Wednesday, August 28, 2013

ပုံရိပ်များ တေးစီးရီးကို မြို့ကြီးရှစ်မြို့၌ လက်မှတ်ထိုး ရောင်းချသွားမယ့် ရတနာမိုင်




အဆိုတော် ရတနာမိုင်၏ ပုံရိပ်များ အမည်ရှိ တတိယမြောက် တစ်ကိုယ်တော်  တေးစီးရီးကို ဩဂုတ်လ၂၈ ရက်နေ့တွင် ဖြန့်ချိမည်ဖြစ်ပြီး မြို့ကြီးရှစ်မြို့ ၌ လက်မှတ်ရေးထိုး ရောင်းချ သွားမည်ဖြစ်ကြောင်း ရတနာမိုင်က ပြောသည်။ 
 
"အခွေလေးမှာ သီချင်းတွေကို ပရိသတ် ကြိုက်အောင်ကြိုး စားပြီး စီစဉ်ထားတယ်၊ ခွေထွက်မှာ ၂ ရက်နေ့ပါ၊ ဩဂုတ်လ ၃၁ ရက်နေ့က စပြီး မြို့ကြီး ရှစ်မြို့မှာ အနုပညာ ရှင်တွေနဲ့ မိုင်လေး အပါအဝင် လက်မှတ် ရေးထိုးပြီး ရောင်းချ သွားမယ်၊ ပရိသတ်ကြီးက အားပေးပါလို့"ဟု ၎င်းက ပြောသည်။
အဆိုတော် ရတနာမိုင်၏ " ပုံရိပ်များ" တေးစီးရီးကို ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပြည်မြို့၊ မြင်းခြံမြို့၊ ပျဉ်းမနားမြို့၊ မုံရွာမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့တို့တွင် ရတနာမိုင်နှင့် အနုပညာရှင် မောင်နှမများမှ လက်မှတ်ရေးထိုး ရောင်းချသွားမည် ဖြစ်သည်။ 

"ပုံရိပ်များ"တေးစီးရီးကို ရတနာမြိုင်တေး ထုတ်လုပ်ရေးမှ ဩဂုတ် လ ၂၈ ရက်နေ့တွင် ဖြန့်ချိ သွားမည်ဖြစ်ပြီး တေးစီးရီးတွင် တေးရေး မင်းချစ်သူ၊ မိုးမင်းဝင်း၊ နောင်နောင်(SF) ၊ ယုန်လေး၊ ညီမင်းခိုင်၊ စိုးမိုးသန်း၊ အောင်လ၊ ထင်အောင်၊ Wilson Smith , KCL တို့မှ ရေးသားပေး ထားသည်။
Lazy Club ၊ Hi Bird ၊Nightingale ခေတ္တလူ့ပြည်၊ Reason တို့မှ တီးခတ် ပေးထားသည်။ ရတနာမိုင်သည် ' မရှိလို့မဖြစ်' ' ပဖမဘမ ' အမည်ရှိ တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားပြီး ' ပုံရိပ်များ' အမည် ရှိ တေးစီးရီးသည် သူမ၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ဖြစ်သည်။  


စုသက်နှင်း

Venus News Journal
Ref: ရိုးရာလေး

0 Comment Box:

Post a Comment


 

Comment Box

Followers