Friday, August 30, 2013

ချယ်ဆီးအသင်း အုပ်စုချောင်ပြီး အာဆင်နယ်အသင်း အုပ်စု ကျပ်ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုမဲခွဲရလာဒ်များ

ဘောလုံးဝါသနာရှင်များ အားလုံး စိတ်ဝင်တစား မျှော်လင့်စောင့်စားနေခဲ့ကြသည့် ၂၀၁၃-၁၄ ခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် မဲခွဲပွဲကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပါခဲ့ပါတယ်။ လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Estadio da luz မှာ ကျင်းပမည် ဖြစ်သည်။ ချန်ပီယံလိဂ် အုပ်စု အဆင့်သို့ တက်ရောက်လာသည့် ဥရောပတစ်လွှားမှ ထိပ်တန်း အသင်း ၃၂ သင်းကို ဥရောပ ကလပ်အသင်းများ အဆင့် သတ်မှတ်ချက်အရ အဆင့် ၄ ဆင့် ခွဲခြားပြီး အဆင့်တစ်ဆင့်စီမှ တစ်သင်းစီ ပါဝင်လာမည့် အုပ်စု ၈ ခု မဲနှိုက်ရေးဆွဲ သွားခဲ့ခြင်း ဖြစ်သည်။
အုပ်စု မဲခွဲမှု ထွက်ပေါ်လာသည့် ရလာဒ်များအရ အင်္ဂလန်အသင်းများဟာ ခက်ခဲ ကျပ်တည်းလွန်းသည့် အုပ်စုမှာ မကျရောက်ခဲ့ပဲ အာဆင်နယ်အသင်းတစ်သင်းသာ ဒေါ့မွန်၊ မာဆေးလ်၊ နာပိုလီ အသင်းတို့လို အသင်းကောင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အင်္ဂလန်အသင်းများမှာ ချယ်ဆီးအသင်းကတော့ ရှောကေးလ်၊ ဘေဆယ်၊ စတူဘာ ဘူခါရက် အသင်းများနှင့် တွေ့ဆုံခဲ့ပြီး အင်္ဂလန်အသင်းများမှာ ကံအကောင်းဆုံး အသင်း ဖြစ်ခဲ့သည်။

အခက်ခဲ  အကျပ်တည်းဆုံး အုပ်စု အဖြစ် အုပ်စု (H) ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်ဇ် နှင့် ဆဲလ်တစ် အသင်းတို့ အတူ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။ အုပ်စု (C) မှာတော့ ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အိုလံပီယာကို့စ်၊ အန်ဒါလက်ခ်ျတို့ အတူ ကျဆုံခဲ့ပြီး လွယ်ကူမည့် အုပ်စုတစ်ခု ဖြစ်ခဲ့သည်။
အုပ်စုအဆင့် တွေ့ဆုံမှုများ
အုပ်စု (A) မန်ချက်စတာ ယူနိုက်တက်၊ ရှက်တာဒိုးနက်၊ ဘေယာ လေဗာကူဆင်၊ ရီးရဲ ဆိုစီဒက်
အုပ်စု (B) ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်
အုပ်စု (C) ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အိုလံပီယာကို့စ်၊ အန်ဒါလက်ခ်ျ
အုပ်စု (D) ဘိုင်ယန်မြူးနစ်၊ စီအက်စ်ကေအေ မော်စကို၊ မန်စီးတီး၊ ဗစ်တိုးရီးယား ပါလ်ဇန်
အုပ်စု (E) ချယ်ဆီး၊ ရှောကေးလ်၊ ဘေဆယ်၊ စတူအာ ဘူခါရက်
အုပ်စု (F)  အာဆင်နယ်၊ မာဆေးလ်၊ ဒေါ့မွန်၊ နာပိုလီ
အုပ်စု (G) ပေါ်တို၊ အက်သလက်တီကို မက်ဒရစ်၊ အက်ဖ်စီ ဇင်းနစ် စိန့်ပီတာစဘတ်၊ သြစတြီးယား ပါလ်ဇန်
အုပ်စု (H) ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်၊ ဆဲလ်တစ်
ချန်ပီယံလိဂ် အုပ်စုအဆင့် ကစားမည့် ရက်စွဲများ
စက်တင်ဘာ ၁၇၊ ၁၈
အောက်တိုဘာ ၁၊၂
အောက်တိုဘာ ၂၂၊ ၂၃
နိုဝင်ဘာ ၅၊၆
နိုဝင်ဘာ ၂၆၊ ၂၇
ဒီဇင်ဘာ ၁၀၊ ၁၁
Written by အောင်စိုးမိုး(နတ်ရွာ)
Football Café

0 Comment Box:

Post a Comment


 

Comment Box

Followers