Monday, September 23, 2013

ကင်ညာရှော့ပင်း အကြမ်းဖက်မှု လူ ၆၉ သေ၊ ၁၇၀ လောက်ဒဏ်ရာရ

 

အရှေ့အာဖရိကရှိ ​ကင်ညာနိုင်ငံရဲ့မြို့တော် ​Nairobi ​မြို့ ​ရှော့ပင်းစင်တာတစ်ခုမှာ ​စနေနေ့တုန်းက ​စစ်သွေးကြွအဖွဲ့ ​ဝင်စီးခဲ့ရာက ​လူ ​၆၈ ​ယောက်သေဆုံးပြီး ​၁၇၀ ​လောက် ​ဒဏ်ရာရရှိခဲ့ပါတယ်။

Nairobi ​မြို့က ​Westgate ​ရှော့ပင်းမောလ်ကို ​Al ​Shabab ​အစ္စလာမ်မိ ​စစ်သွေးကြွအဖွဲ့က ​ဝင်စီးခဲ့တာဖြစ်ပြီး ​ဓားစာခံတချို့ကို ​ဖမ်းဆီးထားပြီး ​အဲဒီနေရာကို ​ဝင်စီးနေတာ ​ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေက ​ဈေးဆိုင်ထဲကို ​လက်ပစ်ဗုံးတွေ ​ပစ်ပေါက်ခဲ့သလို ​အမျိုးသမီးတစ်ဦးဟာလည်း ​စက်သေနတ် ​၂လက်ကို ​ကိုင်ပြီး ​ပစ်ခတ်နေတာကို ​တွေ့ခဲ့ရတယ်လို့ ​မျက်မြင်သက်သေတစ်ဦးက ​ပြောပါတယ်။

သေဆုံးသူ ​၆၈ ​ယောက်ထဲမှာ ​ကင်ညာနိုင်ငံ ​သမ္မတရဲ့ ​တူတော်သူတစ်ဦးနဲ့ ​သူ့နဲ့ ​စေ့စပ်ထားသူ ​အမျိုးသမီးတို့ ​ပါဝင်ပါတယ်။

အဲ့ဒါ့အပြင် ​သြစတြေးလျနဲ့ ​ဗြိတိန်နိုင်ငံသားကို ​ခံယူထားသူ ​တစ်ဦးလည်း ​သေဆုံးသွားကြောင်း ​သြစတြေးလျနိုင်ငံခြားရေးရာ ​ဌာနက ​အတည်ပြုခဲ့ပေမယ့် ​သေဆုံးသူရဲ့ ​နာမည်ကိုပြောဖို့တော့ ​ငြင်းဆိုထားပါတယ်။

လူပေါင်း ​တစ်ထောင်ကျော်ကို ​ကယ်တင်နိုင်ခဲ့ပြီး ​အဲဒီအကြမ်းဖက်အဖွဲ့နဲ့ ​ကင်ညာအစိုးရတို့ကြား ​ပြေလည်မှုမရသေးပဲ ​အခြေအနေတင်းမာနေဆဲဖြစ်ကြောင်း ​သိရပါတယ်။
Al ​Shabab ​အကြမ်းဖက်အဖွဲ့တွေက ​ကင်ညာနိုင်ငံနဲ့ ​ဆိုမာလီးယားနိုင်ငံမှာရှိတဲ့ ​အကြမ်းဖက်အဖွဲ့အစည်းတွေကို ​ကင်ညာအစိုးရက ​ဖြိုခွင်းတိုက်ခိုက်နေတာကို ​တုန့်ပြန်တဲ့အနေနဲ့ ​ခုလို ​ရှော့ပင်းစင်တာကို ​ဝင်စီးရတာဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။ 

ABC Radio Australia


 

0 Comment Box:

Post a Comment


 

Comment Box

Followers