ပဲ ပဖဘဗမ ကိုဗွီစီဒီ ရိုက်ဖြစ်သည် ဖြစ်စေ မရိုက်ဖြစ်သည် ဖြစ်စေ ပရိုဂျူဆာဆီက ပြန်ဝယ်ဖို့ရာ ရတနာမိုင်ဆုံးဖြတ်လိုက်ပါပြီ။ ပြန်ဝယ်ဖြစ်ခဲ့ရင် မေလ လောက်ဆီအရောက်မှာ ဗွီစီဒီကြည့်ရဖို့များပါတယ်လို့ လည်းရတနာမိုင်က ထုတ်ဖေါ်ပြောကြားသွားခဲ့ပါတယ်။
          တတိယအယ်လ်ဘမ်မှာတော့ မိုင်လေးဟာ သူ့အမေ "မိုင်"ရဲ့ "လွမ်းပို" ကိုပြန်ဆိုဖို့ရှိနေပြန်တယ် ဆိုပဲ။ဒီသီချင်းကို ရတနာမိုင်ရွေးချယ်ထားရတဲ့အကြောင်းအရင်းက အမေရဲ့အမွေကို ဆက်ခံထားတယ်ဆိုတာ အမှတ်တရဖြစ်စေချင်တဲ့အတွက်ဖြစ်ပါတယ်။လတ်တလောမှာတော့ မိုင်လေးဟာ သူ့အမေနဲ့လက်တွဲပြီး ဖျော်ဖြေရေး (Entertainment)လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတယ်လို့လည်းသိရပါတယ်။သူမ တို့ရဲ့ Entertainment ကနေ ပထမဆုံးချပြဖို့ရှိနေတဲ့ Live Show ကတော့ SIR Live Show  ဖြစ်တဲ့အကြောင်းလည်း ရတနာမိုင်က ဖွင့်ဟပြောဆိုထားပါတယ်။ အဲဒီ Show ပွဲကို မတ်လ ၂၃ ရက်နေ့ရောက်ရင် ပြည်သူ့ရင်ပြင်မှာ ကြည့်ရှုကြရမှာပါ။ ရတနာမိုင် ပြန်ဝယ်ဖို့စီစဉ်နေတဲ့ ပဖဘဗမ အယ်လ်ဘမ်ဟာ သူမမျှော်လင့်ထားခဲ့တဲ့အတိုင်း အောင်မြင်မှုတွေကိုယူဆောင်ပေးနိုင်စွမ်းရှိနိုင်လေမလားဆိုတာကိုတော့ ပရိတ်သက်တွေ စောင့်ကြည့်ကြရုံပဲလေ.............

Friday Journal(Malaysia)
By: Myanmar Daily News

2 Comment Box:

ချစ် မောင် မောင် said...

မိုင်လေး ကြိုက်ပါတယ် အားပေးပါတယ်

ချစ် မောင် မောင် said...

ထပ်ပိးအောင်မြင်ဖိုးဆုတောင်းပါတယ်မိုင်လေး

Post a Comment


 

Comment Box

Followers