Wednesday, September 18, 2013

ဆီးရီးယားစစ်တဆီးရီးယားစစ်တပ် ရဟတ်ယာဉ်ပိုင်းလော့ကို သူပုန်တပ်များ ခေါင်းဖြတ်သတ်



တူရကီလေတပ်က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော ဆီးရီးယားစစ်ဘက် ရဟတ်ယာဉ်မှ ပိုင်းလော့ကို ဆီးရီးယား သူပုန်တပ်များက ခေါင်းဖြတ်သတ်လိုက်ကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက လေပိုင်နက် ကျူးကျော်လာမှုကို
အတန်တန် သတိပေးနေသည့်ကြားမှ ရှေးတိုးလာသည့် ဆီးရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မိမိတို့ ပစ်ချခဲ့ကြောင်း၊ ယင်းရဟတ်ယာဉ်သည် ဆီးရီးယား တစ်ဘက်ခြမ်းတွင် ပျက်ကျသွားကြောင်း တူရကီက ကြေညာခဲ့သည်။

ဒေသတွင်း သတင်းဌာန အချို့က F-16 တိုက်လေယာဉ် တစ်စင်း၏ ပစ်ချမှုကြောင့် မီးလောင်ပေါက်ကွဲကာ
ပျက်ကျသွားသည့် ရဟတ်ယာဉ်ပုံကို ထုတ်လွှင့် ပြသခဲ့ကြသည်။ ယခုအခါ Daily Mail သတင်းစာက
ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။

ပျက်ကျမှု ဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာတွင် လေယာဉ်မှူးအ၀တ်အစားနှင့် ဦးခေါင်းမဲ့ အလောင်းတစ်လောင်းကို စွန့်ပစ်ထားသော ဓါတ်ပုံများ ထွက်ပေါ်လာပြီး ယင်းနှင့် မနီးမဝေးတွင် ပိုင်းလော့၏ ဦးခေါင်းပြတ် ရှိနေသည်ကို တွေ့ရသည်။ ဆီးရီးယား သူပုန်အဖွဲ့ထဲမှ တစ်ဦးဦးက ရိုက်ကူးထားသည်ဟု ယူဆရသော ဗွီဒီယိုသည် အင်တာနက်ပေါ် ရောက်ရှိလာခဲ့ပြီး ၄င်းသည် တူရကီလေတပ်က ပစ်ချခဲ့သည့် လေယာဉ်မှူး ဟုတ်မဟုတ် တိတိကျကျ အတည်ပြုရန် ခက်ခဲနေဆဲဟု သိရသည်။

Weasel Zippers ၀က်ဘ်ဆိုဒ်ကမူ လေယာဉ်မှူးကို သူပုန်များက ဖမ်းဆီးကာ ခေါင်းဖြတ်ခဲ့ခြင်းဟု အခိုင်အမာ ဖော်ပြခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျသွားသည့် နေရာနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေသော်လည်း ဆီးရီးယားရှိ အယ်လ်အက်ရက်ဒ် တောင်တန်းများအနီးတွင် ဖြစ်နိုင်ကြောင်း သတင်းများက ရေးသားခဲ့သည်။ တူရကီ ၀န်ကြီးချုပ် ရီဆက်တေယစ်ပ် အာဒိုဂန်ကမူ မိမိတို့လေတပ်၏ လုပ်ရပ်ကို ကာကွယ်ပြောဆိုသွားသည်။ “ ကျွန်တော်တို့ လေပိုင်နက်ကို ကျူးကျော်လာတဲ့အတွက် လိုအပ်သလို လုပ်ခဲ့တာပါ။ တစ်ဖက် နယ်နိမိတ်ထဲမှာ  ဘာတွေဖြစ်တယ် ဆိုတာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး” ဟု အာဒိုဂန်က ဆိုသည်။ ဆီးရီးယား စစ်တပ်ကလည်း တူရကီ၏ F-16 တိုက်လေယာဉ်များသည် မိမိတို့၏ ရဟတ်ယာဉ်များကို ပစ်ချခဲ့ကြောင်း အတည်ပြုခဲ့ပြီး တူရကီ၏ လုပ်ရပ်သည် နှစ်နိုင်ငံကြား နယ်နိမိတ်ပြဿနာကို ပိုမိုတင်းမာအောင် ကြံဆောင်ခြင်းဟု စွပ်စွဲထားသည်။

Planet Myanmar Network
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers