Wednesday, August 28, 2013

ကိုမြအေး၏ အပြာရောင်သက္ကရာဇ် တေးစီးရီးကို အကျဉ်းသားဝတ်စုံများဖြင့် ဒါရိုက်တာ နိုဘာက စတင်ရိုက်ကူး



နိုင်ငံရေးအကျဉ်းသားဘ၀ တွင်အကျဉ်းထောင်ထဲ၌ရေးသား ခဲ့သောသီချင်း(၁၀)ပုဒ်အပါဝင် သီချင်း(၁၁)ပုဒ်ဖြင့်စီစဉ်ထားသော အပြာရောင်သက္ကရာဇ်ညတေး စီးရီးကိုယခုနှစ်ဒီဇင်ဘာလဆန်း တွင်ဒီဗီဒီကာရာအိုကေဖြင့်ထုတ် ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်းထုတ် လုပ်သူတစ်ကိုယ်တော်တေးရေးဆရာ  ကိုမြအေးကပြောသည်။


““အဓိကကတော့ဝါသနာကို အခြေခံပြီးအားလပ်တဲ့အချိန်မှာ အကောင်ထည်ဖော်သွားမယ်လို့ စိတ်ကူးယဉ်ရင်းနဲ့အခုလိုစီးရီးထုတ်ဖို့ အထိစီစဉ်ဖြစ်သွားတာပါ””ဟု(၈၈) မျိုးဆက်၊ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှကိုမြအေးကပြော သည်။


““နိုင်ငံရေးသီချင်းနဲ့ပတ်သက် လို့ဒီနေ့ထောင်သီချင်းနှစ်ပုဒ်ထဲက သက္ကရာဇ်အပြာရောင်ညဆိုတဲ့သီ ချင်းနဲ့ထောင်တွင်းနေထိုင်မှုကိုပရိ သတ်များအနည်းငယ်သိစေချင်တဲ့ ဆန္ဒကြောင့်သမဂ္ဂကျောင်းသားများ ကိုထောင်ဝတ်စုံပုံစံတွေနဲ့တေးသီ ချင်းဖော်ထုတ်ပေးသွားမှာဖြစ်ပြီး ကိုဂျင်မီနဲ့မနီလာသိန်းတို့ကိုထောင် ၀င်စာလာတွေတဲ့သူတို့သမီးလေ့း ရဲ့ခံစားချက်ကိုပေါ်လွင်စေချင်တဲ့ အတွက်သမီးလေးရဲ့အပြုံးသီချင်း ကိုတေးစီးရီးထဲမှာထည့်သွင်းပေး ချင်တာကြောင့်ဒီနေ့မြောက်ဒဂုံမြို့ နယ်၊စက်မှုဇုန်ထဲမှာသမဂ်္ဂကျောင်း သားများနဲ့လာရောက်ရိုက်ကူးတာ ပါ””ဟုကိုမြအေးကရှင်းပြသည်။


အဆိုတော်ကိုထူးအိမ်သင်၏ ညီဖြစ်သောအဆိုတော်ကိုဒီမွန်က ““ဆိုရတဲ့သီချင်းတွေထဲကစာသား တွေကိုကျွန်တော်လည်းကြိုက်တယ်၊ ထောင်မကျဖူးပေမဲ့ ထောင်ကျ ခံနေရသလိုခံစားပြီးတော့ဆိုထား တာပါ””ဟုပြောသည်။

အဆိုပါတေးစီးရီးထဲတွင်နိုင်ငံ ရေးသီချင်းတွေပါဝင်သကဲ့သို့ပေါ့ သီချင်း၊ကန်းထရီးသီချင်း၊ရော့ခ် သီချင်းများဖြင့်လူငယ်အကြိုက်များ ဖြစ်အောင်ခေတ်နှင့်အညီရေးစပ် ထားကြောင်းသိရသည်။
ထောင်တွင်း၌ထောင်ဝါဒါက ခိုင်းစေသည့်အတိုင်းထောင်ဝတ်ပုံ စံများနှင့်ပုံဖော်ထားသောတေးစီး ရီးကို ထူးအိမ်သင်၏ညီကိုဒီမွန် ပါဝင်သောအဆိုတော်(၃)ယောက် ကသီဆိုပေးသွားမည်ဖြစ်ပြီးပြည် သူများကြည့်ရှုနားထောင်နိုင်ရန် အတွက်ယခုနှစ်ဒီဇင်ဘာလဆန်း ထဲတွင် DVD ကာရာအိုကေ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ကိုမြအေးသည် “မိုးကောင်း ကင်နှင့်တိမ်တိုက်များ”၀တ္ထုကိုရေး သားခဲ့ပြီး ဒါရိုက်တာကြည်ဖြူ သျှင်က ဗီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးခဲ့သည်ကိုပြည်သူများကြည့် ရှုခွင့်ရခဲ့သည်။

မင်းဆက်အောင်
HOT NEWS

0 Comment Box:

Post a Comment


 

Comment Box

Followers