Wednesday, August 28, 2013

ရွာပြန်ချိန်တွင် ရွာပျောက်ပြီ ...။


 
 
၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ် အရေးခင်းဖြစ်ပြီး သိပ်မကြာခင်မှာပင် မြန်မာနိုင်ငံ အနောက်ဘက်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဘင်္ဂလီကုလားတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသော ရခိုင်၊ မြို၊ သက်၊ ဒိုင်နက်၊ ဟိန္ဒူတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးခံခဲ့ရသည်။ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဟိန္ဒူတို့၏ ဘာသာရေးကျောင်းများအပြင် သူတို့နှင့် ဘာသာမတူသူများကို သတ်ဖြတ်ခဲ့သည်။ ထိုနည်းတူစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်ကြားတွင်လည်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ် စက်တာဘာလ(၁၉/၃၀)ရက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလီကုလားတို့၏ မေတ္တာကြီးမားပုံကြောင်း စစ်တကောင်းနယ်၊ ကော့စ်ဘဇာနယ် ၊ ပန်းဝါ၊ ကယုချောင်းတို့သည် အဆိုးအရွားဆုံး ခံစားခဲ့ရသည်။ ဘင်္ဂလီတို့၏ အကြမ်းဖက်မှုကြောင်း ဗုဒ္ဓဘာဘန်းတော်ကြီးကျောင်း (၂၄)ကျောင်း၊ သိမ်(၂)ဆောင်၊ ရှေးဟောင်းလျောင်တော်မူ တစ်ဆူ၊ လူနေအိမ် (၁၀၀)ကျော်၊ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုန်းကြီးရဟန်များ၊ မရမာ၊ ရခိုင်၊ မြို၊ သက်တို့သည် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သော ရခိုင်၊ မြို၊ သက်၊ ဒိုင်နက်နှင့် ဟိန္ဒူတို့မှာ မနေရဲတော့ဘဲ နီးစပ်ရာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ဘက်အခြမ်းကို ထွက်ပြေးလာကြသည်။ နေ့စဉ်နှင့် အမျှ ရခိုင်ပြည်နယ်သို့ လာရောက် ခိုလုံကြသည်။ ယခုဆိုလျှင် ဒုက္ခသည်ပေါင်း (၁၀၀၀)ကျော်ပြီးဟု သိရှိရသည်။ သို့သော်လည်း သူတို့ကိုကား ယူအန်အဖွဲ့အစည်းအပါအ၀င် ၊ နိုင်ငံတကာအဖွဲ့(NGO)များမှ ဒုက္ခသည်အဖြစ် မသတ်မှတ်ဘဲ Return Home လို့ သတ်မှတ်ပြီး မည့်သည် အကူးအညီကိုမျှ မပေးအပ်ခဲ့ပေ။ ခြွင်းချက်အနေဖြင့် ယူအန်စားနပ်ရိက္ခာအဖွဲ့(WFP)မှ လောလောဆယ် စားသောက်ဖို့အတွက် လူ့သားဆိုင်ရာ အခွင့်အရေးအဖြစ် တစ်မိသားစုလျှင် ဆန်တစ်အိတ်စီကိုသာ ပေးခဲ့သည်။ သူတို့ကို တစ်ဖက်နိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင်း ထွက်ပြေးလာရသည့် ဒုက္ခသည်အဖြစ် မသတ်မှတ်ဘဲ အိမ်လာသူ(Return Home)လို့ သတ်မှတ်ခဲ့သည်။ ဘာကြောင်း ဒုက္ခအဖြစ် မသတ်မှတ်သလဲ။ အိမ်ပြန်လာသူအဖြစ် အဘယ်ကြောင်း သတ်မှတ်ရသလဲ။ မြန်မာနိုင်ငံအစိုးရမှလည်း လူသားဆိုင်ရာ အခွင့်အရေးအရ ကူးညီလက်ခံပေးခဲ့သည်။ သူတို့သည် မြန်မာနိုင်ငံသားမဟုတ်၊ တစ်ဖက်နိုင်ငံမှ နိုင်ငံသားများဖြစ်ကြသည်။ သို့သော် သူတို့သည် အမိမြန်မာနိုင်ငံသား အစစ်အမှန်ဖြစ်သည်။ လမ်းလျောက်ရင်း လမ်းပျောက်သွားသူများဖြစ်ပြီး ရွာပြန်လာချိန်တွင် ရွာပျောက်ခံရသူများဖြစ်နေသည်ကိုကား မမေ့အပ်ပေ။

သမိုင်းကြောင်းကိုအရ သူတို့သည် မိဘ ဘိုးဘွားတို့၏ မြေကို ပြန်လာကြခြင်းသည်ကား အမှန်ပင်။ ဒီနေရာသည် သူတို့၏ အိမ်၊ သူတို့၏ ဘိုးဘွားများမှ ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ သွေးပေါင်းများစွာဖြင့် တည်ဆောက်ပေးခဲ့သည့် မြေဖြစ်သည်။ တစ်နယ် တစ်ကျေတွင် နွေးထွေးမှုမရှိသည့်အခါ မိဘရိပ်ကို ခိုလုံဖို့ လားရောက်ကြသည့် သားသမီးတို့သည် တည်ခိုစရာမှ နွေးထွေးမှုကို မပေးနိုင်တော့ဘဲ ရွာပျောက် ဘ၀ကို ရောက်ခဲ့ရသည်မှာ ရင်နာစရာ ကောင်းလှသည်။

ရခိုင်ဘုရင် အဆက်ဆက်အုပ်ချုပ်စဉ်အခါက ပစ္ဆိမဒေသဟု ခေါ်တွင်းသော အနောက်ငယ်ဟုခေါ်သော ပန်းဝါမြစ်၏ မြစ်ကမ်းနဖူးပေါ်တွင် တည်ထားခဲ့သော ပန်းဝါ(ရာမူ)မြို့၊ အောင်ချမ်းသာမြို့(ခ) ဖလောင်းချိပ်(ခ) ကော့ပဇာမြို့၊ ဂေါ်တောပလ္လင်မြို့၊ ရီကြိုင်ချောင်း၊ ပန်းချောင်း၊ ပန်းသိရီချောင်း၊ ရဲဇူးချောင်း၊ ကောက်ကတန်၊ သလူတောင်ထိ၊ အူချာ၊ နီလာ(ညီးလား)၊ ကယုချောင်း(တက်ကန) ချောင်းထိဆိုသည်။ ကယုချောင်းမှ တောင်ဖက် ဖလောင်းချိပ်ထိ မိုင်(၆၀)၊ ကယုချောင်းမှ တောင်ဖက် ရှင်မဖြူ၊ ရှင်မညိုထိ (၉)မိုင်၊ ပန်းဝါနှင့် ဖလောင်းချိပ်ကြား (၁၀)မိုင်၊ လောင်းချိပ်နှင့် ဂေါ်တောပလ္လင်ထိ (၂၀)မိုင်၊ ကယုချောင်းမှ ဂေါ်တောပလ္လင်ထိ (၃၀)မိုင်၊ တက္ကနက်မှ စစ်တကောင်းထိ မိုင် (၁၂၀)ထိ ပိုင်ဆိုင်ခဲ့ကြောင်းကို တွေ့ရသည်။ (ရခိုင်ယဉ်ကျေးမှု-၉၊ စာ-၁၄၀) ရခိုင်သမိုင်းတို့တွင် ရခိုင်နယ်နိမိတ်ထဲတွင် တည်ရှိခဲ့သည်။ ထို့အပြင် “ထောင်” တိုင်းပြည်ထောင်များ တည်ဆောင်ပြီး အုပ်ချုပ်ရေး မာန်တိုင်းကို တည်ဆောက်ခဲ့သည်။
“ထောင်”ဆိုသည်မှာ ပြည်ထောင်၊ မြို့ထောင်၊ ရွာထောင်”ကို ဆိုလိုသည်။ ရခိုင်ဘုရင်များလက်ထက်တွင် ပထမဦးဆုံး “ထောင်”(၇)ထောင်ကို တည်ဆောက်ခဲ့သည်။ (၁) သောတိံသုမူရထောင်(ယခု-တိပူရ/တြိပူရထောင်) (၂) မဏိပူရထောင် (၃) အာသံထောင် (၄) ဗိုလ်မင်းထောင် (၅) ဖလံထောင် (၆) သက်ထောင် (၇) မြုံထောင် တို့ကို တည်ထောင်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် “ထောင်”ပေါင်း (၆၄)ထောင်ထိရှိခဲ့သည်ဟု ဆိုသည်။ (ရခိုင်ရာဇ၀င်သစ်ကျမ်း) ယခုအခါ ရခိုင်တို့၏ အုပ်ချုပ်ရေး ယန္တရားယိုင်လဲမှုနှင့်အတူ တိုင်းထောင် ၊ ပြည်ထောင်တို့သည် အစိပ်စိပ် အမွှာမွှာကွဲပြားခဲ့ရပြီး တစ်ချို့ တစ်ဝက်တွင် မြန်မာနိုင်ငံ ပိုက်နက်နယ်ပယ်မှ ခွဲထုတ်ပေးလိုက်ရသည်။ ဗိုလ်မင်းထောင်၊ သက်ထောင်၊ မြုံထောင်၊ ဖလံထောင်တို့သည် ဘင်္ဂလားဒေ့ရှ်နယ်ပယ်ထဲကို ခွဲပေးလိုက်ရပြီး မဏိပူရထောင်၊ အာသံထောင်၊ သောတိံပူရထောင်တို့ကို အိန္ဒိယနိုင်ငံထဲကို ထည့်ပေးလိုက်ရသည်။ ထိုအရပ် ထိုဒေသတွင် နေထိုင်သူများသည် ရခိုင်တို့၏ သွေးချင်း၊ မျိုးချင်း၊ ညီအစ်ကိုများဖြစ်သည်။ ပင်မ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်တို့မှ ကျန်ရစ်ခဲ့သည် မျိုးဆက်များဖြစ်ကြသည်။ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင် အတူတကွနေထိုင်ခဲ့ရပြီး ကျွန်းကွဲ၊ ချောင်းခြားသောအခါ ညီအစ်ကိုချင်းလည်း အနေဝေးခဲ့ရသည်။

