Monday, September 30, 2013

အခုအချိန်ထိ လိုချင်တဲ့ယောင်္ကျားမျိုး မတွေ့သေးဘူးဆိုလာတဲ့ ဆုပန်ထွာ

 

လက်ရှိအချိန်မှာ သရုပ်ဆောင် ဆုပန်ထွာက ဒါရိုက်တာ နေပိုင် ရိုက်ကူးတဲ့ “ ဂိမ်းကစားကွင်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ မင်းထက်နဲ့အတူ ပါဝင်သရုပ်ဆောင်လို့နေပါတယ်။ ဒီဇာတ်ကားမှာ ဆုပန်ထွာက ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်အဖြစ် အမာဇာတ်ရုပ်တွေကို သရုပ်ဆောင်ရမယ်လို့သိရပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံကို သြွးပြီး ဒုတိယခွေ အတွက် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သီချင်းနှစ်ပုဒ် ရိုက်ကူးခဲ့တဲ့ ဆုပန်ထွာက ကိုယ်ပိုင်သီချင်းခွေမို့ လုပ်ခဲ့တာ ဖြစ်ပေမယ့် ဇာတ်ကားတွေ ရိုက်ကူးတဲ့ ဒါရိုက်တာ လုပ်ဖို့တော့ စိတ်ကူးမရှိပါဘူး။

ဆုပန်ထွာရဲ့ သီချင်းခွေဟာ ပထမအခွေထက် ပိုပြီး လေးနက်မှုရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သီချင်းတိုင်းက ဆုပန်ထွာရဲ့ ခံစားချက်အတိုင်း သီဆိုထားလို့ပါပဲ။ ဒုတိယ စီးရီးခွေကို အနှစ်သက်ဆုံးက မိန်းကလေး ပရိသတ်တွေ ဖြစ်လိမ့်မယ်လို့လည်း ဆုပန်ထွာက ခန့်မှန်းထားပါတယ်။ သီတင်းကျွတ်တော့မှာ ဖြစ်လို့ မင်္ဂလာသတင်း ကြားရမလားဆိုပြီး မေးကြည့်တဲ့ အခါမှာ ဆုပန်ထွာက “ အခုအချိန်အထိ မပန်လိုချင်တဲ့ ယောင်္ကျားမျိုး မတွေ့သေးဘူး။ အချစ်ကို ရှေ့တန်းတင်ပြီးတော့ ဘ၀ကို ဦးစားမပေးချင်ဘူး။ အမှန်အတိုင်းပြောရရင် ကိုယ်လိုချင်တဲ့ အချက်အလက်တွေနဲ့ မကိုက်ညီသေးလို့ အိမ်ထောင်ပြုဖို့ လိုဦးမယ်” လို့ဆိုပါတယ်။

                                                                                                 Friday(Malay)
                                                                                                 Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers