Tuesday, September 17, 2013

ကြိုတင်မဲဆိုတာလူတိုင်းမဲပေးနိုင်အောင် ဘဘကစေတနာနဲ့လုပ်ပေးတာပါ

လာမည့်၂၀၁၅ရွေးကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတ သောရွေးကောက်ပွဲဖြစ်စေရန်အ တွက်ရွေးကောက်ပွဲမဟာဗျူဟာ  စီမံချက်အားရေးဆွဲအကောင် အထည်ဖော်လျက်ရှိကြောင်း၊ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် မှစက်တင်ဘာလ ၁၄ရက်နေ့က သိရသည်။

လွတ်လပ်၍တရားမျှတမှု ရှိသောရွေးကောက်ပွဲဖြစ်မဖြစ် ဆိုသည်မှာထုတ်ပြန်ထားသော ဥပဒေနှင့်အညီဆောင်ရွက်မှသာ လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ပြီး၊ ထုတ်ပြန်ထားသည့်ဥပဒေနှင့်အညီ မဆောင်ရွက်ပါကလွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက် ပွဲဖြစ်လာမည်မဟုတ်ကြောင်း၊ထို့ ကြောင့်ရွေးကောက်ပွဲမဟာဗျူစီ မံချက်အားအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် မှဥက်္ကဋ္ဌဦးတင်အေးကပြောသည်။

““နောင်၅နှစ်တစ်ကြိမ်ပြုလုပ် မယ့်ရွေးကောက်ပွဲတွေမှာပျော့ ကွက်တွေဟာကွက်တွေမရှိစေရန် အတွက်ဒီမဟာဗျူဟာစီမံချက်ကို ရေးဆွဲရတာဖြစ်ပါတယ်။ဘာ ကြောင့်လည်းဆိုတော့ပျော့ကွက်
 တွေဟာကွက်တွေနောင်လာမယ့် ရွေးကောက်ပွဲတွေမှာရှိနေဦးမယ်  ဆိုရင်အရင်တုန်းကလိုဖြစ်လာ အုံးမှာပါ””ဟုဦးတင်အေးကဆို သည်။

ပြီးခဲ့သော ၂၀၁၀ခုနှစ်ရွေး ကောက်ပွဲကကြိုတင်မဲကိစ္စများနှင့် ပတ်သက်၍ပြဿနာများဖြစ်ပေါ် ခဲ့ခြင်းကြောင့်၊ ၂၀၁၀ရွေးကောက် ပွဲသည်လွတ်လပ်ပြီးတရားမျှတမှု ရှိသောရွေးကောက်ပွဲမဟုတ် ကြောင်းနိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ များကဝေဖန်သုံးသပ်ကြသည်။

၂၀၁၀ခုနှစ်ရွေးကောက်ပွဲ သည်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ပေါ်ပြီ ၉လအတွင်း တွင်ကျင်းပပြုလုပ်ရသည့်အတွက် အားနည်းချက်များရှိကြောင်း၊ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးကထောက်ပြ ပြောဆိုသည်။

““ဒီလိုအားနည်းချက်ရှိတဲ့အ ပေါ်မှာအချို့ကမသိလို့မှားတာရှိ ပါတယ်။သိလျက်နဲ့မှားတာလည်း ရှိပါတယ်။ဒီဟာကြီးကအမှားကြီး ဖြစ်နေတယ်ဘယ်သူမှလည်းတား မယ့်သူလည်းမရှိဘူး၊မလုပ်နဲ့လို့ ပြောမယ့်သူလည်းမရှိဘူး၊ဒီအမှား ကြီးကဥပဒေနဲ့မညီဘူးတရားစွဲလို့ ရတယ်ခင်ဗျားတို့အနိုင်တွေကိုပယ် ဖျက်သွားလို့ရတယ်ဆိုတဲ့အထောက် အထားတွေမရှိတဲ့အခါကျတော့ ၂၀၁၀ရွေးကောက်ပွဲဟာအားနည်း ချက်တွေရှိတာအမှန်ဘဲဟုပြော သည်။

““ကြိုတင်မဲဟာဘယ်နိုင်ငံမှ မရှိပါဘူး လူတိုင်းမဲပေးနိုင်အောင် ဘဘကစေတနာနဲ့လုပ်တာပါ ဒါ ကြောင့်၂၀၁၀ရွေးကောက်ပွဲက တော့ဘာမှမပြောနေပါနဲ့တော့ မှားမှာပါ၊ စေတနာနဲ့မှားတာပါ၊ မသိလို့မှားတာဖြစ်တဲ့အတွက်ခွင့် လွတ်သင့်တယ်လို့ဘဘအနေနဲ့ ထင်တယ်ခွင့်လွှတ်တာမလွှတ်တာ တော့သားတို့အပိုင်းပါ”” ဟုပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှထပ်လောင်းပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ကနေပြည်တော်၌ဇူလိုင်လ ၁၈ရက်နေ့တွင်မီဒီယာများနှင့်တွေ့ ဆုံစဉ်သတ်္တိရှိရှိယှဉ်ပြိုင်ရဲပါက ၂၀၁၅ရွေးကောက်ပွဲအားတရားမျှ တမှုရှိအောင်ကျင်းပပြုလုပ်ပေးရ မည်ဟုပြောဆိုထားသည်။

ဖြိုးအောင်
HOT NEWS

 
 

0 Comment Box:

Post a Comment


 

Comment Box

Followers