Friday, September 27, 2013

ဈေးကွက်အတွင်း ငါးပိအချို့ ဓာတ်မြေသြဇာများ ပါဝင်မှု အတည်ပြု

 
ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာများ ပါဝင်နေသည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) ဓာတ်ခွဲခန်းက အဖြေထုတ် စစ်ဆေးပေးခဲ့ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ ရန်ကုန် အခြေစိုက် ဈေးများတွင် ရောင်းချနေသော ငါးပိအချို့ကို နမူနာဝယ်ယူကာ အဆိုပါ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ယင်းကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်။ “ဈေးတွေထဲက အနံ့အသက် မသင်္ကာတဲ့ ငါးပိတွေကို ခြောက်မျိုးလောက်ဝယ်ပြီး အဲဒီအထဲက သုံးမျိုးကို သင်္ကေတတွေတပ်ပြီး စစ်ဆေးဖို့ ပေးပို့တဲ့အခါ အခုလို တွေ့ရှိလာရတာ ဖြစ်ပါတယ်။ အသင်းအနေနဲ့လည်း ဒါကို ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။ နမူနာပေးပို့လိုက်သော သုံးမျိုးအနက်က ငါးပိရည်ကျို တစ်မျိုးတွင် တွေ့ရှိရခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့လာသော ငါးပိဖြစ်ကြောင်း၊ စစ်ဆေးရန်ပေးပို့မှုကို သြဂုတ် ၂၆ ရက်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်လခန့် အကြာတွင် ယခုလို သိရှိရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 


0 Comment Box:

Post a Comment


 

Comment Box

Followers