Tuesday, September 24, 2013

စစ်မှန်သောငြိမ်းချမ်းရေးအတွက် သမ္မတကြီးက တပ်မတော်ကို လွှမ်းမိုးရ မည်



စစ်မှန်သောငြိမ်းချမ်းရေးအတွက် သမ္မတကြီးက တပ်မတော်ကို လွှမ်းမိုးရမည်ဟု သျှမ်း၊ ကယား၊ မွန် သုံးပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ၃ ရက် မြောက်နေ့၌ ညီလာခံဖြစ်မြောက်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါသည်။

“အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲဖို့ တိုက်ပွဲဖြစ်ပွားမှု ပပျောက်ဖို့ဆိုတာက အဓိကအားဖြင့် အစိုး ရမှာ တာဝန်ရှိတယ်။ အစိုးရအနေနဲ့တနိုင်ငံလုံး အပစ် ခတ်ရပ်စဲဖို့ လိုအပ်တယ်။ အဲဒီလို အပစ်အခတ် ကြေငြာနိုင်ဖို့ သမ္မတကြီးက တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိရမယ်။ တပ်မတော်ကိုလွှမ်းမိုးဖို့ဖွဲ့ စည်းပုံကိုပြင်မှ ရမယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

တောင်တန်း နှင့် မြေပြန့်တို့ ပြိုကွဲနေသည့် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ဖို့ ပင်လုံညီလာခံ ကဲ့သို့ ညီလာခံမျိုးပြန်လည်ကျင်းပ နိုင်ဖို့ သျှမ်း၊ ကယား၊ မွန် ပြည်နယ် ‘ငြိမ်းချမ်းရေးအတွက် ယုံကြည် မှု တည်ဆော က်ခြင်းဆွေးနွေးပွဲ’ ကျင်းပနေချိန် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် ကိစ္စအား အထူးရှုံ့ ချကြောင်း ဆွေးနွေးပွဲကျင်းပရေးကော်မတီ ဒုတိယ ခေါင်းဆောင် ဗိုလ်မှူးစောလွင် က ၃ ပြည်နယ်ညီလာခံ အပိတ်မိန့်ခွန်း တွင် ပြောကြား ခဲ့ပါသည်။

သုံးပြည်နယ်အဆင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းေ ဆွးနွေးပွဲအား စက်တင်ဘာ၂၁ - ၂၃ ရက် (၂၀၁၃ ခု)အထိ သျှမ်းပြည် နယ်မြို့တော် တောင်ကြီး၌ သုံးရက်ကြာ ကျင်းပခဲ့သည်။ ဆွေး နွေးပွဲသို့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ နိုင်ငံရေးပါတီ ၂၁ ခု၊ အရပ်ဘက်လူ့ အဖွဲ့အစည်း ၃ ခု၊ လေ့လာသူအဖွဲ့အစည်း ၃၁ ဖွဲ့၊ စုစုပေါင်း တက်ရောက် သူကိုယ်စားလှယ်များ ၃၃၁ ဦး ရှိပါသည်။

ထိုဆွေးနွေးပွဲမှ - တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ မတရား ဥပဒေ အပါ အဝင် ဒီမိုကရေစီနှင့် ညီညွတ်မှုမရှိသည့် ဥပဒေသများ ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ဒီမို ကရေစီစနစ်ကျင်းသုံးသော ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသော ညီလာခံကြီးတရပ်ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး စသည်တို့ပါဝင်သည့် သဘော ထားကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါသည်။
 
သျှမ်းသံတော်ဆင့်
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers