Thursday, August 29, 2013

စာသင်တိုက်ကြီးများအနီး ဘီယာ၊ အရက်ဆိုင်များ ဖွင့်လှစ်နေ



မန္တလေးမြို့ အထင်ကရ သက်တော်ရှည် အဘိဓဇမဟာရဌဂုရု၊ မြတောင်တိုက်၊ ရွှေဝါ၀င်း ကျောင်းဆရာတော်ကြီး သီတင်း သုံးရာ ကျောင်းတိုက်ကြီးနှင့် အဘိဓဇမဟာဂုရုဒဟတ္တော ကျောင်းတိုက် ဒဟတ္တော ဆရာတော်ကြီးနှင့် စာသင်သား သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်ကြီးများ အနီးဝန်းကျင် မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းတွင် အအေးဆိုင်၊ စားသောက်ဆိုင် အမည်ခံ လိုင်စင်မဲ့ ဘီယာ၊ အရက်ဆိုင်များ ဖွင့်လှစ်လျက်ရှိရာ ည ၁၀ နာရီ ကျော်ထိ ဖွင့်လှစ်ပြီး ပတ်ဝန်းကျင် ဆူညံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၅ လမ်းထောင့် နေထိုင်သူ ဆရာမတစ်ဦးက ““ယခင်က ကျွန်မတို့ ရပ်ကွက်အတွင်း တိတ်ဆိတ်ပြီး ဒဟတ္တောဘုရားဝင်းမှ ဓမ္မစကြာ ၀တ်ရွတ်သံများ၊ ကြေးစည်သံများ၊ မြတောင် ကျောင်းတိုက်ကြီးမှ စာသင်သား ရဟန်းသံဃာတို့၏ စာအံသံများ နေ့စဉ် ကြားနေရသော်လည်း ယခုအခါ ဘီယာဆိုင်၊ အရက်ဆိုင်၊ မီးချောင်း ထိန်ထိန်ထွန်းပြီး ဘုရားပွဲလား ရောင်းချနေကြကာ လမ်းမကြီးပေါ် ဆိုင်ကယ်များ ပိတ်ဆို့ အရက်သောက်သူများ တစ်ဦးနှင့်တစ်ဦး ငြင်းခုံသံ ဆူညံကာ မူးရစ် ရန်ဖြစ်သံများသာ နေ့စဉ် ကြားနေရကြောင်း””ပြောပြသည်။
မန္တလေးမြို့တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်အနီးဝန်းကျင် ဖွင့်လှစ်ခွင့် မပြုသော်လည်း သက်ဆိုင်ရာနှင့် နားလည်မှုယူကာ ဖွင့်လှစ်နေကြခြင်းဖြစ်သည်။
မောင်ပြည်သူ(မန္တလေး)
မြန်မာသံတော်ဆင့်

0 Comment Box:

Post a Comment


 

Comment Box

Followers