Saturday, September 14, 2013

ကိုယ်လက်ခံထားတဲ့ ဇာတ်ရုပ်ကို မရိုက်ဘူးဆိုပြီး ဘယ်တော့မှ လှည့်ပြန်မှာ မဟုတ်ဘူးဆိုတဲ့ သဉ္ဖာနွယ်ဝင်း


ဗီဒီယို ဇာတ်ကား ရိုက်ကူးမှုတွေ စိပ်စိပ်ရိုက်လာရတဲ့ အပြင် အနုံဆိုတဲ့ ဇာတ်ရုပ်မှာ ပရိသတ် အကြိုက် တွေ့စေခဲ့ပြီး မာယာများတဲ့ အလင်္ကာ ဇာတ်ကားမှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုအတော် အတန်ခံခဲ့ရသူက သဉ္ဇာနွယ်ဝင်းပါ။ ခုသူက မဟော် ဂနီရုပ်ရှင် ထုတ်လုပ်ရေး အတွက် အလင်းရောင်နဲ့ အတူ ရည်းစားဦးဆို တဲ့ ရုပ်ရှင်ရိုက်ကူးနေ ပါတယ်။ ရည်း စားဦးဇာတ်လမ်းက မိုခနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ဝင်းလွင် ထက်က ရိုက်ကူးပေး ထားတာပါ။

ဒီ ရုပ်ရှင်က မင်းသမီး အပြောင်းအလဲ ဖြစ်ပြီးမှ သဉ္ဇာနွယ်ဝင်း ဆီကိုရောက် လာတယ်ဆိုပေမယ့် သူကတော့ ဒီ ဇာတ်လမ်းက ဇာတ်လမ်းကောင်း တစ်ပုဒ်လည်း ဖြစ်တယ်။ ကိုယ်တိုင် လည်း ရိုက်ချင် စိတ်ရှိတာကြောင့် လက်ခံရိုက် ကူးဖြစ်တယ်လို့ ဆိုပါ တယ်။ ရည်းစားဦး ဆိုတဲ့ နာမည် ကြောင့်ရည်းစားဦးကို သတိရမိသေး လားဆိုတော့ သတိတောင် မထား ဖြစ်ဘူးလို့ ဆိုပါတယ်။ သူက အချစ် ရေးနဲ့ပတ်သက်ရင်လည်း ကံမ ကောင်းတတ် တာကြောင့် အလုပ် တွေထဲမှာပဲ အာရုံစိုက်ဖြစ်တယ်ဆိုတဲ့သဉ္ဇာနွယ်ဝင်းကို ခဏတာမေး ဖြစ်ခဲ့ပါတယ်။

Q. ရည်းစားဦး ဇာတ်ကားမှာ ညီမလေးရဲ့ဇာတ်ရုပ်က ဘယ်လိုမျိုး လဲ။
A. သဉ္ဇာက ဒီဇာတ်ကားမှာ အချိန်မရွေး သေသွားနိုင်တဲ့ ကြွက် သားအားနည်းရောဂါ ရှိတဲ့ မိန်းက လေးတစ်ယောက်ပုံစံပါ။ ဘဲလေး အကအရမ်းကချင်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် လေ့ကျင့် ခန်းလည်း လုပ်လို့မရ ကလို့မရတဲ့သူ ဇာတ်ရုပ်ပါ။ ဒီဇာတ်ကားက သနား စရာကောင်းတဲ့ အချစ်ဇာတ်လမ်း လေးတစ်ပုဒ်ပါ။ သÍ္ဇာရှေ့က ကား တွေထက်အများကြီး ကြိုးစားသရုပ် ဆောင်ထားပါတယ်။

Q. ဘဲလေးကချေသည် ဇာတ် ရုပ်အတွက်ရော လေ့ကျင့်ဖြစ်လား။
A. အကနဲ့ပတ်သက်ပြီး သူ ငယ်ချင်းတစ်ယောက်သင်ပေးနေတယ်။ ကိုယ်တိုင်လည်း လေ့ကျင့်ဖြစ်တယ်။

