Tuesday, August 20, 2013

တင်ပြမှုတွေ အားနည်းသလားဆိုပြီး ပရိသတ်ကို အားနာနေတဲ့ စိုးမြတ်သူဇာ

 အလုပ်တစ်ခုကို လုပ်တဲ့အခါ အောင်မြင်မှုရဖို့အတွက်တော့ အားလုံးနဲ့ အဆင်ပြေသဟဇာတဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုလာတဲ့ သူကတော့ စိုးမြတ်သူဇာပဲ ဖြစ်ပါတယ်။

“ ဒီအလုပ်ကို လုပ်တဲ့အခါ ဘာသိလာသလဲဆိုတော့ တစ်ဦးတစ်ယောက်တည်း ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ မျှမျှတတတွေးပေးရမယ်။အများနဲ့ စုပေါင်းပြီး လုပ်နိုင်ရမယ်။ သူများရဲ့ အားနည်းချက်ကိုလည်း သည်းခံနိုင်ရမယ်။ ကိုယ့်ရဲ့ အားသာချက်ဆိုပြီး ထောင်ထောင်လွှားလွှား နေလို့ မရပါဘူး။ အားလုံးနဲ့ သဟဇာတ ဖြစ်အောင် နေနိုင်ရင်တော့ အောင်မြင်မှာပဲ။ ဒီအလုပ်မှ မဟုတ်ဘူး။ ဘယ်အလုပ်မဆိုပေါ့။ လုပ်ငန်းခွင်မှာ မတည့်ဘူး။ မပျော်ဘူးဆိုရင် ဘယ်အဆင်ပြေတော့မှာလဲ။ သဘောတရားက ဒါပါပဲ” လို့ စိုးမြတ်သူဇာက အလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်ကို ပြောပြပါတယ်။

ပရိသတ်ကတော့ ကားကောင်းရင် အားပေးပြီး ဟာသဆိုရင်လည်း ပီပီပြင်ပြင် လုပ်နိုင်ရင် အားပေးမှာပဲ ဖြစ်ကြောင်း ပရိသတ်တွေက အနုပညာ သမားတွေကို ချစ်ပြီးသားပဲ ဖြစ်ကြောင်း စိုးမြတ်သူဇာက ပြောပါတယ်။

“ကိုယ်တွေဘက်က တင်ပြရတာ အားနည်းနေတာက တအားများတယ်။တစ်ခါတစ်လေ ကျရင် ကိုယ်လုပ်ပြချင်တာတွေက မလွယ်တာတွေ ရှိတယ်။ မလွယ်ဘူးဆိုတာကလည်း လူတိုင်းက အယူအဆတွေ တူမှာပဲလေ။ ရိုက်ချက်တွေ၊ ရိုက်ပြချင်တာတွေက ဒါရိုက်တာတွေ ဘက်မှာ အများကြီးရှိမယ်လေ။ တွေးထားတာနဲ့ လုပ်ဖြစ်တာနဲ့က ကွာခြားတက်သေးတာကိုး။ အဲဒါကြောင့် ကိုယ့်ဘက်က တင်ပြမှုလေးတွေ အားနည်းသလားလို့ ပရိသတ်ကို အားနာမိတယ်” လို့ စိုးမြတ်သူဇာက ဆိုပါတယ်။
Friday(Malay)
Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers