Wednesday, August 28, 2013

ပူတာအိုခရိုင် စာရင်းရုံးတွင် တာဝန်ထမ်းဆောင်နေတဲ့ စာရင်းစစ် သေနတ်ဒဏ်ရာနဲ့ သေဆုံး

 
 
ပူတာအိုခရိုင်စာရင်းရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရင်းစစ် ဦးလမင်းမောင်မောင်ဟာ ယမန်နေ့ည ဆယ်နာရီခန့်က သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

ပူတာအိုအခြေစိုက်စစ်တပ်ရှိတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် အခုလိုသေဆုံးခြင်းဖြစ်တယ်လို့ သေဆုံးသူရဲ့ အကိုဝမ်းကွဲက ပြောပါတယ်။

ခရိုင်စာရင်းစစ် အရာရှိက“ညက သေဆုံးသွားတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ ဖြေကြားခွင့်မရှိပါဘူး။ ရဲစခန်းကိုပဲမေးပါ။ ဒီကိစ္စနဲ့ ခေါင်းတွေလည်း ကိုက်လှပြီ။ ”လို့ တယ်လီဖုန်းကတဆင့် ဖြေကြားခဲ့ပါတယ်။

သေဆုံးသူ ဦးလမင်းမောင်မောင်ဟာ အသက်၂၆ နှစ်အရွယ်ရှိပြီး အကွက်(၆)နန်းရှေ့၊ ဒေါနဘွားရပ် မှာ နေထိုင်သူဖြစ်ပါတယ်။ လုပ်သက် ရှစ်လခန့်သာ ရှိသေးပြီး ပူတာအို ခရိုင်စာရင်းရုံးမှာ စာရင်းစစ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး )ဦးဇော်သိန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းမတွင်း ရောက်နေလို့ နောက်မှ ပြန်ဆက်ရန် ဖြေကြားခဲ့ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်သုံးဦးဟာ အခင်းဖြစ်ရာ ပူတာအိုကို သွားရောက်နေပြီး ၄င်းတို့နှင့် ဆက်သွယ်မှု ရရှိပါက ထပ်မံတင်ပြပါမယ်။
 
မန္တလေးခေတ်

0 Comment Box:

Post a Comment


 

Comment Box

Followers