Thursday, August 29, 2013

လိုင်းကြေးပေးရတဲ့ “ရဲ” ရဲ့အဖြစ်






အသက်၊ ထိခိုက်မှု အာမခံကြေး ရတယ်ဆိုတဲ့ ရဲ၊ ဆေးကုသခွင့် အလကားရတယ် ဆိုတဲ့ ရဲ၊ ရာဇ၀တ်သားက ပြန်ခုခံလို့ ခါးကြားက ပစ္စတိုကို ဖျက်ကနဲ ထုတ်ချိန်လိုက်နိုင်တဲ့ ရဲ၊ အထက်လူကြီး ကတော်က ခေါ်ခိုင်းလို့ မလုပ်နိုင်ဘူးဗျာ… အခြား တာဝန်တွေ ရှိသေးတယ်ဆိုပြီး ပြန်ပြောရဲတဲ့ ရဲ၊ သူများ သားသမီးတွေ ကျောင်းအပ်ချိန်မှာ လိုက်အပ်နိုင်တဲ့ရဲ၊ လကုန်ခါနီးတွေမှာ လေကလေး တစ်ချွန်ချွန်နဲ့ နေနိုင်တဲ့ ရဲ၊ ပင်စင်သွားခါနီး ကိုယ်ပိုင်အိမ်လေးအပေါ် ကိုယ်ပိုင်ပစ္စည်း တစ်နင့်တစ်ပိုးနဲ့ ဟန်ကျပန်ကျပြောင်း နေနိုင်တဲ့ ရဲ မျိုးတွေကို အောက်ခြေရဲတပ်ဖွဲ့ဝင် လောကမှာ တွေ့ဖူးသလား
ကျွန်တော်တို့ ရဲတွေရဲ့အဖြစ်သနစ်…။

ရဲ … ရဲ… ရဲ  … ဆိုတဲ့ အသံကြားလိုက်တာနဲ့ ပြည်သူတွေ လျှပ်စစ်ဓါတ်နဲ့ အတို့ခံလိုက်ရသလို တွန့်ခနဲဖြစ်သွား ကြတယ်၊ လမ်းဘေးက မစင်ပုံတစ် ပုံကို တွေ့လိုက်ရသလို စက်ဆုပ်ရွံရှာဖွယ် ဖြစ်သွားကြတယ် ဆိုတာလည်း ထည့်မပြောရင် မပြည့်စုံဘူးထင်ပါရဲ့…၊ ဒါ… ဘာ ကြောင့်လဲ…။

ကိုလိုနီယန္တယား လည်ပတ်ဖို့ အဓိက ထိန်းချုပ် မောင်းနှင်ခဲ့တဲ့ စက်အစိတ်အပိုင်းအဖြစ် အသုံးတော်ခံခဲ့တဲ့ ပုလိပ်အဖွဲ့ရဲ့ အမွေဆိုးကို လက်ခံခဲ့ရတဲ့အဖြစ်က အကြောင်းများစွာထဲက အဓိကအချက် ဖြစ်တယ်လို့ ယူဆရင် ရနိုင်သလို ဒါတွေရဲ့ သက်ရောက်မှုကြောင့် ဥပဒေကို နားမလည်တဲ့ ပြည်သူတွေ အကြားမှာ ဥပဒေကို လိုသလို ကိုယ်ကျိုးအသုံးချ ဆောင်ရွက်ခဲ့မှု တွေကလည်း ဒီနေ့ ဒီအချိန်အထိ အသက်ဝင်နေဆဲ ခေတ်ကောင်းနေဆဲ … ပါပဲ။ ဒါတွေ အားလုံးကို အနှစ်ချုပ် လိုက်ရင်ဖြင့် ၉၀ ရာခိုင်နှုန်းကျော်သော ရဲတွေ အနေနဲ့ လာဘ်စားနေခဲ့ လာဘ်စားနေဆဲ ဆက်ပြီးတော့ စားဖို့လည်း ပြင်ဆင်နေဆဲပါပဲခင်ဗျ။

ကျွန်တော်တို့ လာဘ်မစားချင်ပါဘူး၊ ဒါပေမယ့် လာဘ်ဘာကြောင့် စားနေရသလဲ အဖြေတွေ ရှိပါတယ်။

၁။ အခြေခံ လစာ။ ရဲတပ်သား တစ်ယောက်ရဲ့ အခြေခံလစာ ဟာ ၅၀,၀၀၀ ကျပ်ပါ၊ ဟုတ်ပါတယ် ကျွန်တော်တို့ရတာ အဲဒီလောက်ပါပဲ၊ ဒီလစာက မိသားစု မပြောနဲ့ တစ်ကိုယ်ရေ တစ်ကာယသမား အတွက်တောင် အနိုင်နိုင်ပါ၊ ရိက္ခာ တစ်ယောက် ၅၀၀ ကျပ်နှုန်းတဲ့ ခင်ဗျ၊ ၀ယ်စား ကြည့်ပါ ထမင်းကြီး မပြောနဲ့ သရေစာ အတွက်တောင် မလောက်မငှပါပဲ။

၂။ ဆက်သွယ်ရေး။ အချိန်နဲ့ တစ်ပြေးညီ ဖြစ်ဖို့ဆိုပြီး ဆက်သွယ်ရေးစက်တွေ လက်ကိုင်ဖုန်းတွေ ကိုင်ထား ရတယ်၊ ဘယ်သူထုတ် ပေးသလဲ၊ မိမိအစီအစဉ်နဲ့ မိမိ၊ တယ်လီဖုန်းဘေလ်လည်း ထိုနည်းလည်းကောင်းပါပဲ။

၃။ ပို့ဆောင်ရေး။ မိမိအစီအစဉ် အတိုင်းပါပဲခင်ဗျ။

၎။ ရုံးသုံးပစ္စည်း။ ထိုနည်း လည်းကောင်းပါပဲ၊ ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက် အလကားမရပါဘူး။

၅။ ၀တ်စုံ။ သင်တန်းဆင်း ကတည်းက ပေးလိုက်တဲ့ ၂ စုံ သော ယူနီဖောင်းက ပင်စင်ယူရင် ပြန်အပ်ရ သေးတယ်။

ဒါတင် ဘယ်ကဦးမှာလဲဗျာ… နယ်မြေ အေးချမ်းအောင် ထိန်းရတဲ့ နယ်ထိန်း၊ သူ့နေရာ မပျောက်အောင် လစဉ် ဂါရ၀ ရှိရတာပေါ့၊ ပျက်ကွက်တာနဲ့ နောက်လူအစားထိုးဖို့ တန်းစီနေပြီးသားပါ။ ဒါတွေကို အပေါ်က မသိဘူးလား၊ သိပ်သိတာပေါ့ဗျာ။ သိအောင်လုပ်နိုင်တဲ့ နည်းတွေ အများကြီးရှိပါတယ်၊ ဘာမှ မရင်းနှီးလိုက်ရပဲ အားမစိုက်လိုက်ရပဲ သိနိုင်ပါတယ်၊ လွယ်လွယ်ကလေး စုံစမ်းတာနဲ့ သိနိုင်တယ်၊ တကယ်မလုပ်လို့ပါ။

အားလုံးကို ခြုံလိုက်ရင် လစာရိက္ခာ ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့ လိုတဲ့အပြင် ဂါရ၀ပြုတာ ခံချင်တဲ့ ကြီးကြီးမာစတာတွေရဲ့ စနစ်ဟောင်းက အကျင့်ဆိုးတွေ စိတ်ဓါတ်တွေကို အတိကျပြင်ဖို့လိုမှာ ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ မိတ်ဆွေတို့ မေးကောင်း မေးပါလိမ့်မယ် အခြေခံလစာချင်း အတူတူ အခြားဝန်ထမ်း တွေက ဘာဖြစ်လို့ ရပ်တည်နိုင်ရတာလဲလို့ပေါ့၊ မှန်ပါတယ် မေးသင့်ပါတယ်၊ ဒါပေမယ့် သဘာဝချင်းက မတူပါဘူး။

ရဲဝန်ထမ်း (ရဲတပ်သား) တစ်ယောက်ရဲ့ ဘ၀ထဲကို ခဏလောက် ၀င်ခံစားကြည့်ပေးပါ။ နေ့စဉ် ၂၄ နာရီ တာဝန်ရှိကြရတဲ့ ကျွန်တော်တို့ ရဲတွေအထဲမှာ အသက်၊ ထိခိုက်မှု အာမခံကြေး ရတယ်ဆိုတဲ့ ရဲ၊ ဆေးကုသခွင့် အလကားရတယ် ဆိုတဲ့ ရဲ၊ ရာဇ၀တ်သားက ပြန်ခုခံလို့ ခါးကြားက ပစ္စတိုကို ဖျက်ကနဲ ထုတ်ချိန်လိုက်နိုင်တဲ့ ရဲ၊ အထက်လူကြီး ကတော်က ခေါ်ခိုင်းလို့ မလုပ်နိုင်ဘူးဗျာ… အခြား တာဝန်တွေ ရှိသေးတယ်ဆိုပြီး ပြန်ပြောရဲတဲ့ ရဲ၊ သူများ သားသမီးတွေ ကျောင်းအပ်ချိန်မှာ လိုက်အပ်နိုင်တဲ့ရဲ၊ လကုန်ခါနီးတွေမှာ လေကလေး တစ်ချွန်ချွန်နဲ့ နေနိုင်တဲ့ ရဲ၊ ပင်စင်သွားခါနီး ကိုယ်ပိုင်အိမ်လေးအပေါ် ကိုယ်ပိုင်ပစ္စည်း တစ်နင့်တစ်ပိုးနဲ့ ဟန်ကျပန်ကျပြောင်း နေနိုင်တဲ့ ရဲ မျိုးတွေကို အောက်ခြေရဲတပ်ဖွဲ့ဝင် လောကမှာ တွေ့ဖူးသလား ရှာကြည့်ပေးပါ၊ တွေ့ရင်လည်း အကြောင်းကြား ပေးကြပါ၊ ကျွန်တော်မှာရှိတဲ့ စုဆောင်းထားသမျှ၊ ပိုင်ဆိုထားသမျှကို ထုခွဲပြီး ကိုယ်ပိုင်ပြတိုက် တစ်ခု ချက်ချင်း တည်ဆောက်ပြီး အဲဒီလို ရဲတပ်သားရဲ့ပုံတူထုပြီး ပြသ ထားလိုက်ချင်ပါတယ်။
ရာမညမြေက ရဲသားလေးတစ်ဦး
မြန်မာသံတော်ဆင့်

2 Comment Box:

thant said...

အဆိုရှင်​ရဲ့​ပြောကြားချက်​များဟာမှန်​သင့်​သ​လောက်​မှန်​​ပေမဲ့မပြည့်​စုံ​သေးပါဘူး၊အခြား
အဆင့်​ရဲဝန်​ထမ်းများအတွက်​မှန်​​ကောင်းမှန်​​ပေမဲ့လူကြီးနား​နေရတဲ့လုပ်​တပ်​ကိုင်​တတ်
တဲ့သူ​တွေအဖို့​တော့အူဆိုပါတယ်​။ဒါ​တွေကိုပြုပြင်​​ပြောင်းလဲခြင်ယင်​​အချိန်​ယူရပါမယ်​။နို​င်
ငံတကာကို​လေ့လာကြည့်​ရင်​လည်းလပ်​မယူ​သောနို​င်​ဟူ၍မရှိပါ၊စင်္ကာပူလိုနိုင်​ငံ​တောင်​အနည်းနှင့်​အများရှိတတ်​ပါတယ်​၊နှစ်​များစွာစစ်​တပ်​အုပ်​ချုူပ်​မှု​အောက်မှနှစ်​အနည်းငယ်
အတွင်းပြုပြင်​​ပြောင်းလဲဖို့ဆိုတာမဖြစ်​နိုင်​ပါ။အဓိက ပညာတတ်​​သောရဲဝန်​ထမ်းစစ်​စစ်
ခန့်​အပ်​ပြီးတာဝန်​နှင့်​လုပ်​ပိုင်​ခွင့်​၊ရပိုင်​ခွင့်​များကို​ပေးအပ်​ကာအရပ်​သားအစိုးရ​အောက်
တွင်​တာဝန်​ခံ​ဆောင်​ရွက်​​စေရပါမယ်​။စစ်​တပ်​နှင့်​လုံးဝကင်းလွတ်​​သောလွတ်​လပ်​သည့်
တရားမျှတစွာဥပ​ဒေ​နှင့်​အညီလုပ်​ပိုင်​ခွင့်​ရှိသည့်​နိုင်​ငံတကာစံနူန်းများနှင့်​အညီထိမ်း
ကျောင်း​လေ့ကျင့်​အရည်​အချင်းပြည့်​ဝ​သောရဲဝန်​ထမ်းများဖြစ်​​စေရပါမည်​။လက်​နက်​ကိုင်
အဖွဲ့အစည်းဖြစ်​သည်​နှင့်​အညီအာဏာကိုတခြားအသုံးမပြု​စေ​သောပြည်​သူကိုကိုယ်​စား
ပြုမှုဖြင့်​ဥပ​ဒေဆိုးမိုး​ရေ့းကို​ရှေရှု့နိုင်​​သောအရည်​အချင်းပြည့်​ဝ​သောရဲဝန်​ထမ်းများမြင်​​တွေ့လိုပါသည်​။

kaung htet zaw Boy said...

မင်းတို့၇ဲ‌တွေမှာ‌ကောင်းတဲ့‌ကောင်‌ရှိတယ်‌ထားသိတယ်‌၊ကူညီပါ၇‌စေဆိုပြဆိုင်းဘုတ်‌ကြီနဲ့တို့‌ကျောင¨သား‌တွေပါလို့‌ပြောတာ‌တောင်‌‌ခြေ‌ထောက်‌နဲ့ကန်‌ပြီးအချုပ်‌ထဲတစ်‌ညအိပ်‌ခဲ့၇တာမ‌မေ့‌သေးဘူးကွ၊လွန်‌ခဲ့တဲ့၃နှစ်‌‌လောက်‌ကခံထား၇တာခုထက်‌ထိမ‌မေ့‌သေးဘူးအဲဒီ၇ဲကိုလီးဘဲမတ်‌၇ိုင်းတာ‌တော့မဟုတ်‌ဘူး‌တွေးကြည့်‌၇င်‌အခုထိ၇င်‌နာတုန်း‌မော်‌ကျွန်း‌ကျောင်းသားအဖွဲ့။

Post a Comment


 

Comment Box

Followers