Tuesday, September 24, 2013

ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်

 
ရုရှားတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲ အစီအစဉ်တစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေသော ဆယ်လီနာဂိုမက်ဇ်ကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ကွန်မြူနစ်စနစ် ကြီးမားစွာ ဩဇာလွှမ်းမိုးခဲ့သည့် ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကို အားပေးရပ်တည်သည့် ဆယ်လီနာကို ယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟု သိရှိရသည်။ ဆယ်လီနာအနေဖြင့် ရုရှားတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် Gay အခွင့်အရေးအတွက် စည်းရုံးမှုများ ပြုလုပ်မည်ကို အစိုးရက စိတ်ပူနေခြင်း ဖြစ်သည်။ အစောပိုင်းက Come And Get It စတားအဆိုတော် မင်းသမီးသည် Star Dance  ကမ္ဘာလှည့် ဖျော်ဖြေပွဲကို မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ်တို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။

Gay အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး Change.org ကို ထူထောင်သူတစ်ဦးဖြစ်သည့် ဂျွန်ဘက်ကာသည် ဆယ်လီနာ၏ ဖျော်ဖြေပွဲ အစီအစဉ်တွင် Gay များအတွက် ထောက်ခံစကားပြောရန် ပန်ကြားခဲ့သည့်နောက် ရုရှားအစိုးရက ယင်းအစီအစဉ်အတွက် ကြိုတင်ကာကွယ် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဘက်ကာ က“ ဆယ်လီနာရဲ့ ပြည်ဝင်ခွင့် ဗီဇာကို ပယ်ချလိုက်တာဟာ ဒီကိစ္စမှာ ရုရှားအစိုးရက အရမ်းကို အထိမခံဖြစ်နေတာ သိသာစေပါတယ်။ သူတို့က ဆယ်လီနာလို ကြယ်ပွင့်တစ်ယောက်က Gay အခွင့်အရေးအတွက် လှုံဆော်စကားပြောမှာမျိုးကို ကြောက်နေတာပါ” ဟု ဝေဖန်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူဒင်သည် ဇွန်လက နိုင်ငံအတွင်း ရိုးရာအစဉ်အလာ သဘာဝနဲ့  မကိုက်ညီသည့် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတိုင်းအတွက် ၀ါးဖြန့်မှု ၊ စည်းလုံးလှုံဆော်မှုတို့ကို တားမြစ်သော ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားခဲ့သည်။

Planet Myanmar Network
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers