Thursday, September 19, 2013

၁၂နှစ်ကြာမှ တရားခံတွေကို ထောင်ချတဲ့ မုဒိမ်းမှု


စပိန်နိုင်ငံ Costa del Sol ကမ်းခြေသို့ ချစ်သူနှင့်အတူ အပန်းဖြေရန်လာသော ဗြိတိန်နိုင်ငံသူအား ဓါးထောက်ပြီး အုပ်စုလိုက်အဓမ္မပြုကျင့်ခဲ့မှုကို အခင်းဖြစ်ပြီး (၁၂)နှစ်ကြာပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သော တရားခံ(၃)ဦးအား ထောင်ဒဏ်လေးနှစ်စီ ကျခံစေရန် စပိန်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံသား Francisco Santiago ၊ ၎င်း၏ အစ်ကို Mariano နဲ့ ၎င်းတို့၏ ဝမ်းကွဲညီအစ်ကို David Santiago တို့ သုံးဦးဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ (၄)ရက်နေ့ မနက်အစောပိုင်းမှာ ၎င်းတို့ကျူးလွန်ခဲ့သော ယင်းပြစ်မှုအတွက် ထောင်ဒဏ်လေးနှစ်စီ ကျခံစေရန် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ကိုးနှစ်လောက်က ၎င်းတို့ သုံးနှစ်ထဲကတစ်ယောက်ဟာ ထိုအမှုနှင့်မပတ်သက်သော အခြားပြစ်မှုတစ်ခုဖြင့် ဖမ်းဆီးခံခဲ့ရပြီး DNA စစ်ဆေးခြင်းခံခဲ့ရတာကြောင့် ထိုအမှုမှန် ပေါ်လာဖို့ အစဖြစ်လာတာပါ။

ထိုအချိန်က အသက်(၂၂)နှစ်မှ (၂၄)အတွင်း အသီးသီးရှိကြသော ၄တို့သုံးဦးအနက် ညီအစ်ကိုနှစ်ယောက်ကတော့ ထိုပြစ်မှုမတိုင်မီက အခြားအမှုများ ကျူးလွန်ခဲ့ဖူးကြောင်း သိရသည်။
အသက်(၃၂)နှစ် အရွယ်ရှိသော အဓမ္မပြုကျင့်ခံရသူသည် အခင်းဖြစ်ပွားရာညက ၎င်း၏အဖော်အမျိုးသားမပါဘဲ နိုက်ကလပ်သို့ လာရောက်ရာမှ ၎င်းအား ပြစ်မှုကျူးလွန်မည့် တရားခံသုံးဦးနှင့် တွေ့ဆုံ သိကျွမ်းခဲ့ကြပြီး သူမအား ကားဖြင့်ပြန်ပို့ပေးခြင်းအား လက်ခံရာက ယင်းပြစ်မှု ဖြစ်ပွားဖို့ဖြစ်လာခဲ့သည်။

သူမအား ဓါးဖြင့်ထောက်၍ မူးယစ်ဆေးဝါးသုံးစွဲဖို့ ဖိအားပေးခံခဲ့ရတာဖြစ်ပြီး ထိုမူးယစ်ဆေးဝါးကြောင့် သူမဟာ သူမကိုယ်သူမ မခုခံနိုင်တော့ဘဲ ယခုလို အုပ်စုလိုက် အဓမ္မကျင့်ကြံခြင်းကို ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)

0 Comment Box:

Post a Comment


 

Comment Box

Followers