Saturday, February 2, 2013

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ

                     ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေပါသည်။ ထိုနည်းတူစွာပဲ လူငယ်များသည်လည်း ခေတ်ရေစီးအကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲလာခဲ့ကြပြီဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကိုလူတန်းစိမကိုင်နိုင်ကြပါဘူး..တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့်အမျိုးအစားနည်းလှသည်ဟုပြောရပါမည်။

                  ခေတ်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းများသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ...ထိုများထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံသည်လည်း ခေတ်ရဲ့ရေစီးကြောင်းအတိုင်း လိုက်ပါလာပါသည်။
ထိုများထဲတွင် လူငယ်များရေပန်းစားလာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။ကင်မရာပါသည့်လက်ကိုင်ဖုန်းကို လူငယ်တွေအဘယ်ကြောင့်ကြိုက်နှစ်သက်သနည်းဆိုရင် ကိုယ်သွားနေရာဒေသများကို အလွယ်တကူ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်း ဗွီဒီယိုမှတ်တမ်းများလည်း ရိုက်ကူးနိုင်ခြင်းကြောင့် လူငယ်များကြားထဲ ပိုမိုရေပန်းစားလာခြင်းဖြစ်သည်။
             ဒါပေမယ့် စိတ်မကောင်းစရာနောက်ဆက်တွဲတွေကတော့ တစ်ချို့သော မြန်မာလူငယ်များ(မြန်မာမိန်းခလေးများအပါအ၀င်)သည် ကင်မရာဖုန်းကို လွဲမှားစွာ သုံးစွဲနေကြရသည်ကိုတွေ့မြင်နေရခြင်းပါပဲ။ အဘယ်ကြောင့်ဆိုသော်.......ကင်မရာဖုန်းဖြင့် ချစ်သူနဲ့ နမ်းရှုတ်သည့်ပုံများအား အမှတ်တရရိုက်ကူးခြင်း ..ချစ်သူနှင့် အတူအိပ်ခြင်းများအား အမှတ်တရဗွီဒီယိုရိုက်ကူးလာကြခြင်း။ မိမိအိမ်ခန်းထဲတွင် တစ်ယောက်တည်း ကာမဆွဲဆောင်မှု ဖြင့် အင်္ဂါအစိတ်အပိုင်းများအား ဖေါ်ပြပြီး sex video မှတ်တမ်းများကို အပျော်တမ်းအနေဖြင့် ရိုက်ကူးလာကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီလိုတွေ ဖြစ်လာတာကို မည်သူ့မှာ အပြစ်ရှိတယ်လို့မပြောဆိုလိုပါဘူး...အဓိက မိမိကိုယ် ထိန်းသိမ်းနိုင်ရန်သာအဓိကမဟုတ်ပါလော...ချစ်သူက တောင်းဆိုလို့ ဗွီဒီယိုမှတ်တမ်းရိုက်ဖြစ်တာပဲဖြစ်ဖြစ် မိမိဆန္ဒအလျောက် အပျော်တမ်းရိုက်ကူးတာပဲဖြစ်ဖြစ် ကိုယ်က ထိန်းသိမ်းမှုမတက်ရင် အွန်လိုင်းမှာပျံနှံသွားတာပဲမဟုတ်လား..အွန်လိုင်းဆိုသည်ကား မိမိအတွက် ကောင်းသောအရာကို ယူဆောင်လာသော အရာဟုဆိုနိုင်သလို မိမိ အမှားတွေကြောင့် မိမိဘ၀တစ်ခုလုံးကိုပါ ပျက်စီးစေသော အရာဆိုလည်း မှားမည်မထင်ပါ။။။။။ထို့ကြောင့်လည်း ၁၈ နှစ်အောက် မကြည့်ရဆိုသည့် ဘလော့နှင့် ၀က်ဆိုဒ်များတွင် ထိုသောရိုက်ကူးထားသော ဗွီဒီယိုဖိုင်များမြောက်မြားစွာရှိလာခြင်းဖြစ်သည်ကိုလည်းတွေ့ရှိရသည်။

ထိုဗွီဒီယိုဖိုင်ထဲက မြန်မာအမျိုးသမီးများသည် အဘယ်ကြောင့် ဤသို့ပြုလုပ်ခြင်းကိုပင် နားမလည်အောင်ပဲဖြစ်ရပါသည်။ ထိုဗွီဒီယိုဖိုင်အား မိမိ၏ မိသားစုဝင် (သို့မဟုတ်) မိမိ၏ပတ်ဝန်းကျင်မှ မိမိအသိ မိတ်ဆွေတစ်ဦးတစ်ယောက်မှ ဗွီဒီယိုဖိုင်အား မြင်တွေ့ခဲ့မည်ဆိုပါလျှင် မိမိသည် မည်သောမျက်နှာမျိုးဖြင့် မိမိ၏အသိုင်းအ၀ိုင်းအားရင်ဆိုင်ကြမည်လော ဆိုသည်ကိုလည်း ထည့်ပြီးစဉ်းစားကြရမည်ဖြစ်ပါသည်။ခုခေတ်တွင် အင်တာနက်သည်ကား နေရာတိုင်းတွင် ရှိလာကြပါသည်။ ကျေးရွာများထိ သုံးစွဲလာနိုင်ကြပါသည်။ ဆက်သွယ်မှုကွန်ရက်တွေ တိုးတက်လာတာကြောင့် ကမ္ဘာကြီးသည်လည်း ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာခဲ့ပါပြီ..ထို့ကြောင့် မိမိသည် တောကျသည့် လမ်းပမ်းဆက်သွယ်မှုပြတ်တောက်သည့် နေရာကပင်ဖြစ်စေကာမူ ယခုခေတ်တွင်ကား တိုးတက်ပြောင်းလဲမှုနဲ့အတူ အင်တာနက် ကွန်ရက် ထဲမှာ ကျေးလတ်ဒေသနေရာအချို့ကပါ ၀င်ရောက်သုံးစွဲလာနိုင်သောကြောင့် မိမိ၏ အပျော်တမ်းဗွီဒီယိုဖိုင်သည်လည်း ကျေးရွာလူထိအထိ မြင်တွေ့နိုင်လာမည်ဖြစ်သည်။

