Sunday, September 29, 2013

ဟန်ဆောင်မှုတွေကြားမှာ အတက်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းနေတယ်ဆိုတဲ့ မော်ဒယ်လ် ဆန်းသစ်လ

 
The Face Shop ရဲ့ Professional Model  တစ်ယောက် ဖြစ်တဲ့ ဆန်းသစ်လကို မော်ဒယ်လ် လောကမှာ Professional  တစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ ဆိုတာ မေးတဲ့အခါ “ ညီမတို့ကို မသန္တာလှိုင်ကပြောဖူးတယ်။ အရပ်ပုတာ၊ ရှည်တာ၊ ၀တာ၊ ပိန်တာနဲ့မဆိုင်ဘူး။ ကိုယ့်မှာ ယုံကြည်မှုအပြည့်ရှိမယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခု ရှိမယ်ဆိုရင်တော့  ကိုယ်ကမော်ဒယ်လ်တစ်ယောက် ဖြစ်သွားမယ်။ ကုန်ပစ္စည်းနဲ့ လိုက်ဖက်တယ်ဆိုရင် ကိုယ့်ကို လာငှားမှာပဲပေါ့။ အဲဒီလို သင်ပေးထားတယ်။ ပြီးတော့ အလုပ် ရွေးချယ်တဲ့အခါ ကိုယ့်အတွက် ဒီအလုပ်က ဘယ်လောက်အထိ အနုပညာ ကျန်မလဲဆိုတာကို စဉ်းစားပြီးတော့ ရွေးလက်ခံသင့်တယ်။ ညီမကိုယ်တိုင်လည်း အဲဒီလိုပဲ အလုပ်လာအပ်ရင် မေမေနဲ့ တိုင်ပင်တယ်။ ပြီးတော့မှ လက်ခံသင့်ရင် လက်ခံတယ်။ ကျန်တဲ့ မော်ဒယ်လ်တွေလည်း၊ တကယ် Professional ဆန်တဲ့ သူတေါလည်း အဲဒီလိုပဲ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဖြေပေးခဲ့ပါတယ်။

အနုပညာလောကထဲ ၀င်ကာစ ခက်ခဲမှုတစ်ချို့နဲ့ ကြုံတွေ့ခဲ့ရပြီး မိခင်ဖြစ်သူ မေရွက်ဝါက သူမရှေ့မှာ တံတိုင်းတစ်ခုလို ကာရံပေးခဲ့ရကြောင်း ရင်ဖွင့်ခဲ့သလို လူပေါင်းစုံ အနုပညာ လောကမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရေးကြီးကြောင်းကိုလည်း  “ ညီမတို့ အနုပညာလောကမှာ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတယ်လို့ ပြောကြတာ လက်ခံပါတယ်။ ကိုယ်တိုင်လည်း ဟန်ဆောင်မှုကို မုးန်တယ်။ လွတ်လပ်မှုကို မြတ်နိုးတယ်။ ပွင့်လင်းမှုကို ကြိုက်တယ်။ ဒါကြောင့် ဘယ်လိုဟန်ဆောင်ရမယ် ပြောပြော အတက်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းနေတယ်။ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံနဲ့ကိုယ်ပဲ နေတယ်” လို့ ဆန်းသစ်လက ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။

                                                                                             Friday(Malay)
                                                                                             Myanmar Daily News


0 Comment Box:

Post a Comment


 

Comment Box

Followers