Wednesday, September 18, 2013

တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်ကို တတ်နိုင်သလောက် အကျိုးပြုမယ့် ထွန်းအိန္ဒြာဗို


အဆို ဘက်မှာရော၊ သရုပ် ဆောင် ဘက်မှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင် ထွန်းအိန္ဒြာဗို က အခု လက်ရှိ မှာတော့ ပညာရေး ဘက် ကိုပဲ အချိန်ပေးပြီး လုပ်ဖြစ်နေ တဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကို မလုပ်ဖြစ် သလောက် ပါပဲလို့ ပြောပြခဲ့ပါတယ်။

ပညာရေး ဘက်ကို အချိန်ပေးပြီး လုပ်ဖြစ်နေတဲ့ ထွန်းအိန္ဒြာဗို က “ကားရိုက်တွေတော့ မလုပ်ဖြစ်တော့ သလောက်ပါပဲ။ ကျွန်မ စိတ်ကြိုက် ဇာတ်လာ မှပဲ ရိုက်တော့မှာပါ။ မလာ ရင် မရိုက်တော့ဘူး။ အခု British Council မှာ English Course တက် ဖြစ်နေတယ်။ ပညာတစ်ခု တတ်ချင် လို့ သင်တာပါ။ ကျွန်မ ဘာ Stress မှ မယူချင်တော့ဘူး။ ကျွန်မ အလုပ် တွေ လည်း အများကြီး လုပ်ခဲ့ပြီးပြီ။

ဒီ အသက်အရွယ် မှာ ကိုယ် လုပ်ချင် တာလေးတွေ၊ ကိုယ်လုပ်သင့်တာ လေးတွေ လုပ်မယ်။ ပရဟိတ လုပ်မယ်။ မိသားစုကို အချိန်ပေးမယ်။ ပညာ သင်ယူမှုတွေကို ဝါသနာ အလျောက် လုပ်ချင်စိတ် ရှိလို့ လုပ်ဖြစ်နေတာက လွဲရင် ကျန်တဲ့ ရည်ရွယ်ချက် ဘာမှ မရှိပါဘူး။ ပညာတစ်ခု တတ်ထားတဲ့ အတွက်ကြောင့် အလဟဿ ဖြစ် မသွားဘူး ဆိုတာတော့ ယုံကြည်ပါတယ်။ ကျွန်မ တတ်ထား သလောက် နဲ့ တိုင်းပြည်ကို တတ်နိုင် သလောက် အကျိုးပြုဖို့ စဉ်းစားထား ပါတယ်” လို့ပြောပြခဲ့ပါတယ်။

By Popular News

0 Comment Box:

Post a Comment


 

Comment Box

Followers