Saturday, September 14, 2013

အာဆီယံ ၁၀ နိုင်ငံမှ စစ်သား ၅၀၀ ကျော် အင်ဒိုနီးရှားတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်

 
အာဆီယံ ၁၀နိုင်ငံမှ တပ်မတော်သား ၅၀၀ကျော် ပါဝင်သည့် ASEAN Militrary Exercise ကို အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာတွင် ပြုလုပ်ခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး ၅ ရက် ကြာမြင့်မည့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် အာဆီယံ အသင်းဝင်နိုင်ငံ ၁၀ နိုင်ငံမှ ကြည်းရေလေ စစ်သည်ပေါင်းစုံ ပါဝင်ပြီး မြေပြင် လေ့ကျင့်ခန်း ၊ ပင်လယ်ပြင် ကာကွယ်စောင့်ရှောက်ရေး လေ့ကျင့်ခန်းနှင့် ဝေဟင်ပိုင်နက် နယ်မြေ လုံခြုံရေး လေ့ကျင့်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ခန်းများကို နှစ်စဉ် ASEAN Defense Ministers’ Meeting များ ကျင်းပပြီးနောက် ပြုလုပ်လေ့ရှိသည့် လေ့ကျင့်ခန်းများ ဖြစ်ပြီး အာဆီယံ ဒေသတွင်း တပ်မတော် များ၏ စစ်ရေးဆိုင်ရာ မဟာဗျူဟာရော နည်းဗျုဟာများကိုပါ အစဉ်မြှင့်တင်နေရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

http://bestcurrentaffairs.com/w/anti-terror-exercise-started-in-indonesia/

MRTV4


0 Comment Box:

Post a Comment


 

Comment Box

Followers