Friday, September 20, 2013

မြန်မာစစ်တပ်ကို လေ့ကျင့်ပေးရန် စောလွန်းနေကြောင်း ဗြိတိန်လှုပ်ရှားမှုအဖွဲ့ဝေဖန်


 
 ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေမှုက ဗြိတိန်၏
မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားပေးရန်ကမ်းလှမ်းမှု စောလွန်းနေကြောင်း ပြဆိုနေသည်ဟု ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ပြောဆိုလိုက်သည်။

ထိုကဲ့သို့ စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ
ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ မြန်မာစစ်တပ်ကို လေ့ကျင့်ပေးမည့် အစီအစဉ်ကို ပယ်ဖျက်ရန်လည်း ဗြိတိန်အစိုးရကို တောင်းဆိုလိုက်သည်။ စက်တင်ဘာလဆန်းကစပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကို အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့သည်။ နိုင်ငံအနှံ့အပစ်ရပ်ရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးပွဲကို တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) နှင့် မြန်မာအစိုးရတို့ အကြား သဘောတူညီချက်မရခဲ့သည့်နောက်ပိုင်း ယင်းကဲ့သို့ ထိုးစစ် တိုက်ပွဲများ ဖြစ်ပေါ်လာသည်။

ဗြိတိသျှအစိုးရက ရန်ကုန်ရှိ ဗြိတိသျှသံရုံးတွင် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ရာထူးနေရာကို ပြန်လည် ခန့်ထားမည့်အကြောင်း ယခုနှစ်ဆန်းပိုင်းက ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လက မြန်မာသမ္မတ ဦးသိန်းစိန် ဗြိတိန်ကို အလည်အပတ်လာရောက်ချိန်တွင်မူ မြန်မာစစ်တပ်မှ လူ ၃၀ ကို လေ့ကျင့်သင်တန်းပေးမည့် အကြောင်း ထပ်မံကြေညာခဲ့သည်။ ၇ ပတ်ကြာမြင့်မည့် သင်တန်းဖြစ်ကြောင်း သိရသည်။

အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိမနေသည့် စစ်တပ်၏ စစ်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း၊ ယင်းအချက်များကို
ဗြိတိန်အစိုးရက လစ်လျူရှုထားကြောင်း ဗြိတိန်လှုပ်ရှားမှုအဖွဲ့က
ဖော်ပြလိုက်သည်။ Z

BY: Burma-Newselite

0 Comment Box:

Post a Comment


 

Comment Box

Followers