ရခိုင်ထီးနန်းသည် စည်းလုံးမှု ပြိုကွဲပြီး အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင်း ၁၁၄၆ ခုနှစ်မှာ ရခိုင်တို့၏ ထီးနန်းသည် ဗမာအင်ပါယာ အမပူရဘုရင် ဘိုးတော်ဘုရားလက်အောက်ကို ကျဆုံးခဲ့ရပြီး တစ်ချို့တစ်ဝက်သို့ ဒေသများသို့ ဗမာတို့၏ ချုပ်အုပ်ရေး ယန္တရား မသက်ရောက်ခဲ့ဘဲ ကျန်ရစ်နေသေ ဒေသများလည်းရှိခဲ့သည်။ ဗမာဘုရင်၏ လက်အောက်တွင် မနေလလိုသူများသည် ဗမာဘုရင်တို့၏ အုပ်ချုပ်မှု လက်လှမ်းမမှီရာများသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ရသည်။ အထူးသဖြင့် ရခိုင်တို့သည် ရခိုင်တို့ရှိရာ ဘင်္ဂလားဒေ့ရှ်ဒေသများသို့ ထွက်ပြေး ခိုလုံခဲ့ကြသည်။

၁၇၅၇ ခုနှစ်တွင် ကပင် ဘင်္ဂလားဒေ့ရှ်(အိန္ဒိယပိုက်နက်)ဒေသသည် အင်္ဂလိပ်လက်အောက်ကို မြန်မာနိုင်ငံထက် နှစ်ပေါင်း (၉၀)ကြာကျရောက်ခဲ့ပြီး ရခိုင်တစ်ချို့သည် အင်္ဂလိပ်လက်အောက်တွင် ကျရောက်လျှက်ရှိခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် ပထမ မြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် ရခိုင်နှင့် တနင်္လာရီဒေသည် အင်္ဂလိပ်ကို လက်အောက်ကို ကျရောက်ခဲ့ပြီး ရခိုင်တို့၏ နယ်မြေသည်လည်း ကမ္ဘာမြေပုံထဲတွင် ဝေခွဲမရဘဲ ပပျောက်ခဲ့ရသည်။ အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ရခိုင်ပိုင် မြေပုံသည် အနောက်ဖက် နတ်မြစ်ဝမှ ခွဲခြမ်းလိုက်ပြီး တစ်ချို့ ရခိုင်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင် ၀င်ပါသွားခဲ့ရပြီး ပင်မ ရခိုင်ပြည်မှာ မြန်မာနိုင်ငံနယ်နိမိတ်ထဲတွင် ကျန်ရစ်ခဲ့သည်။

ဤကဲ့သို့ ထီးပြိုင် နန်းပြိုင်ဘ၀ဖြင့် ဗုဒ္ဓဘာသာကို ရိုးမြေကျ သက်ဝင် ယုံကြည်ကိုးကွယ်လာခဲ့ကြသော ရခိုင်တို့သည် ဘယ်နေရာကို ရောက်ရောက် ဘယ်ဒေမှာ နေနေ ဗုဒ္ဓဘာသာကလွဲပြီး တစ်ခုကိုမျှ မကိုးကွယ်ခဲ့ချေ။ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ရသော ရခိုင်၊ သက်၊ မြိုတို့သည် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ပြီး မိစ္ဆာတို့၏ တိုက်ဖျက်မှုကြောင်း မလုံခြုံတောဘဲ အဖပြည်သို့ ထွက်ပြေးလာရောက် ခိုလုံကြသည်။ သို့သော်လည်း အဖပြည်တွင် ၀င်ကစွပ် မိစ္ဆာတို့မှ ထကြွ ပုန်ကန်နေသဖြင့် အဖပြည်လည်း မအေးချမ်းနိုင်သောကြောင်း နွေးထွေးမှု ဓာတ်ကို မပေးခဲ့နိုင်ချေ။ သို့သော် ယခုလာရောက် ခိုလုံသူများသည် အမိမြန်မာနိုင်ငံတော်၏ တကယ့်သွေးရင်းသားရင်းများဖြစ်သည်။ ထို့ကြောင်း အမိမြန်မာနိုင်ငံတော်ကြီးမှ မလစ်ရှုဘဲ သူတို့ကို ညီရင်းပမာ ဖေးကူလျှက် ကူညီပေးစေချင်သည်ကား အမှန်ပင် ဖြစ်သည်။ သူတို့ ရွာကို ပြန်လာကြချေပြီး ကျနော်တို့ကား သူတို့အတွက် ရွာမပျောက်ဖို့ ဖေးမကူညီဖို့အတွက် ညီအစ်ကို ပီးသကြပါစို့။

ဝေဟင်အောင်
၂၈၊ ၈၊ ၂၀၁၃။
Wai Hun Aung
 

0 Comment Box:

Post a Comment


 

Comment Box

Followers