Tuesday, September 17, 2013

သားဖြစ်သူနှင့် လက်ထပ်ခွင့်တောင်းတဲ့ မိခင်

ဇင်ဘာဘွေနိုင်ငံက....အသက်40ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သားကိုလက်ထပ်မယ်လို့ဆိုလာပါတယ်။

သူမဟာလွန်ခဲ့တဲ့12နှစ်ကတည်းက မုဆိုးမဖြစ်ခဲ့ရပြီး သားဖြစ်သူ(ယခုအသက်23နှစ်)နဲ့အတူတူနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

သူမဟာ အခုချိန်မှာ ခြောက်လသားကိုယ်ဝန်ကိုလွယ်ထားရပြီး သူမသားရဲ့အစ်ကို(သူ့သားရဲ့သား) ကိုလက်ထပ်တာမျိုးမဖြစ်ချင်တဲ့အတွက် ရင်သွေးလေးမမွေးဖွားခင်မှာ လက်ထပ်ဖို့စီစဉ်ရတာဖြစ်တယ်လို့လည်းဆိုပါတယ်။...

သူမဟာ ပထမခင်ပွန်းသေဆုံးပြီးကတည်းက သူမရဲ့သားကျောင်းတက်ဖို့တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါတယ်။

အခုအချိန်မှာသားဖြစ်သူဟာ အလုပ်လုပ်နေပြီဖြစ်ပြီး "သူမချွေးနဲ့သွေးနဲ့ရင်းပြီးရလာတဲ့အကျိုးအမြတ်ကို ခံစားပါရစေ"လို့ ရွာလူကြီးတွေအရှေ့မှာပြောခဲ့ပါသတဲ့။

သူမရဲ့ပထမခင်ပွန်းသည်ဟာ သူမအတွက်တင်တောင်းငွေကို ယောက္ခမတွေထံအပြည့်အ၀မပေးရသေးခင်အချိန်မှာ သေဆုံးခဲ့တာဖြစ်ပြီး သူမသားက ကျန်ရှိနေတဲ့ငွေတွေကို ကျေလည်အောင်ပေးဆပ်သွားမယ်လို့ဆိုပြန်ပါတယ်။

ရွာလူကြီးတွေအနေနဲ့ကတော့ ဒီကိစ္စကိုဘယ်လိုမှခွင့်မပြုနိုင်ကြောင်း....ယခင်ခေတ်ကာလကဆိုလျင် သေဒဏ်ပေးမှာဖြစ်ပေမယ့် ယနေ့ခေတ်မှာရဲတွေကိုကြောက်ရတဲ့အတွက် အသက်ရှင်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ပြောဆိုသွားပါတယ်ခင်ဗျာ...။
 
Kim Sai
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers