Saturday, September 21, 2013

(၁၄)နှစ်သားမောင်းသည့်ဆိုင်ကယ်က (၆)နှစ်သမီးကို ဝင်တိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာ ရွှေသံလွင် ကုမ္ပဏီ ကျောက်ခွဲစက်ရှေ့တွင် (၁၄)နှစ်သား မောင်းလာသည့် ဆိုင် ကယ်က (၆)နှစ်သမီးအား လမ်းဖြတ် ကူးစဉ်ဝင်တိုက်မှု စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ယင်းနေ့နံနက် ၈ နာရီ ခန့်က မရမ်းချောင်းကျေးရွာ ရွှေသံ လွင်ကုမ္ပဏီ ကျောက်ခွဲ စက်ရှေ့ ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင် အမှတ် (၉၆/၇)နှင့် (၉၆/၈) အကြား မရမ်းချောင်းကျေး ရွာဘက်သို့ မောင်ချမ်းသာ (၁၄)နှစ်မောင်းနှင် လာသောနံပါတ်မပါ Kawasaki Kaze အမျိုးအစား ဆိုင်ကယ်က လမ်းဖြတ်ကူးသူ မပပထွန်း(၆)နှစ် အား ဝင်တိုက်မိရာ နဖူးစောင်း တွင် ပြတ်ရှ ဒဏ်ရာ ရရှိသဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရသည်။

အမှုနှင့်ပတ်သက်၍သိမ်ဇရပ်နယ်မြေရဲစခန်းက ယာဉ် တိုက်မှု(ပ)၁၆/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ ဖွင့်လှစ်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(ရဲခေါင်ဦး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers