Wednesday, August 28, 2013

ဆော်ဒီနိုင်ငံမှာအဖမ်းခံရတဲ့ မြန်မာ ၆၀၀ ပြန်လွတ်


ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ ​အစ္စလမ် ​ဘာသာဝင်များ ​ဘုရား ​ဝတ်ပြု ​ရာ ​မက္ကာ ​မြို့ ​မှာ ​ဖမ်းစီးခံထားရတဲ့ ​မြန်မာ ​နိုင်ငံသား ​အယောက် ​၆၀၀ ​ကို ​ဆော်ဒီအစိုးရက ​ပြန်လွတ်လိုက်တယ်လို့ ​သိ ​ရ ​ပါတယ်။
ဖမ်းစီးခံထား ​ရ ​သူ ​အများ ​စု ​ဟာတရားဝင် ​ပြည်ဝင်ခွင့် ​ဗီဇာ ​မရှိ ​ကြ ​တဲ့ ​အတွက်ကြောင့် ​ဖမ်းဆီးခံရတာဖြစ်သလို ​တချို့ကလည်း ​ရာဇဝတ်ကျူးလွန်မှု ​တွေ ​ကြောင့် ​ဖမ်းစီး ​ခံထားရတာ ​ဖြစ်ပါတယ်။


နောက်ထပ် ​ပြည်နှင်ဒဏ် ​ပေး ​ဖို့ ​ထိန်းသိမ်း ​ထား ​တဲ့ ​အယောက် ​၂၀၀ ​ကို ​လဲ ​လွှတ်ပေး ​ဖို့ ​အတွက်စီစစ်နေပြီး ​ရာဇဝတ်ကျူးလွန်မှု ​နဲ့ ​ထိန်းသိမ်းထားတဲ့ ​၁၅ ​ဦး ​ကိုတော့ ​ထိန်းသိမ်းထားတယ်လို့ ​လဲ ​သိ ​ရ ​ပါတယ်။
မြန်မာ ​နိုင်ငံက ​လူပေါင်း ​၁၇၅၀၀၀ ​ကို ​ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ​တရားဝင် ​နေ ​ထိုင် ​နိုင်တဲ့ ​အခြေ ​အနေ ​ကို ​ပြောင်းပေး ​လိုက်ပြီး ​အခု ​၆၀၀ ​ထဲ ​က ​၂၃ ​ယောက်ကို ​တရားဝင် ​နေထိုင်ခွင့်အတွက် ​စဉ်းစားပေး ​နေ ​တယ်လို့ ​သိ ​ရ ​ပါတယ်။
ABC Radio Australia

0 Comment Box:

Post a Comment


 

Comment Box

Followers