Friday, September 20, 2013

20.9.2013 မှ 26.9.2013 အထိ ၇ ရက်သားသမီးဗေဒင်



တနင်္ဂနွေ

စိတ်လိုက်မာန်ပါ ပြောမိ၊လုပ်မိတ်၏။ နေအိမ်မှသော်လည်းကောင်း၊ အလုပ်မှသော်လည်းကောင်း ထွက်ချင်တက်၏။ အတူနေမိသားစု သို့မဟုတ် အလုပ်တူအကိုင်တူတို့နှင့် အဆင်မပြေဖြစ်တက်၏။ သို့သော် စွန့်စားမှုများမပြုလုပ်သင့်သေးပါ။ အချစ်ရေးမှာ လက်ထပ်ရန် စီစဉ်ဆောင်ရွက်မှု့ လုပ်နေဆဲမှာအဆင်မပြေမှု့၊ သဘောထားမတိုက်ဆိုင်မှု ဖောက်ပြန်မှုများဖြစ်တက်၍ ဂရုစိုက်ပါ။ လုပ်ငန်းတချို့ ကတိပြုပြီးမှ ပျက်ကွယ်တက်သည်။ စပ်တူရှယ်ယာများဆင်ခြင်ပါ။ တောင်အရပ်ခရီး ဘုမ္မိကျ၍ ဆင်ခြင်ပါ။ မမျှောင်လင့်ဘဲ ငွေရမည်။ သို့မဟုတ် ထီပေါက်မည်။ သို့မဟုတ် အမွေရမည်။ အိမ်ပြု ပြင်မှုဖြစ်မည်။ အိမ်ထောင်သည်တို့ အငယ်အနှောင်းပေါ်မည်။

 အကျိုးပေးဂဏန်း  ၇၊ ၆၊၉
အထူးဟော  စဉ်းစားပြီးမှ ဆောင်ရွက်ပါ။

ယတြာ               သက်ကြီးရွယ်အို ၆ဦးကို တနင်္ဂနွေနေ့မှာ  အစားအသောက်လှူဒါန်းပါ။

တနင်္လာ

စွန့်စားရသောခရီး၊ စမ်းသပ်ရသောအလုပ်၊ စောင့်ကြည့်ရသောအချစ်တို့ဖြင့် ကြုံနေမည်။ အရာရာမှာ ဘာဖြစ်လာပါလိမ့်မည်ဟုအတွေးများနှင့် စမ်းတဝါးဝါးလုပ်ကိုင်နေထိုင်ဆက်ဆံမှုများဖြင့်ရှိနေမည်။ ထို့ကြောင့် သင့်အား တပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ မိတ်ဆွေသစ်တို့က ကူညီမည်။ နေရာသစ်၊ ဒေသသစ်တို့ရောက်ရှိမည်။ လုပ်ငန်းအသစ်တွေလုပ်ဖြစ်မည်။ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်။ အချစ်ရေးမှာ အပြောင်းအလဲတခုဖြစ်လိမ့်မည်။ ငွေကြေးကိစ္စ ပြောဆိုကြရတက်သည်။ လူယုံမထားသင့်ပါ။ လက်အောက်ငယ်သားမမြဲပါ။ 

အကျိုးပေးဂဏန်း ၂၊၄၊၅
အထူးဟော        လူယုံထားပြီး စကားကိုကုန်အောင်မပြောနှင့်။
 ယတြာ              တနလာင်္နေ့မှာသတ်ခံရမည့်ငါးဈေးတန်းကငါးလေး၁၅ကောင်ဝယ်ပြီးရေများသောနေရာကိုလွတ်ပါ။

