Monday, September 23, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် စင်္ကာပူတွင် တွေ့ဆုံ

 
ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူတွင် ရောက်ရှိနေစဉ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် စီစဉ်ထားခြင်းမရှိဘဲ အမှတ်မထင် ခဏတဖြုတ် တွေ့ဆုံခဲ့ကြောင်း သက်ဆင်က ၎င်း၏ Instagram တွင် ဓာတ်ပုံလွှင့်တင်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆင်တို့သည် စင်္ကာပူတွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်သည့် Formula One ကားမောင်းပြိုင်ပွဲ ကြည့်ရှုရင်း တွေ့ဆုံခဲ့ကြသည်ဟု သက်ဆင်၏ Instagram တွင် ရေးသားထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် စင်္ကာပူတွင် ၎င်း၏သမီးနှစ်ဦးနှင့် သားမက်ဖြစ်သူတို့အား လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ သက်ဆင်၏ သမီးနှစ်ဦးနှင့် သားမက်ဖြစ်သူတို့မှာ စင်္ကာပူတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။

သက်ဆင်က Formula One ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှတ်မထင် ဆုံဖြစ်ခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရွှင်လန်းစွာ ရှိနေကြောင်း ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။
 
Planet Myanmar Network
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers