Sunday, September 29, 2013

အဝတ်လှန်းချိန်တွင် တစ်ပြိုင်တည်း မီးပူတိုက်ပေးမည့်ကိရိယာ

 
အဝတ်လှန်းရခြင်း၊ မီးပူတိုက်ရခြင်းကို ပျင်းရိငြီးငွေ့သူများအတွက် ထူးခြားသော တီထွင်မှု တစ်ခုကို ဂျာမန် ကုမ္ပဏီ တစ်ခုက မိတ်ဆက်ပြသ
လာခဲ့သည်။ Tubieဟု အမည်ပေးထားသည့် ကိရိယာသည် လေပူ
မှုတ်ထုတ်မှုဖြင့် အင်္ကျီ၊ ဘောင်းဘီများကို မီးပူတိုက်ထားသည့်နှယ် သပ်ရပ်ညီညာစွာ ပြန့်နေစေမည်ဟု သိရသည်။

အဆိုပါ စက်ကိရိယာပေါ်တွင် တပ်ဆင်ထားသည့် အိတ်များက လေပူဖြည့်
တင်းပေးလိုက်ချိန်တွင် အဝတ်အစားများကို ခြောက်သွေ့စေကာ မီးပူ
တိုက်ထားသကဲ့သို့ ပြန့်နေစေအောင် လုပ်ဆောင်ပေးသည်။

ထိုကိရိယာဖြင့် ရှပ်အင်္ကျီတစ်ထည်ကို လျော်ဖွပ်ပြီးချိန်မှ မီးပူတိုက်ပြီးသည်
အထိ လုပ်ငန်းအဆင့်ဆင့်ကို (၇)မိနစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်
မည် ဖြစ်သည်။

ယခုစိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော် တီထွင်သည့် ဂျာမန် အင်ဂျင်နီယာများက Tubieကို ကမ္ဘာ့ပထမဆုံး လက်နှင့်တိုက်နေစရာ မလိုသည့် မီးပူအဖြစ် ညွှန်းဆိုကြသည်။ သို့သော်လည်း Tubie၏ ဈေးနှုန်း ကျသင့်မှုမှာ များပြားသည်ဟု ဆိုရမည် ဖြစ်သည်။

ယင်းသည် ပေါင်စတာလင် (၈၅၀)ဖြင့် ရောင်းချရန် ရည်ရွယ်ထားပြီး သာမန် မီးပူ အကောင်းစား အလုံး(၃၀)စာမျှ၏ တန်ဖိုးနှင့် တူညီနေသည်။ Tubieကို ဦးဆောင်တီထွင်သည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သော ကာရီနာကရူအက်စ်က
"Tubieရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ အဝတ်တွေကို အခြောက်လှမ်းနေ
ချိန်မှာ မီးပူပါ တိုက်ပြီးသား ဖြစ်နေအောင်ပါ"ဟု ပြောကြားခဲ့သည်။

၎င်းက "စိတ်ဝင်စားသူတွေက TVကနေ အသုံးပြုပုံကို လေ့လာကြပါတယ်။ လွယ်ပါတယ်။ နှစ်ခါ၊ သုံးခါလောက် စမ်းကြည့်လိုက်ရင် ကောင်းကောင်း ကိုင်တွယ်သွားနိုင်မှာပါ။ ခုဆို ကျွန်မတို့ဆီကို စုံစမ်းမှုတွေ တော်တော်
များများ ရောက်လာပါတယ်။ ဝယ်သွားတဲ့သူတွေကလည်း Tubieရဲ့ လုပ်ဆောင်မှုကို ကျေနပ်ကြောင်း အကောင်းမြင် မှတ်ချက် ပေးကြတယ်။
ဖောက်သည်တွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှု ရလာတာကို ကျွန်မတို့ အရမ်းဂုဏ်ယူပါတယ်"ဟုလည်း ဆိုသည်။ ကာရီနာက Tubie၏ ဈေးနှုန်းနှင့် ပတ်သက်ပြီးမူ "ဒီထုတ်ကုန်ဟာ အကောင်းဆုံး အရည်အသွေး ရှိပါတယ်။ ဒါကို ဈေးနှုန်းသတ်မှတ်ချက်က ထင်မှတ်စေတာပါ"ဟု ကာကွယ်ပြောဆို သွားခဲ့သည်။

                                                                                         Planet Myanmar Network



0 Comment Box:

Post a Comment


 

Comment Box

Followers