အင်္ဂါ
ဒီတပတ်မှာတော့ အဂါင်္သားသမီးတို့၏ကံကြမ္မာက စိုးရိမ်မှုကြောက်ရွံ့မှုများဖြစ်တတ်တယ်လို့ဆိုပါတယ်။ ဒီလိုပါ ချစ်ခဲ့မိတဲ့ချစ်သူရဲ့ ဆိုးဝါးမှုများလွန်ကဲလာဦးမလားလို့ စိုးရိမ်မှု လုပ်ခဲ့မိတဲ့အလုပ်ကို စခဲ့မိတဲ့အတွက် ဒီထက်ဆိုးဦးမှာလားလို့ စိုးရိမ်မှု အိမ်ထောင်ရေးမှာ ကွဲတော့မှာလားလို့ စိုးရိမ်မှု အိမ်ထောင်ရေးဖောက်ပြန်မှုကြီး ပေါ်သွားမှာလားလို့ စိုးရိမ်မှုများပေါ်ပေါက်မှာ စိုးရိမ်စိတ်တွေ ဖြစ်လာပါမည်။ သို့သော် သင်ဘာမှ မစိုးရိမ်ပါနှင့် သင်စိုးရိမ်သလို လုံးဝမဖြစ်လာပါဘူး။ သင်ခရီးဝေးတခုသွားရပါမည်။ စိတ်ချမ်းသာစရာအလုပ်က သတင်းကောင်းကြားရပါမည်။ မကြာမှီပင် အလုပ်ခန့်စာရပါမည်။ သို့မဟုတ် ရာထူးတက်ကြောင်းကြားလာပါမည်။ စာမေးပွဲတွေလည်း မုချအောင်မြင်ပါမည်။ နာရီ၊ လက်စွပ်၊ အထည်၊ ဓာတ်ပုံတစ်ခုခုတော့ မုချဧကန်လက်ဆောင်ရပါလိမ့်မည်။
အကျိုးပေးဂဏန်း ၃၊၅၊၈
အထူးဟော       အဆင်ပြေပါလိမ့်မည်။
ယတြာ              အဂါင်္နံနက်တွင် သံဃာတော် ၈ပါးကိုဆွမ်းလှူပါ။

ဗုဒ္ဓဟူး
ဝမ်းသာစရာများ စိတ်ချမ်းသာစရာများ မုချကြုံတွေ့မည်။ ပြည်တွင်းခရီးဝေးပြည်ပခရီးဝေးများ သွားဖြစ်မည်။ သွားသောခရီးများအောင်မြင်မည်။ အလုပ်အကိုင်နှင့် ပညာရေးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ အချစ်ရေးကိစ္စများ ကတိတွေပေးပြီးမှ ပျက်ကွက်တက်ပါသည်။ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ စိတ်ဝမ်းကွဲရန်ကြုံတက်ပါမည်။ သို့မဟုတ် တစ်နေရာစီ ခွဲနေပြီးနေတက်သည်။ စက်၊ ယာဉ်၊ ရွှေတို့ဝင်မည်။ ထွက်မည်။ လက်ဆောင်များရမည်။ ချစ်သူအသစ်ထပ်တွေ့မည်။ စွန့်စားမှုများ၊ စူးစမ်းမှုများပြုလုပ်ဖြစ်မည်။ ကြိုးစားမှုများ အောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ စကားပြောဆင်ခြင်ပါ။ စိတ်ဝမ်းကွဲမည်။ မိတ်ဆွေသစ်တိုးမည်။ အဝေးမိတ်ဆွေတွေ ကူညီမည်။ ငွေဝင်ကောင်းမည်။ ငွေထွက်ကြမ်းမည်။
အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော       အောင်မြင်မှုတွေရမည်။
ယတြာ               အိမ်ဘုရားကို ဗုဒ္ဓဟူးနေ့ ရေအေးရေသက်စေ့ကပ်လှူပါ။

ကြာသပတေး
ရည်ရွယ်ချက်များ ရည်မှန်းချက်များအောင်မြင်မည်။ ကွက်ကျော်မြင်အကဲခတ်ကောင်းခြင်များကြောင့် ပို၍အောင်မြင်မည်။ မရောက်ဖူးသောခရီးရောက်မည်။ ရာထူးတက်မည်။ စီးပွားတက်မည်။ မြေ ရောင်း/ဝယ်ဖြစ်မည်။ ကား၊ စက်၊ အပြောင်းအလဲဝင်မည်။ အချစ်ရေးအဆင်မပြေဖြစ်ရာမှ ပြန်အဆင်ပြေမည်။ အိမ်ထောင်ရေးကွဲပြီးနောက်ပြန်ပေါင်းမည်။ သို့မဟုတ် ခွဲနေသောအိမ်ထောင်သည်များ ပြန်၍အတူနေဖြစ်မည်။ ဝမ်းဗိုက်၊ အစာအိမ်၊ လေနာဂရုစိုက်ပါ။ အကျိုးဆောင်လုပ်ငန်းလုပ်သူများကို ဂရုစိုက်ပါ။ ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက်ဒေါင့်အရပ်ကိုဂရုစိုက်ပါ။ သို့သော် အန္တရယ်လုံးဝမရှိပါ။ 

အကျိုးပေးဂဏန်း ၅၊၀၊
အထူးဟော ကံကောင်းမည်။
ယတြာ              အိမ်ဘုရားကို ကြာသပတေးနံနက်တွင် အောင်သပြေ ၁၀ညွန်ပကပ်ပါ။

သောကြာ
မရည်ရွယ်ဘဲ စောကဲမင်းဖြစ်ကိန်းရောက်နေပြီ။ သင်ကံကောင်းပြီ။ သင်လုပ်ခဲ့သောအလုပ် သင်ဆောင်ရွက်ခဲ့သောအလုပ် ဖြေဆိုထားသောစာမေးပွဲအောင်မြင်မည်။ ဘဝမှာတိုးတက်မှုကြီးတစ်ခု ရသွားလိမ့်မည်။ ဂုဏ်ယူစရာကောင်းမည်။ သင့်မှာချစ်သူ ၂ဦးထက်မနည်းရှိမည်။ ချစ်သူတွေကလည်း သင့်အားဂုဏ်ပြုကြလိမ့်မည်။ အိမ်ထောင်ရေးသာယာမှုဖြစ်မည်။ ငွေစုလိုက် ပြုံလိုက်ဝင်မည်။ မြေ၊စက်၊ကားတို့ ဝင်ခြင်း၊ထွက်ခြင်းတို့ဖြစ်မည်။ မရောက်ဖူးသောခရီး မသွားဖူးသောနေရာ ရောက်မည်။ ချစ်သူနှင့် စိတ်ဝမ်းကွဲမှု ခွဲသွားမှု ရမှု ဖြစ်ပြီးစေ့စပ်ထားသူများ စေ့စပ်မှုပျက်ပြယ်ခြင်းများဖြစ်မည်။ ဂရုစိုက်ပါ။ ကျန်းမာရေးမှာ အစာအိမ်၊ လေနာဖြစ်တက်သည်။ 

အကျိုးပေးဂဏန်း  ၆၊၈၊၁
အထူးဟော  အဟောင်းနှင့်ကွဲပြီး အသစ်နှင့်ရတက်သည်။    
ယတြာ   သောကြာနံနက်တွင် အိမ်ဘုရားကို သစ်သီး ၉လုံးလှူပါ။

စနေ
ရည်ရွယ်ချက်များနေမည်။ ရည်ရွယ်ချက်များတပြိုင်နက်တည်းလုပ်ခြင်းထက် တခုပြီမှ တခုလုပ်ပါက အောင်မြင်မှုမြန်ဆန်မည်။ စကားပြောဆင်ခြင်ပါ။ စကားရန်ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းတဆင့်ပြီးတဆင့် တက်၍ အောင်မြင်မည်။ အလုပ်အကိုင်ရာထူးတက်မည်။ ကိုယ်ပိုင်၊ ရှယ်ယာ၊ အလုပ်များအောင်မြင်မှုရမည်။ အချစ်ရေးမှာ စိတ်ဝမ်းကွဲပြီးမှ ပြန်ခေါ်မည်။ အလုပ်တူများအတိုက်အခံပေါ်မည်။ စာမေးပွဲများ အောင်မြင်မည်။ အိမ်ထောင်သည်များ နောက်အငယ်ထပ်တွေ့မည်။ ချစ်သူရှိသောသူများ သစ္စဖောက်လိမ့်မည်။ ကိုယ်ချစ်သောသူများ မိဘတို့ သဘောမတူပြသနာရင်ဆိုင်ရလိမ့်မည်။ စီးပွားရေးလုပ်ငန်းသစ်တွေအောင်မြင်မည်။ စက်၊ကား၊မြေတို့ဝင်မည်။ ထွက်မည်။ 

အကျိုးပေးဂဏန်း  ၇၊၀၊၉
အထူးဟော        စွမ်းဆောင်မှုရှိသလောက်အောင်မြင်မည်။
ယတြာ           အိမ်ဘုရားကို  စနေနံနက်တွင် နှင်းဆီနီနီ ၇ပွင့်ကပ်၍ဆုတောင်းလျှင်ပြည့်သည်။ 

 By ဒေါက်တာထွန်းလင်း - ဘုတလင်( Gold Medalist)
မြစ်မခမီဒီယာ

 

0 Comment Box:

Post a Comment


 

Comment Box

Followers