Friday, August 23, 2013

မင်္ဂလာပွဲတွင် လူတစ်ဦးက သေနတ်ပစ်ဖောက် ပျော်ပါးရာ ဧည့်သည်ကို ပစ်သတ်မိသွားခဲ့


မင်္ဂလာပွဲလာ ဧည့်သည်တစ်ဦးက သေနတ်ပစ်ဖောက်လိုက်ရာ ကျည်ဆန်သည် ၄င်း၏ သူငယ်ချင်းကို မတော်တဆ သွားရောက်ထိမှန်ပြီး အဆိုပါ သူငယ်ချင်း သေဆုံးသွားခဲ့မှု အီရတ်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသွားသူသည် မသေဆုံးမီက ကခုန်နေခဲ့ပြီး ၄င်းရှေ့တွင် ရှိနေသော လူတစ်ဦးသည် သေနတ်ကို မိုးပေါ်ထောင် သေနတ်ပစ်ဖောက်ရန် သေနတ်ကို ဆွဲထုတ်လိုက်သည်။ အီရတ်တွင် ပျော်ပွဲရွှင်ပွဲများ၌ ထိုကဲ့သို့ ပြုလုပ်လေ့ရှိသည်။
သေနတ်ကို အပေါ်မမြှောက်မီတွင် သူသည် သေနတ်ခလုတ်ကို ဆွဲလိုက်မိရာ ၄င်းရှေ့တွေင် ကခုန်နေသောသူငယ်ချင်း မျက်နှာတည့်တည့်ကို ပစ်မိလေသည်။ အပစ်ခံရသောသူလည်း ကြမ်းပြင်ပေါ်သို့ တုံးခနဲ့လဲကျသွားသည်။
ကခုန်နေကြသော သူများသည် ကြက်သေသေသွားကြပြီး ခဏကြာမှသာ သတိပြန်ဝင်လာကြတော့သည်။

သေနတ်သမားက သေနတ်ကို ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်လိုက်ကာ လဲကျသွားသော သူငယ်ချင်းနားအပြေးသွားလေသည်။ ကျည်ထိသွားသောသူ ဒဏ်ရာကြောင့် ထွန့်ထွန့်လူးနေပုံဖြင့် ဗီဒီယိုဖိုင် အဆုံးသတ်သွားတော့သည်။
DM, 23,8,13
ချယ်ရီ
ပြည်မြန်မာသတင်းစာ

0 Comment Box:

Post a Comment


 

Comment Box

Followers