Monday, September 30, 2013

လှိုင်သာယာမြို့နယ်မှ ခိုးမှုတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ


၁၇.၉.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် လှိုင်သာယာမြို့နယ်၊
(၂၀)ရပ်ကွက်နေ ဦးထွန်းထွန်းဝင်းသည် နေအိမ်နှင့်တွဲလျက်ဖွင့်လှစ်
ထားသည့် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ကိုပိတ်၍ အိပ်ယာဝင် ခဲ့ပြီး ၁၈.၉.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် အိပ်ယာမှနိုးစဉ် ဆိုင်အားကြည့်ရှုရာ ဆိုင်တံခါးမှာပွင့်နေသဖြင့် ပစ္စည်းများအားစစ်ဆေး
ခဲ့ရာ လက်ကိုင်ဖုန်းမျိုးစုံ(၃၃)လုံး၊ မိုနိုတံဆိပ်ပါ T-Plat (၁)လုံး၊ ဒီဗီဒီစက်(၃)လုံး၊ Mp3 စက်မျိုးစုံ(၈)လုံး၊ ဖုန်းငွေဖြည့်ကဒ်မျိုးစုံ (၅၆)ကဒ်
နှင့် ငွေကျပ်(၈၀၀၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၃၈၃၀၀၀)တို့မှာ
ပျောက်ဆုံးနေသည် ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်
တိုင်တန်းခဲ့၍ သောင်ကြီးနယ်မြေရဲစခန်း (ပ) ၅၇၉/၂၀၁၃၊ ပုဒ်မ၃၈၀ ဖြင့်
အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ ၀င်များနှင့် သောင်ကြီးနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှပြစ်မှုကျူးလွန်သူအား ခြေရာခံကာ အထောက်အထားနှင့်ကွင်းဆက်များရှာဖွေစုဆောင်းပြီး ရန်ကုန်မြို့နှင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့လိုက်စုံစမ်းခဲ့ရာ ဆက်စပ်ပြည်သူများ၏အကူအညီဖြင့် အမှုမှပြစ်မှုကျူးလွန်သူမှာ ခိုးမှုဖြင့်ထောင်ကျဖူးသူ မောင်အေး(ခ)မောင်မောင် (ဘ)ဦးအေးမောင်၊
(၂၀)ရပ်ကွက်၊လှိုင်သာယာမြို့နယ်နေသူဖြစ်ကြောင်း အတည်ပြုစုံစမ်းရရှိ
ခဲ့ပြီး ၎င်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်ရောက်ရှိနေကြောင်း စုံစမ်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၈.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ပုသိမ်မြို့နယ်၊(၆)ရပ်ကွက်ရှိ ၎င်း၏ အစ်မဖြစ်သူနေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ အခင်းဖြစ်နေအိမ်ဈေးဆိုင်အား ပစ္စည်းခိုးယူရန်
ရည်ရွယ်၍ စောင့်ကြည့်လေ့လာခဲ့ရာ ဆိုင်တံခါးတဖက်သာ
ဂျက်ထိုးထားသည်ကိုတွေ့ရှိရသဖြင့် ၁၈.၉.၂၀၁၃ ရက်နေ့နံနက် အစောပိုင်းတွင် တံခါးအားဖွင့်ကာဆိုင်အတွင်းဝင်ရောက်ခိုးယူခဲ့ခြင်း
ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ
ပြန်လည်သိမ်းဆည်းပြီး အဆိုပါအမှုဖြင့်ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

မောင်အေး(ခ)မောင်မောင်အား ပုသိမ်မြို့နယ်၊(၆)ရပ်ကွက်၌ ဖမ်းဆီးရမိစဉ်က ဆေးခြောက်(၃)ကျပ် သားနှင့်အတူတွေ့ရှိဖမ်းဆီး
ရမိခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ အသည်ကြီးနယ်မြေရဲစခန်း မယ(ပ)၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့်လည်း အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
                                                                                                 Yangon Police
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers