Thursday, August 29, 2013

၁၂၇ နှစ်အရွယ်တရုတ်အဘွားအိုကမ္ဘာ့အသက်အကြီးဆုံးလူဟုဆို


တရုတ် နိုင်ငံအနောက်ဘက် ဝေးလံခေါင် သီသောအရပ်မှ အသက်၁၂၇ နှစ် အရွယ်ရှိအဘွားအိုအား သက်ရှိ ကမ္ဘာ့အသက်အကြီးဆုံးလူသား အဖြစ် တရုတ်အစိုးရသတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြထားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ကျွမ်းကျင်သူတို့ ကမူ အဘွားအိုအား အသက်ကြီး ဆုံးအဖြစ် မှတ်တမ်းတင်ရန်အ တွက် သံသယပွားလျက်ရှိကြောင်း သိရသည်။ စင်ကျန်းမြို့ရှိ တရုတ် အစိုးရ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ အဘွားအို၏အ မည်မှာ အာလီမီဟန်ဆီယီတီ ဖြစ်ပြီး ကာဂျစ္စတန်နယ်စပ်အနီး ကက်ရှ်ဂါတွင် နေထိုင်သူဖြစ်သည်။ သူ့ကို ၁၈၈၆ခုနှစ် ဇွန်၂၅ရက်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။ ထို အချိန်တွင် အမေရိကန်ပြည်ထောင် စုသမ္မတမှာ ဂရိုဗာကလိလင်းဖြစ် ပြီး ဗြိတိန်ဝန်ကြီးချုပ်မှာ ဝီလျံ ဂလက်စတုန်းဖြစ်ကြောင်း သိရ သည်။



တရုတ်လူမျိုး အသက်ရှည် သူများမှတ်တမ်းများမှာ များသော အားဖြင့် နိုင်ငံတကာမှ လက်ခံ အသိအမှတ်ပြုခြင်းမရှိဟု သိရ သည်။ တရုတ်နိုင်ငံတွင် ၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီအာဏာရရှိ ခဲ့ပြီးသည့်အချိန်အထိ မွေးဖွားခဲ့ သူများ၏ မွေးစာရင်းလက်မှတ် များမှာ ယုံကြည်စိတ်ချရသော စနစ်မရှိဟုဆိုသည်။ အဘွားအို ဆီယီတီ မွေးဖွားသည်ဆိုသော အချိန်မှာ တာဂျစ်စစ်ဘုရင်ယာ ကွတ်ဘက် စိုးမိုးအုပ်ချုပ်ချိန်ဖြစ် ပြီး ထိုအချိန်က စင်ကျန်းဒေသ ၏ အခြားသောနေရာအစိတ်အ ပိုင်းများကို ရုရှားတို့က ထိန်းချုပ် ထားချိန်ဖြစ်ကြောင်း သိရသည်။


ျွှ.ခညက သတင်းအရင်း အမြစ်များကို ကိုးကား၍ဖော်ပြ ရာတွင် အဘွားအိုဆီယီတီမှနေ ၍ မျိုးဆက်၅၆ဆက် ဆင်းသက် ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အ ဘွားအိုဆီယီတီသည် သီချင်းများ ကို ချစ်မြတ်နိုးသူဖြစ်ပြီး ရုပ်မြင် သံကြားမှသီချင်းကို တစ်ကြိမ်ကြား ရုံဖြင့် အကျွမ်းတဝင်ရှိသွားတတ် ကြောင်း၊ နွေရာသီဖြစ်စေ၊ ဆောင်း ရာသီဖြစ်စေ ရေခဲရေကိုသောက် လေ့ရှိကြောင်း၊ အဘွားသည် စား ကောင်းသောက်ကောင်းသူ တစ်ဦး ဖြစ်ပြီး ကျန်းမာရေးကောင်းပြီး အမှိုက်လှည်းကျင်းခြင်း၊ ကလေး ထိန်းခြင်းနှင့် မြက်ဖျာရက်လုပ် ခြင်းကဲ့သို့သော အိမ်မှုကိစ္စများ ကို ယခုအချိန်အထိ လုပ်နေဆဲ ရှိကြောင်း၊ ဈေးဝယ်ခြမ်းရသည် ကို နှစ်သက်ကြောင်း ဖော်ပြခဲ့ သည်။


သို့ရာတွင် တရုတ်နိုင်ငံ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင် အဖွဲ့အစည်းအတွက် ဆောင်ရွက် ပေးနေသော မှတ်တမ်းမန်နေဂျာ ချားလ်ဝှာတန်ကမူ လတ်တလော တွင် အာလီမီဟန်ဆီယီတီနှင့်ပတ် သက်သည့် အချက်အလက်မှတ် တမ်းများကို လက်ခံရရှိသေးခြင်း မရှိကြောင်း ပြောကြားခဲ့သည်။


 သြဂုတ်(၂၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

0 Comment Box:

Post a Comment


 

Comment Box

Followers