Monday, September 23, 2013

မိတ်ကပ်လေးတွေကို ဘယ်လိုဖယ်ရှားရမလဲ


အမျိုးသမီးတိုင်းအတွက် မိတ်ကပ်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ပစ်္စည်း တစ်မျိုးပါ။ မိတ်ကပ် လိမ်းခြယ်တယ်ဆိုတာ အနုပညာဖန်တီးမှုတစ်ခု လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိတ်ကပ်ကို ပြန်ဖျက်တဲ့အခါမှာတော့ အခက် အခဲတွေ ကြုံ တွေ့ရတတ်ပါတယ်။ မိတ်ကပ်ကို လိုအပ်တာ ထက် အချိန်ကြာကြာလိမ်းထားမယ်ဆိုရင် အထူး သဖြင့် အများကြီး၊ အထူကြီးလိမ်းထားမယ်ဆို ရင် ချွေးပေါက်လေးတွေ ပိတ်သွားမှာဖြစ်ပါ တယ်။

မိတ်ကပ်ကို သေသေချာချာ မဖျက်ပစ် ဘူးဆိုရင် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်လာမှာ အမှန်ပါပဲ။

ပျိုမေလေးတို့တွေ နောက်တစ်နေ့မနက် အိပ်ရာထတဲ့အခါမှာ သန့် ရှင်းကြည်လင်တောက်ပတဲ့ အသားအရေမျိုး ကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ မိတ်ကပ်တွေ အားလုံး ပြောင်စင်သွားအောင် သေသေချာချာ ဖျက်ပစ်ရပါမယ်။

(၁) မျက်လုံးပေါ်က မိတ်ကပ်ကို ဖယ်ရှား ပါ။

ဒီလိုလုပ်ဖို့အတွက် သန့်စင်နူးညံ့တဲ့ မိတ် ကပ်ဖယ်ရှားတဲ့ပစ်္စည်း တစ်မျိုးမျိုးကို အသုံးပြု ပါ။ (Oil Cleanser တွေက အသားအရေ ခြောက်သွေ့မှုမရှိအောင် ကူညီပေးပါတယ်)သာ မန်မိတ်ကပ် သန့်စင်ပစ်္စည်းတွေက မျက်လုံးကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေပါတယ်။ မျက်လုံးပေါ်ကEye Liner , Mascara နဲ့ Eye Shadow တွေ ကို တတ်နိုင်သမျှ ဖျက်ပစ်ရပါမယ်။

(၂) နှုတ်ခမ်းနီကို ဖျက်ပါ။

နှုတ်ခမ်းကိုPetroleum Jelly လိုမျိုး ဂျယ်တစ်မျိုးမျိုးသုတ်လိမ်းပြီး တစ်ရှူးနဲ့ညင်သာ စွာ ပွတ်ပါ။ (Petroleum Jelly ဆိုတာ တွင်း ထွက်အဆီ ကနေရရှိတဲ့ ဟိုက်ဒရိုကာဗွန်တွေ ရောစပ်ပါဝင်တဲ့ အရောင်မရှိ Jelly တစ်မျိုးပါ) တစ်ရှူးကို ခေါက်လိုက်ပြီး နှုတ်ခမ်းပေါ်ကအရာ တွေကို ဖယ်ရှားလိုက်ပါ။ မျက်နှာသစ်ဆပ်ပြာ အပျော့စားကို အသုံးပြုပါ။

မျက်နှာပေါ်က မိတ် ကပ်အများစုဟာ ဒီအဆင့်မှာ တော်တော်
လေး ပြောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ မျက်နှာသစ် ဆပ်ပြာက အပျော့စားဖြစ်ဖို့ လိုအပ်ပြီး ပျိုမေ လေးတို့ကလည်း မျက်နှာသစ်တဲ့အခါမှာ အရမ်း မကုတ်မိဖို့ အရေးကြီးပါတယ်။ စိုထိုင်းနေတဲ့ Cleansing အတွက်သုံးတဲ့ ဂွမ်းမျိုးနဲ့ဖျက်မယ် ဆိုရင် ပိုပြီးလွယ်ကူပါလိမ့်မယ်။

(၃) ချွေးပေါက်လေးတွေကို ရေအေးအေး ပက်ဖျန်းပြီး ပိတ်ပါ။
အသားအရေကို နူးညံ့ချောမွတ်စေဖို့အ တွက် Moisturizer တစ်မျိုးမျိုးကို ရေအေး အေး (သို့) နှင်းဆီပွင့်ဖတ်လေးတွေ ခြွေထား တဲ့ ရေကိုသုံးပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၄) မျက်နှာကို မျက်နှာသုတ်ပ၀ါနဲ့ခြောက် အောင်သုတ်ပါ။
မျက်နှာကို မျက်နှာသုတ်ပ၀ါနဲ့ ခြောက် အောင်သုတ်ပြီးMoisturizer အပျော့စား တစ် မျိုးနဲ့ နှိပ်နယ်ပေးပါ။ မိတ်ကပ်လိမ်းတာ၊ ဖျက် တာတွေက အသားအရေကို ခန်းခြောက်စေပါ တယ်။ ဒါ့ကြောင့် Moisturizer အပျော့စား တစ်မျိုးကိုသုံးပြီး အသားအရေကို ပြန် လည် ချောမွေ့ စိုပြည် အောင် ပြုလုပ်ရပါမယ်။ မျက်နှာ ပြင်ပေါ်က မိတ်ကပ်အားလုံး ကို သေသေချာချာ ဖျက်ပစ်ဖို့အတွက် မေလေးတို့ လိုအပ်တာက ကောင်းမွန်သင့်တင့်တဲ့ Facial Cleanser နဲ့ Eye Make up Remover ပဲဖြစ်ပါတယ်။ အရေးကြီးတာကတော့ မျက်နှာကို ခပ်ကြမ်း ကြမ်းမပွတ်မိဖို့ပါပဲ။ ပြီးတော့ အောက်ခံ Foundation သုံးတယ်ဆိုရင် ဆံစပ်နားတွေနဲ့ မေးရိုး တစ်လျှောက်အထိကို သေသေချာချာသန့်စင် ပေးဖို့ လိုပါတယ်။

ရွှေဝတ်ရတီ(အင်တာနက်)

**************
Thanks a lot,
M Plaza

 M Plaza Shopping Journal (Vol 1, No .15) 

0 Comment Box:

Post a Comment


 

Comment Box

Followers