Monday, September 30, 2013

သိုးတစ်ကောင်အနီး မဖွယ်မရာပြုလို့ တရားစွဲခံထားရသော IT သမား


ဗြိတိန်နိုင်ငံတွင် အသက်(၆၁)နှစ်အရွယ်  IT သမား Paul Lovell ဆိုသူဟာ လန်ဒန်မြို့ Tottenham က Hotspur လေ့ကျင့်ရေးကွင်းအနီးတွင် သိုးတစ်ကောင်အနီး မဖွယ်မရာပြုတယ်လို့ တရားစွဲခံထားရကြောင်း သိရသည်။

စက်တင်ဘာ(၄)ရက်နေ့တွင် Paul Lovell နှင့် သိုးကို မြင်တွေခဲ့ချိန်၌ Paul Lovell ဟာ ၎င်း၏ ငယ်ပါကို အကာအကွယ်မဲ့စွာ သိုးအနီး ဖော်ထုတ်လှစ်ဟလျက် နေခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရတာပါ။
Paul Lovell ကို လူမြင်ကွင်းတွင် မယဉ်မကျေး မဖွယ်မရာပြုမှု နှင့် မဖွယ်မရာကို ထုတ်ပြသမှု ဟူသည့် အမှုနှစ်ခုဖြင့် တရားစွဲခံထားရတာဖြစ်ပြီး Paul Lovell ကတော့ ထိုနှစ်မှုစလုံးအား ငြင်းဆိုထားကြောင်း သိရသည်။
 Sheep
Paul Lovellဟာ သူ၏ငယ်ပါအား တမင် မြင်အောင်ပြထားသည့်အတွက် ဥပဒေအရ ပြစ်မှုမြောက်ကြောင်းနှင့် သိုး၏အနီးတွင် ယင်းသို့ ပြုမူသောကြောင့် သိုးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမည် သို့မဟုတ် သိုးက ၎င်း၏လိင်အင်္ဂါအား မဖွယ်မရာပြုချင်လာအောင် ဆွဲဆောင်သိမ်းသွင်းသကဲ့သို့ ဖြစ်နေကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
Paul Lovell ကတော့ လာမည့် အောက်တိုဘာ(၂)ရက်နေ့တွင် ထိုအမှုနှစ်ခုအတွက် Paul Lovell က အယူခံဝင်ဖို့ ရှိကြောင်းလည်း သိရသည်။

                                                                                             Source : Daily Mail
                                                                                             ပုံရိပ်(burmesehearts.com)


0 Comment Box:

Post a Comment


 

Comment Box

Followers