Sunday, September 29, 2013

ပန်းရံအလုပ်သမား၁၁၀ ဦးနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်သဘောတူညီမှုပြု



ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ် စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ်မှ AEKSUPACHOK  ဆောက်လုပ်   ရေး  ကုမ္ပဏီ အလုပ်သမား  ၁၁၀ ဦးတို့၏ လုပ်အားခအား အောက်တိုဘာလ ၄ရက်နေ့တွင် ရှင်းပေးမည်ဖြစ်ကြောင်း အလုပ်ရှင်၏  ကိုယ်စား လှယ် လုပ်သူက နယ်မြေ ရဲစခန်းတွင် သဘောတူ လက်မှတ်ထိုးလိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
          ဦးဆောင်ဦးရွက်ပြုနေသည့် မရည်မွန်ေ ကျာ် က “ သမီးတို့ကို  ဒီနေ့ ရဲစခန်းက ငါးကီလို ဆန်   ၃အိပ်ဝယ်ပေးပါတယ်။  အဲဒါလေးကိုချက်စားကြတာပါ။ နက်ဖြန် သမီးတို့ကို အကူညီပေးကြမယ့်သူမရှိရင် သမီးတို့စားစရာမရှိပါ။ ထိုင်းနိုင်ငံမှာ သမီးတို့က ဘတ်ငွေတစ်သောင်းနှစ် စ်သောင်း အကုန်အကျခံပြီးတော့ ပတ်စပို့လုပ် ထားတဲ့အလုပ်သမားတွေပါ။ တကယ့်တကယ် အခက်အခဲကြုံလာတဲ့အခါ  သမီးတို့ အားကိုး စရာ ထိုင်းနိုင်ငံမှာ မရှိပါ။ သမီးတို့ လုပ်အားခရရင် လမ်း စရိတ်အဖြစ် သုံးပြီးတော့ ဗမာပြည်ကိုပဲပြန်ပါမယ် ဟု” ဟုပြောသည်။
           အလုပ်သမားများအား ယမန်နေ့ က   ဒေသခံ  ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆ၀ါဒီ ကန် (လူမှုဖုံရေး) အလုပ်သမားအခွင့် အရေးကာ ကွယ်ရေးဌာန ကျဟာငန်းတို့ ရဲစခန်းသို့ရောက်ရှိ လာခဲ့ပြီး  ဖြေရှင်းကြရာတွင် အလုပ်သမားများ တင်ပြချက် လက်သင့်မခံပဲ အလုပ်ရှင်  ရှင်းပေး တဲ့နေ့အထိ စောင့်ဆိုင်း နေကြရန်ပြောဆိုခဲ့ကြောင်း၊ စောင့်နေဖို့အတွက် လုံခြုံရေးနဲ့ စားစရာမရှိကြောင်း အလုပ်သမားများက တင်ပြခဲ့ကြောင်း သူမက ဆက်လက်ပြောပြသည်။
          အနီးကပ် ကူညီပေးနေသူ ကိုပြေငြိမ်း က“ ထိုင်းစစ်သားတွေ၊ ထိုင်းပုလိပ်တွေ၊ ထိုင်းအရာရှိတွေ အကုန်လာကြပါတယ်။  ကျနော်တို့ မြန်မာအလုပ်သမားတွေမှာသာ အဖေခေါ်စရာမိဘမရှိဖြစ်နေတာပါ။
အားကိုးစရာလည်းမရှိ၊ လုံခြုံရေးလည်းမရှိ၊ စားစရာလည်းမရှိ၊ ဘယ်အဖွဲ့အစည်းမှ လာရှင်းပေးသူမရှိ
ဘယ်လောက်မျက်နှာငယ်သလဲဗျာ။ စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟုပြောသည်။
    ဒေသခံအာဏာပိုင်များက ကိုပြေငြိမ်းအား မည်သည့်အဖွဲ့ အစည်း၏ ကိုယ်စားလှယ်နည်း၊ မည်သည့်နေရာတွင်နေထိုင်၍ မည် သည့် အလုပ် ကို လုပ်ကိုင်နေသူဖြစ်သနည်း အစရှိသဖြင့် ရဲများ၏ စုံစမ်းမေးမြန်းခြင်းကိုခံရကြောင်း ပြောသည်။
 
                                                                                          ရွှေလုပ်သား
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers