Monday, September 2, 2013

အသစ်ထွက်မည့်အိုင်ဖုန်း အဟောင်းနှင့်အလိုက်ပေးလဲနိုင်

အက်ပဲလ်ကုမ္ပဏီက IPhone အသစ်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးရန်အတွက် အမေရိ ကန်အိုင်ဖုန်းပိုင်ရှင်များထံမှ ဖုန်း အဟောင်းများအား ဩဂုတ် ၃၀ ရက်မှစ၍ လက်ခံဝယ်ယူခဲ့ကြောင်း သိရသည်။
ကယ်လီဖိုးနီးယားအခြေ စိုက်ကုမ္ပဏီအနေဖြင့် အဟောင်း အသစ်လဲလှယ်သည့်စနစ်အား အတည်မပြုရသေးသည့် စက်တင် ဘာ ၁ဝရက် ငဏ့သညန အသစ်ဖြန့် ချိမည့်သတင်းထွက်ပေါ်နေချိန်၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကောလာဟလသတင်းများအရ ကမ္ဘာ့ဈေးကွက်သို့ တန်ဖိုးနည်း ဟန်းဆက်များကို ဖြန့်ချိသွားမည် ဟုဆိုသည်။


''IPhone များသည် အလွန် တန်ဖိုးကြီးကြောင်း အက်ပဲလ်၏ ပြောရေးဆိုခွင့်ရအမျိုးသမီး အမ် မီဘက်ဆက်တီက AFP သို့ ဖြေ ကြားခဲ့သည်။
ဖောက်သည်များအား ဖုန်း အသစ်အသုံးပြုနိုင်ရန်အတွက် အကူအညီပေးရန် အက်ပဲလ် လက်လီဆိုင်များကို ဖွင့်ပေးသွား မည်ဟုဆိုသည်။ သို့ရာတွင် သူမ က IPhone အဟောင်းများကို မည်မျှဈေးဖြတ်သည်ကိုမူ အ တိအကျပြောပြခဲ့ခြင်းမရှိဟုဆို သည်။ အဟောင်းတစ်လုံးလျှင် ဒေါ်လာ ၃၀၀ သို့မဟုတ် မော်ဒယ် ကိုလိုက်၍ဖြစ်စေ ဈေးဖြတ်နိုင် ကြောင်း၊ ဝက်ဘ်ဆိုက်များမှဖြစ် စေ၊ အီလက်ထရွန်နစ် လက်လီ ဆိုင်များ၌ဖြစ်စေ သိနိုင်မည်ဟု ဆိုသည်။


ဈေးနှုန်းအပြောင်းအလဲ မှာ အက်ပဲလ်အနေဖြင့် ၎င်း၏ တန်ဖိုးမြင့် IPhone များအပေါ် အလေးထားမှုကို ပြောင်းလဲခြင်း နှင့်ဆက်စပ်နေကြောင်း၊ ဝင်ငွေ နည်းသူများအတွက် တန်ဖိုးနည်း ပါးသော ဖုန်းများကိုလည်း ရောင်း ချသွားရမည်ဟုဆိုသည်။


 Ref-AFP ၊ 
စက်တင်ဘာ(၂) ၊ 
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

0 Comment Box:

Post a Comment


 

Comment Box

Followers