Thursday, September 19, 2013

ဝါရှင်တန်ဒီစီရှိ ရေတပ်စခန်းရုံးပစ်ခတ်မှု သတင်းအပြည့်အစုံ

 

မြန်မာနိုင်ငံသံရုံး၊အပြည်ပြည်ဆိုင်ရာသံရုံးများ နှင့်အမေရိကန်အစိုးရရုံးများရုံးစိုက်ရာ အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့ တော်ရှိ ရေတပ်စခန်းရုံး တွင် တင်္နလာနေ့ရုံးတက်ချိန်တွင် သေနတ်သမားများက ပစ်ခတ်မှုကြောင့် လူ ၁၃ဦးသေဆုံးသွားရာ ၀ါရှင်တန်ဒီစီဝန်းကျင်တွင် နေထိုင်အလုပ်လုပ်သော မြန်မာလူမျိုးများအကြားတွင်ကြောက်ရွံစိုးရိမ်မှုများဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်ရာ ရေတပ်စခန်းရုံးသည် အမေရိကန်ကွန်၈ရက်အဆောက်အအုံနှင့် မြန်မာလူမျိုးအချို့ အလုပ်လုပ်နေသည့်ဗီအိုအေ အမေရိကန်အသံရုံးနှင့် ခုနှစ်လမ်းကျော်အကွာ M လမ်းမကြီးပေါ်တွင်တည်ရှိပြီး အဆိုပါလမ်းမကြီးနှင့်မဝေးကွာသည့်နေရာလူနေအိမ်ခန်းများတွင် မြန်မာမိသားစုအချို့ အခန်းငှားနေထိုင်လျှက်ရှိပါသည်။

“ ကြားကြားချင်းသတင်းတွေမှာလူသတ်သမား ၂ယောက်ကလွတ်သွားတယ်လို့ တီဗီက အဆတ်မပြတ်ကြေညာတော့ အလုပ်မချင်တော့ဘူး အိမ်ကိုဘဲ အပြေးပြန်ချင်တော့တယ် ကျောင်းမှာတက်နေတဲ့ သမီးအတွကိလည်း စိတ်ပူတယ်”ဟု ၀ါရှင်တန်ဒီစီတရုတ်တန်းကလက်ဆောင်ပစ္စည်းအရောင်းဆိုင်တွင်အလုပ်လုပ်နေသော မကေသီက ဆဲဗင်းဒေးကိုပြောကြားသည်။

မြန်မာလူမျိုးအများစုက ၀ါရှင်တန်ဒီစီနှင့်ကပ်လျှက်ရှိနေသည့် မေရီလန်းနှင့်ဗာဂျီးနီးယားပြည်နယ်များတွင် နေထိုင်ကြသော်လည်း အလုပ်လုပ်ရန်အတွက် ၀ါရှင်တန်ဒီစီကို နေ့စဉ်လာရောက်ရလေ့ရှိပါသည်
အခင်းဖြစ်ပွားရာ ရေတပ်စခန်းရုံးသည် မှတ်ပုံတင်ကတ်ပြားပြမှသာ ၀င်ရောက်နိုင်သောအဆောက်အအုံဖြစ်ပြီး ပစ်ခတ်သူများက မနက် ၈နာရီ ၂၅မိနစ်ခန့်တွင် ရေတပ်ရုံးဝန်ထမ်းဝတ်စုံကို ၀တ်ဆင်ပြီး ရေတပ်ရုံး၏ အထပ်လေးထပ်တွင် အလုပ်လုပ်နေသော ၀န်ထမ်းများကို မြင်မြင်ရာပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

ရေတပ်စခန်းအဆောက်အုံကို လက်နက်ကိုင်ထားသောသေနတ်သမားများက အလွယ်တကူဝင်ရောက်ပြီး ပစ်ခတ်နိုင်သည့်အတွက် အစိုးရရုံးများ၏ လုံခြူံရေးကို အမေရိကန်သတင်းမီဒီယာများက ဝေဖန်ပြစ်တင်နေကြပါသည်။
နောက်ဆုံးသတင်းများအရ သေဆုံးသူ ၁၃ယောက်ရှိပြီး ဒဏ်ရာရသူ ၁၄ဦးရှိသည်ဟု ၀ါရှင်တန်ဒီစီရဲတပ်ဖွဲ့ ကလူထုကိုအသိပေးခဲ့ ပါသည်။

ရေတပ်စခန်းရုံးရှိရာ အမ်လမ်းမကြီးကိုလည်း ပိတ်ထားလိုက်ပြိး အခင်းဖြစိပွားရာရုံးရှိဝန်ထမ်းများကိုလည်း ရဲများနှင့်အက်ဖီဘီအိုင်ကမေးမြန်းစစ်ဆေးခဲ့ ပြီး ညဘက်မှသာ အိမ်သို့ ပြန်ခွင့်ပေးခဲ့ ပါသည်။ အနီးအနားကနေထိုင်သူများကိုလည်း မှတ်ပုံတင်ပြနိုင်မှသာ အခင်းဖြစ်ရာအနီးကို သွားလာခွင့်ပြုလျှက်ရှိ၏

“ ကျမသားလေးတက်တဲ့ မူလတန်းကျောင်းကလည်းအဲဒိနားမှာမို့ မိဘတွေကို ခေါ်ပြီး ကလေးတွေပြန်လွှတ်ကျောငိးပိတ်ပေးလိုက်တယ်။ ကလေးတွေ လည်းသိပ်ကြောက်နေကြတယ်’
ဟု အဆိုပါ ရေတပ်စခန်းအဆောက်အအုံနှင့် မဝေးသည့် နေရာတွင်နေထိုင်သော အန်ပီအာရေဒီယိုမှ ထုတ်လုပ်သူအယ်ဒီတာ ဂျက်ဆီကာ စမစ်က ဆဲဗင်းဒေးကို ပြောကြားသည်။

သေနတ်ပစ်ခတ်မှုကြောင့်အနီးနားရှိစာသင်ကျောင်းများသာမကပါ ရေတပ်စခန်းအနီးရှိ နာမည်ကျော် ဘေ့စ်ဘောအားကစားပွဲများကျင်းပရာ အမျိုးသားအားကာစားကွင်းရှိ ကစားပွဲများကို လည်း အစိုးရက ရွေ့ ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာက အဆတ်မပြတ်ကြေညာလျှက်ရှိပါသည်။
ရဲသတင်းများအရ အသေပစ်ခတ်မိသော သေနတ်သမားမှာ ရေတပ်စခန်းတွင် ကန်ထရိုက်စနစ်ဖြင့်အလုပ်လုပ်ခဲ့ ဘူးသည့် အသက် ၃၄နှစ် အရွယ် အေရွန် အဲလစ်ဆိုသူဖြစ်ပါသည်။

အက်ဖ်ဘီအိုင်မှတ်တမ်းများအရ အေရွန်သည်နယူးယောက်မြို့ ကွင်းရပ်ကွက်တွင်ကြီးပြင်းခဲ့ သည့် အာဖရီကန်အမေရီကန်တဦးဖြစ်ပါသည်။သူက လေကြောင်းလျှပ်စစ်ပညာရှင်တဦးဖြစ်ပြီး အလုပ်တွင်မကြာခဏအမှားလုပ်မှုများကြောင့် အလုပ်မှ အထုတ်ခံခဲ့ ရသူဖြစ်သည်ဟုဆိုပါသည်။

သူနှင့်အတူ ပစ်ခတ်မှုတွင်ပါဝင်သည့် အသက် ၅၀အရွယ်ခန့် သေနတ်သမားတဦးလွှတ်မြောက်သွားသည်ဟု စီဘီအက်စ်အပါအ၀င်ရုပ်သံသတင်းများက ကျေညာနေရာ လူအများက ကြောက်ရွံထိတ်လန့်နေကြပါသည်
“ ဒီမှာကြောက်စရာအကောင်းဆုံးက သေနတ်ဘဲ။ မြန်မာပြည်မှာလို လူလူချင်းမတည့်ရင်တောင်ရန်မဖြစ်ရဲဘူး ။သေနတ်ကိုင်လို့ ရတယ်ဆိုတော့ ကိုယ့် ကို ပစ်ချလိုက်မှာကြောက်လို့ ”ဟုေ၈ျာ့်ခ်ျတောင်းတက္ကသိုလ်က မြန်မာကျောင်းသားကိုဘိုဘိုကပြောကြားသည်။

လူတိုင်းကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သေနတ်ကိုင်ဆောင်ခွင့်ရှိသောအမေရိကန်နိုင်ငံတွင်ယခုကဲ့ သို့  မကြာခဏဆိုသလို ပစ်ခတ်မှုများရှိနေသဖြင့် အဆိုပါဥပဒေကို တားမြစ်ရန် သမ္မတအိုဘားမားကကြိုးပမ်းနေသော်လည်း မအောင်မြင်သေးပါ။

သေနတ်ပစ်ခတ်မှုကြောင့်သေဆုံးသူများအတွက် အမေရိကန်သမ္မတအိုဘားမားက ၀မ်းနည်းစကားပြောကြားခဲ့ ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမေရိကန်ကွန်ကရက်အဆောက်အအုံနှင့် သမ္မတအိမ်ဖြူတော်တွင်အလံကို ယနေ့  နိမ့်ချလွှင့်ထူထားပါသည်။

ထားထားမြင့် ၀ါရှင်တန်ဒီစီမှတိုက်ရိုက်ပေးပို့ သည်

Burma-Newselite

 

0 Comment Box:

Post a Comment


 

Comment Box

Followers