Thursday, April 4, 2013

မုန်ဟင်းခါး အသိုး ကိုဈေးလျှော့ရောင်းမဲ့ .. MPT ရဲ့ စေတနာ




            Thein Win

ယခင်ကမှားယွင်းသော စီမံကိန်း (သို့မဟုတ်) အဘများ၏ ဂွင်ရိုက်သော စီမံကိန်း
(ပိုက်ဆံယူပြီး "အင်" အထည့်ခံသောစီမံကိန်း) များ ၏ အကျိုးဆက်ကြောင့်
... Model out ပြီး အပိုပစ္စည်းများ မရှိတော့ သဖြင့်
ရေဒီယိုဖုန်း ၊ ဆယ်လူလာ ၊ ခြင်းဖုံး နှင့် mobile cdma ဖုန်းများ ဖျက်သိမ်းခဲ့ရပြီးဖြစ်သည် ။
(တိုင်းပြည်ဘဏ္ဍာ များစွာ အလဟသဖြစ်ခဲ့ပြီးဖြစ်သည်။)

ယခု အခါ .. ရေရှည် စီမံကိန်း ဖြစ်သည့် GSM ဖုန်း များ ကို မရောင်းသေးဘဲ ..

ဆက်လက်တိုးချဲ့ တပ်ဆင်ရန် လုံးဝ အစီစဉ်မရှိတော့ ကြောင်း တရားဝင် ကြေငြာထားပြီးဖြစ်သည့်
CDMA 800(ဂွင်စီမံကိန်း) ဖုန်းများ ကို အရင်ထုတ်ရောင်း ရန် စီစဉ်ခြင်းသည် ..

မကြာခင်စွန့်ပစ်ရ တော့မဲ့ မုန်ဟင်းခါး အသိုးများကို ဈေး လျှော့ ရောင်းပေးတဲ့ စေတနာမျိုးဖြစ်နေပြီ ..
--------------------------------------------------------------------

The Voice Weekly

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ ၁ရက်နေ့တွင် ရောင်းချမည်ဟု ကြေညာထားသော မိုဘိုင်းဖုန်း
ဆင်းကတ်များ အနက် CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ်ဖြင့် ဧပြီလ ၂၄ရက်နေ့မှ
စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပေးမည်
 ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

from ရဲရင့်ငယ် မှကူးယူဖော်ပြသည်

0 Comment Box:

Post a Comment


 

Comment Box

Followers