Saturday, September 21, 2013

စက်ရုံကမတတ်နိုင်လို့ မြေကိုအခမဲ့သိမ်းခဲ့တာပါလို့ မြို့နယ်မြေစာရင်းမှူးဆို


ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ သံလွင်အနောက်ခြမ်း၊ လှာ ကာကျေးရွာဓမ္မာရုံတွင် ၇.၆.၂၀၁၃ ရက်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးညွန့်ဝင်း ဦးဆောင် သောအဖွဲ့သည် လယ်/ယာမြေ များနှင့်ပတ်သက်၍ ဒေသခံတို့ကို ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံရှင်းလင်းပွဲသို့ မြိုင်ကလေး၊ လှကာကျေးရွာအုပ် စုဝင်ရွာများမှ လယ်သမား ၂၀၀ ကျော်တက်ရောက်ကြပြီး၊ မြို့နယ် မြေစာရင်းဦးစီးမှူးနှင့်မြိုင်ကလေး တောင်ခွင်တိုက်နယ် မြေစာရင်း မှူး ဦးစိုးတင့်တို့က  ၂၀၁၃ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သော ဘိလပ် မြေစက်ရုံမှူးများ၏ မြေယာသိမ်း ဆည်းခြင်း(အခမဲ့သိမ်းခြင်း)ဆိုင်ရာ  ကန့်ကွက်ခေါ်စာအရ မူလလုပ် ကိုင်သူအမည်၊ ဦးပိုင်အမှတ်၊ ကွင်း အမှတ်၊ မြေချိန်ဧရိယာ၊ မြေပုံတို့ နှင့် တိုက်ဆိုင်ရှင်းလင်းခဲ့ကြသည် ဟု သိရသည်။

စက်ရုံမှူးများ၏ထိုစဉ်က ကန့်ကွက်ခေါ်စာတွင်“အထောက် အထားခိုင်လုံစွာပြ၍ ကန့်ကွက် နိုင်ပါကြောင်း” ပါရှိသဖြင့် လယ်သမားများမှ အထောက် အထားခိုင်လုံစွာတင်ပြပြီး ကန့်ကွက်ခဲ့ကြသည်ဆို၏။
လယ်သမားများအနေဖြင့် ကန့်ကွက်ခဲ့ကြသော်လည်း အဆို ပါကန့်ကွက်မှုများမှာ အထ မမြောက်ကြောင်း၊ လန/၃၉  ကျပြီးဖြစ်သဖြင့် စက်ရုံပိုင်မြေ ဥပဒေနှင့် ညီညွတ်ပြီးဖြစ်ကြောင်း ယခုရှင်းလင်းပွဲတွင် ရှင်းရှင်း လင်းလင်းစိတ်မကောင်းစွာ သိ လိုက်ကြရသည်ဟု တက်ရောက် လာသူလယ်သမားများက ပြော ကြားသည်။

လယ်မြေသိမ်းခံတက်ရောက် လာသူတစ်ဦးက ““ကန့်ကွက်ခေါ် စာပါအရ အခမဲ့လယ်မြေသိမ်း ဆည်းခြင်းလို့ပါပါတယ်။ အဲဒီ အချက်က ယနေ့သွားနေတဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်း ကြောင်းနဲ့ညီ/မညီ၊ ဘယ်ဥပဒေ နဲ့အညီသိမ်းဆည်းပါသလဲ””ဟု မေးမြန်းခဲ့သည်။

မြို့နယ်မြေစာရင်းမှူးက ““ဒါဟာ ၁၉၉၈ ခုနှစ်၊ ၂၀၁၂ ခုနှစ် ကတည်းက လန/၃၉ ကျပြီးသား  ဖြစ်တဲ့အတွက် မြေစာရင်းထဲ တရားဝင်သိမ်းမြေအဖြစ်တင်တဲ့ အခါ တံဆိပ်ခေါင်းဖိုး သိန်းနဲ့ချီပြီး ကုန်ကျရပါတယ်။ ဒါကို စက်ရုံက မတတ်နိုင်လို့ အခမဲ့သိမ်းဆည်းခဲ့ တာဖြစ်တယ်။ ကျွန်တော်တို့အခု လာတာ မြေအသစ်ထပ်သိမ်းတာ မဟုတ်ဘူး။ သိမ်းပြီးသားမြေကို တရားဥပဒေနဲ့ညီကြောင်း၊ ကန့်ကွက်စာပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာ ဖြစ်ပါတယ်”” ဟုပြောကြားခဲ့ သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ မြိုင်ကလေး၊ လှာကာဒေသ တွင် ၁၉၈၁-၈၂ ခုနှစ်က အမှတ် (၁)တန်(၉၀၀)ဘိလပ်မြေစက်ရုံ၊ ၁၉၉၇-၂၀၀၀ ခုနှစ်၌ အမှတ်(၂) တန်(၄၀၀၀)ဘိလပ်မြေစက်ရုံတို့ ကို တည်ဆောက်ခဲ့ကြရာ လှာကာရွာကြီး၊ မန္တလေးကုန်း၊ ရေကျော်၊ ရွာလေး၊ ကျွန်းတော နှင့်ဇရပ်မြူရွာတို့ ပြောင်းရွှေ့ခံခဲ့ ကြရပြီး မိဘဘိုးဘွားပိုင် လယ်ယာမြေဧကသိန်းပေါင်းများ စွာ သိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံရွာသား ဦးမန်းထက်ခိုင် က ပြောကြားသည်။

““လျော်ကြေး၊ နစ်နာကြေး အနည်းငယ်သာရပြီး စွန့်လွှတ်ခဲ့ရ တဲ့ဘိုးဘွားပိုင်မြေတွေပေါ်မှာ ကိုယ့်ပြည်နယ်အတွက်၊ ကိုယ့် နိုင်ငံတော်အတွက် ပြည့်ပြည့်၀၀  အကျိုးဖြစ်ထွန်းနေတာဆိုရင် မုဒိတာပွားနိုင်ပါတယ်။ အခု တော့ တစ်ကွက်(၁၀)သိန်းကျော် အရောင်းအ၀ယ်တွေ၊ စိုက်ပျိုး ရေး၊ မွေးမြူရေး အငှားချထား တာတွေမြင်တွေ့နေရတော့ ၀မ်းနည်းစရာပါ”” ဟု ၎င်းကဆက် လက်ပြောကြားသွားသည်။

ပွင့်ဆန်း(ပ္ပါး)
HOT NEWS

0 Comment Box:

Post a Comment


 

Comment Box

Followers