Saturday, August 31, 2013

စက်ဘီးအခိုးခံရသူက သူ့စက်ဘီးကို သူခိုးထံမှ ပြန်ခိုး


ကနေဒါနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အခိုးခံလိုက်ရသော သူမစက်ဘီးကို အွန်လိုင်းကြော်ငြာတွင်တွေ့ကာ ပြန်ခိုးခဲ့ရာ သူမသတင်းသည် သြဂုတ်လ ၂၇ ရက်နေ့ ပျံ့နှံ့သွားပြီးအများက သူ့ကို ချီးကျူးပြောဆိုနေကြသည်။

အသက် ၃၃ နှစ်အရွယ် ကေလာစမစ်က သူမသည် စက်ဘီးကို ဗန်ကိုဗာမြို့ရှိ အားကစားသများတည်းခိုရာနေရာတွင် ရပ်နားထားခဲ့ရာ အခိုးခံခဲ့ရသည်ဟု ဆိုသည်။ သူမ စက်ဘီးသည် ကနေဒါဒေါ်လာ ၁၀၀၀ တန်ကြေးရှိကြောင်း၊ သူမသည် အဆိုပါကိစ္စကို ရဲထံ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ အခိုးခံရပြီး နောက်တစ်နေ့တွင် အွန်လိုင်းကြော်ငြာ
ဝက်ဘ်ဆိုဒ်တစ်ခုတွင် သူမစက်ဘီးနှင့် ဆင်တူလှသော စက်ဘီး တစ်စီးကို တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် စက်ဘီးရောင်းသူကို လှမ်းဆက်သွယ်ကာ ၀ယ်လိုကြောင်းပြောခဲ့ပြီး နှစ်ဦးသား အပြင်တွင်တွေ့ခဲ့ကြကြောင်း၊ စက်ဘီးတွင်ကပ်ထားသော စတစ်ကာကိုမြင်လိုက်သောအခါ ထိုစက်ဘီးသည် မိမိစက်ဘီးဖြစ်သည် ဆိုသည်ကို တပ်အပ်သိလိုက်ရကြောင်း၊ စက်ဘီးကို ခေတ္တစီးကြည့်လိုသည်ဟုဆိုကာ တက်စီးပြီး ထွက်ပြေးလာခဲ့ကြောင်းဖြင့် သူမက စီဘီစီအသံလိုင်းကို ပြောပြသည်။

ထိုသတင်းသည် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ရာမှ ထိုအကြောင်းကို ရဲများသိရှိသွားပြီး သူခိုးများကို ထိုကဲ့သို့  မိမိနည်း မိမိဟန်ဖြင့် ထိပ်တိုက်ရန်မဆိုင်ရန် သတိပေး ပြောကြားခဲ့သည်။ သို့သော် အွန်လိုင်းသုံးစွဲသူ အများအပြားက သူမလုပ်ရပ်ကို ချီးကျူးပြောဆိုနေကြသည်။

(AFP 31.8.13)
ချယ်ရီ >>ပြည်မြန်မာနေ့စဉ်သတင်းစာ

0 Comment Box:

Post a Comment


 

Comment Box

Followers