လက်ရှိ အွန်လိုင်းတွင် ပျံနှံနေသော ဗွီဒီယိုဖိုင်များသည် မြန်မာပြည်တွင်းမှ ခိုးရိုက်ထားတဲ့ဗွီဒီယို (တစ်ချို့ တည်းခိုခန်းတွင် ပျော်တမ်းရိုက်ကူးထားသောဗွီဒီယို) အပါအ၀င် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံများမှာ သွားရောက်စီးပွားရှာနေကြသော မြန်မာ လူငယ် မိန်းခလေး များသာဖြစ်ကြသည်ကိုလည်းတွေ့မြင်ရပါသည်။တစ်နေ့ အလုပ်အတူလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က လင့်တစ်ခုချိတ်ပေးတယ်။ ၀င်ကြည့်လိုက် ဆိုတော့ ၀င်ကြည့်ဖြစ်တယ်။ မြန်မာအိမ်တွင်းဖြစ် ဆိုပြီးခေါင်းစီးနဲ့ ဗွီဒီယိုဖိုင်တစ်ခုပါ။ အဲဒီထဲက မိန်းကလေးတစ်ယောက်က ကျနော်တို့နဲ့ နီးနီးလေးမှာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးဖြစ်တယ်။ ကဲ..ကျွန်တော်သူ့ကို ဗီဒီယိုဖိုင်လေး ပြသင့်မပြသင့် အတော်လေးစဉ်းစားရခက်သွားတယ်။ သူသိလား မသိလားလည်း ကျွန်တော်တကယ်မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့ရင် မျက်နှာပူမိတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် ရိုက်သူမရှက်ပေမယ့် မြင်သူကတော့ တကယ်ရှက်မိပါတယ်။ ဒီတော့ မြန်မာမိန်းကလေးများအနေဖြင့်လည်း  နိုင်ငံခြားကို ရောက်ပြီး လုပ်ချင်တာ လုပ်မည်ဆိုသည့် အတွေးကိုလည်း မ၀င်သင့်ပါဘူး...မိမိတို့သည် မြန်မာလူမျိုးဖြစ်သည့်အတွက် တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်ကြီးအား ပြန်ပြီး ခြေချမိမှာ ဧကန်မလွဲပါဘူး....ဒီတော့ မိမိ၏ ဗွီဒီယိုဖိုင်ကို အွန်လိုင်းမှာ မျှဝေနေတာကို မိမိ မိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်းကကော မတွေ့မမြင်ဘူးလို့အဘယ်သူပြောနိုင်မည်နည်း။

 လူ့ဘ၀တွင် လူဖြစ်ခြင်းသည် အရှက်သိက္ခာ က အဓိကဟု စာရေးသူ ထင်မိပါသည်။ အရှက်သိက္ခာ သည်ကား ဖွံဖြိုးတိုးတက်ပါသည်ဟု ပြောသော ဥရောပနိုင်ငံကြီးများတွင်လည်းရှိကြပါသည်။ထို့ကြောင့် ယဉ်ကျေးမှုကို အရင်းခံထားတဲ့ ကျွန်တော်တို့မြန်မာလူမျိုးများအနေဖြင့် ပိုပြီး မထိန်းသင့်ပေဘူးလား.....မိမိအိပ်ခန်းထဲက အပျော်တမ်း ကင်မရာဖုန်း ဗွီဒီယို ဖိုင်တစ်ခုကြောင့် မိမိ ဘ၀ကြီးတစ်ခုလုံးကို ရုပ်ဆိုးအကျဉ်းတန်မယ့် လုပ်ရပ်မျိုးကို လူငယ်တွေအနေနဲ့လည်း ရှောင်ရှားသင့်ပါတယ်။ ချစ်လို့ အလိုလိုက်သည်ဆိုပေမယ့် မိမိ အလိုလိုက်ခြင်းသည်ကား မိမိ ဘ၀ကိုရိုက်ချိုးမည့်အဖြစ်မျိုး မဖြစ်စေဖို့ အချစ်သူရဲကောင်း လူငယ်တွေလည်း သိထားသင့်တယ်လို့မြင်မိရင်း။။။။။။။။။
 
               ခေတ်ရဲ့တီထွင်မှုနောက်က လိုက်မျောရင်း ကင်မရာဖုန်းကို လူငယ်တွေ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ= ကြမ်းပိုးလေး
Myanmar Daily News


0 Comment Box:

Post a Comment


 

Comment Box

Followers