Saturday, August 31, 2013

NLDပါတီတံဆိပ်ပါ အင်္ကျီဝတ်၍ ချိုင်းရောင်းနေ



ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့ နယ်၊ ငမိုးရိပ်စံပြဈေးနှင့် ကပ် လျက်ရှိသော ဦးတင်ဦးလမ်းထိပ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်၍ နှစ်လုံးထီတွက် သည့် ချိုင်းစာရွက်များနေ့စဉ် ရောင်းချလျက်ရှိကြောင်းမြင်တွေ့ နေရသူများက ပြောသည်။
ထိုချိုင်းစာရွက်များရောင်းသူ မှာNLDပါတီဝင် ဟုတ်မဟုတ် ကိုမသိရှိရသော်လည်း ပါတီ တံဆိပ်ပါအင်္ကျီဝတ်ဆင်၍နှစ်လုံး ထီတွက်သည့် ချိုင်းစာရွက်များ ရောင်းနေခြင်းမှာ ပါတီ၏ ဂုဏ် သိက္ခာကို ညှိုးနွမ်းစေနိုင်သည်ဟု မြင်တွေ့သူများက ဆိုသည်။
အဆိုပါပုဂ်္ဂိုလ်မှာNLDပါတီဝင်ဖြစ်ပါကလည်း ယင်းလုပ် ရပ်မျိုးမပြုလုပ်သင့်ကြောင်း၊ထိုသို့ ပါတီတံဆိပ်ပါ အင်္ကျီဝတ်၍ချိုင်း စာရွက်များရောင်းနေခြင်းသည် ပြည်သူအများကချစ်သောအင်အား ကြီးပါတီတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း၊ ပါတီ တစ်ခု၏အဆောင်အယောင်သည်  အသုံးချခံပုံစံမျိုးမဖြစ်သင့်ကြောင်း၊ ပါတီ၏တာဝန်ရှိသူများအနေဖြင့် လည်း ဤကိစ္စမျိုးကို ကြပ်မတ် သင့်ကြောင်း မြင်တွေ့သူများ၏ ပြောပြချက်အရ သိရသည်။
ညီညီအောင်
Hot News 

0 Comment Box:

Post a Comment


 

Comment Box

Followers