Q. မင်းသမီးအပြောင်းအလဲ ဖြစ်ပြီးမှ ရိုက်ရတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
A. ရှေ့မှာဘယ်လိုပဲ ပြောင်းလဲ ခဲ့ပြောင်းလဲခဲ့ ကိုယ့်ဆီကိုရောက်လာ ပြီဆိုရင် ကိုယ်အကောင်းဆုံးဖြစ် အောင်လုပ်မယ်ဆိုတဲ့ စိတ်ပဲထားပါ တယ်။ သဉ္ဇာက ကိုယ့်ဆီကို ရောက် လာတဲ့အလုပ်တစ်ခုကို ရှေ့မှာ ဘယ် သူပဲငြင်းခဲ့ငြင်းခဲ့ ဇာတ်လမ်းကောင်း တယ်။ ကိုယ်ကြိုက်တယ်ဆိုရင် ရိုက် မှာပါပဲ။ အလုပ်သဘောအရဆို တော့ ဒါတွေကကိစ္စမရှိပါဘူး။

Q. ၂ဝ၁၃ က သဉ္ဖာအတွက် ပရိသတ်ပိုအားပေးတဲ့နှစ်လား။
A. အဲဒီလိုပြောလို့ရပါတယ်။ ၂ဝ၁၃ခုနှစ် ဧပြီလလောက်ကတည်း က ပရိသတ်ပိုပြီး သတိထားမိတာ တွေ့တယ်။ သÍ္ဇာသရုပ်ဆောင် ထားတဲ့ဗီဒီယိုလေးတွေ လည်းတောက် လျှောက်ထွက် လာမယ်ဆိုတော့ ပရိသတ်နဲ့ အဆက်မပြတ်တော့ဘူး ပေါ့။ သင်္ကြန် မတိုင်ခင်လောက် က တည်းက အလုပ်နဲ့ပတ်သက်ပြီး အရင်ကထက် ပိုတိုးတက်လာပါ တယ်။ ဒီနှစ်က သဉ္ဇာအတွက် ကံ ကောင်းတဲ့နှစ်ပါ။

Q. ရည်းစားဦးနဲ့ပတ်သက်ပြီး ညီမလေးရဲ့မျှော်လင့်ချက်  
A. ဒီဇာတ်ကားရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ ဘဲလေးပေးက တဲ့အခန်းမှာ အဆင်ပြေပြေရိုက်နိုင် ဖို့ပဲမျှော်လင့်ပါတယ်။ ဘဲလေးအက က တခြားအကတွေနဲ့ မတူဘူးလေ။

Q. ဇာတ်ညွှန်းတွေကို သရုပ် ဆောင်တစ်ယောက်အနေနဲ့ ငြင်းပိုင် ခွင့်မရှိဘူးလို့ဖြေခဲ့ဖူးတယ်နော်။ အခု ရော။
A. သဉ္ဇာအခုလည်း ငြင်းပိုင် ခွင့် မရှိသေးပါဘူး။ သဉ္ဇာဒီထက်ပို ပြီး မြင့်မားလာတဲ့ အနေအထား ရောက်လာပြီဆိုရင်လည်း သÍ္ဇာ ရိုက်ကွင်းပေါ်ရောက်ပြီးမှတော့ ကိုယ်လက်ခံထားတဲ့ ဇာတ်ရုပ်ကို မရိုက်ဘူးဆိုပြီး ဘယ်တော့မှ လှည့် ပြန်မှာမဟုတ်ပါဘူး။

Q. ဘာကြောင့်ပါလဲ။
A. သဉ္ဇာ သရုပ်ဆောင်အလုပ် ကို အရမ်းချစ်မြတ်နိုးတယ်။ ရိုက် ကွင်းပေါ်ကနေ လှည့်ပြန်သွားတဲ့ သရုပ်ဆောင်တစ်ယောက် ဘယ် တော့မှမဖြစ်ချင်လို့ပါ။

Q. သဉ္ဇာကို ချစ်တဲ့ပရိသတ်ကို ဘာတွေပြောချင်သေးလဲ။
A. သဉ္ဇာ ဒီနေ့ ဒီလိုဖြစ်လာ တာက သဉ္ဇာကိုအားပေးတဲ့ သူတွေ ရှိလို့ပါ။ သÍ္ဇာ့ကိုသာ အသိအမှတ် မပြုခဲ့ဘူးဆိုရင် ဒီလိုဇာတ်ကားမျိုး တွေလည်း ရိုက်ခွင့်ရမှာ မဟုတ်ပါ ဘူး။ အားလုံးကိုကျေးဇူး တင်ပါတယ်။ 
By 8 Days
Ref: ရိုးရာလေး



0 Comment Box:

Post a Comment


 

Comment Box

Followers