Friday, September 27, 2013

ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ပရိသတ်တွေဆီ ချပြဦးမယ့် ရဲလေး


အိမ်ထောင်ရှင်ဖြစ်သွားတဲ့ ရဲလေးကို ပရိသတ်တွေက ဂီတအနုပညာလောကမှာ ဆက်လက်မြင်တွေ့ရပါ့မလားဆိုပြီး  စိုးရိမ်စိတ်တွေနဲ့ ပြောဆိုနေကြပေမယ့် ရဲလေးက သူချစ်တဲ့ ပရိသတ်တွေဆီက အပြီးတိုင်စွန်ကခွာသွားဖို့ မရှိဘူးလို့ သိရပါတယ်။ ဂီတလောကမှာ လှုပ်ရှားနေစဉ် ၂၀၀၇ ခုနှစ်လောက် ကတည်းက ရဲလေးတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးခဲ့ကြပြီး အချိန်အကြာကြီးနေပြီးမှ လက်ထပ်ဖြစ်ခဲ့ကြတာပါ။ ရဲလေးကတော့ အိမ်ထောင်ရှင် ဖြစ်လာတဲ့အချိန်မှာ ကိုယ့်စိတ်တစ်ခုတည်း ရှေ့တန်းတင်ပြီး အရင်လိုလုပ်လို့ မရတော့ဘဲ ဇနီးသည် ဖြစ်သူရဲ့ မိသားစုကိုလည်း ထည့်စဉ်းစားရတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေကိုလည်း ရဲလေးက “ ကျွန်တော် အိမ်ထောင်ပြုလိုက်ပေမယ့် အနုပညာအလုပ်တွေ၊ အနုပညာကို ချစ်တဲ့ စိတ်တွေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့အတူ ပရိသတ်တွေကို တင်ဆက်ပေးဖို့ရှိပါတယ်။ လောလောဆယ်တော့ လာအပ်တဲ့ သီချင်းတွေ ရေးဖြစ်နေပြီး ရန်ကုန်မှာ လုပ်မယ့် ရှိုးပွဲတွေ လိုက်ဆိုဖြစ်တယ်” လို့ သူ့ရဲ့ လတ်တလော လှုပ်ရှားမှုတွေ အကြောင်းကိုပါ ပြောပြထားပါတယ်။

Friday(Malay)
Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers