Sunday, September 15, 2013

အနုပညာဖြတ်သန်းမှုတိုင်းက ကျွန်တော့်အတွက် အမှတ်ရစရာတွေချည်းပါပဲ လို့ဆိုတဲ့ ဇွဲနိုင်ဝင်း



ဘယ်လိုနယ်ပယ်မျိုးပဲဖြစ်ဖြစ် ပထမဆုံးသော စိန်ခေါ်မှုဆိုတာဟာ လူတိုင်းအတွက် ခက်ခဲလွန်းလှပါတယ်။တစ်ချို့ချို့သော သူတွေဆိုရင် အဲဒီအတားအဆီးကို မကျော်နိုင်တာနဲ့တင်ပဲ အလိုလိုနောက်ဆုတ် အရှုံးပေးသွားကြလေ့ရှိတာပါ။ ပထမဆုံးသော စိန်ခေါ်မှုဆိုတာဟာ တုံ့ပြန်ပုံမမှန်ကန်ခဲ့ရင် ဘ၀ပျက်သွားမတက် နာကျင်ရတာ ဧကန်အမှန်ပါပဲ။ အနုပညာ ရပ်ဝန်းကို ၀င်ရောက်လာသူတိုင်းအတွက် ပထမဆုံး ခြေလှမ်းဆိုတဲ့ အရာဟာ အရမ်းပဲ အရေးပါလှပါတယ်။ လုပ်ငန်းခွင်ကို မကျွမ်းခင်မှာ နှိမ်သူများ..လက်တွဲမခေါ်ချင်သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီအခိုက်အတန့်ဟာ အနုပညာ ဗီဇပါရမီပိုးရှိသူအတွက် ခံစားရတာ အခက်ဆုံးသော အချိန်လို့တောင် ဆိုရပါလိမ့်မယ်။ အနုပညာ လောကဆီ ၀င်ရောက်လာချိန်မှာ ဘယ်လိုအတားအဆီးမျိုးတွေနဲ့ ကြုံခဲ့ရတယ် ဆိုတဲ့ အကြောင်း ရိုက်ကွင်းတွေနဲ့ အနည်းငယ် ဝေးကွာနေသူ မင်းသား ဇွဲနိုင်ဝင်းနဲ့ စကားတွေ ပြောဖြစ်ခဲ့ရာမှာတော့.....................

ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ အနုပညာကို ၀ါသနာပါလို့ပါ

ဒီလောကထဲ စရောက်တုန်းက ဟေးလားဝါးလား အခန်းလေးပေါ့။ ကိုယ့်ကို ဒိုင်ယာလော့ တစ်ခွန်းနှစ်ခွန်းလောက် ပေးပြောတယ်ဆိုရင်ပဲ အရမ်းဝမ်းသာရတဲ့ အနေအထား။ အဲဒီအနေအထားကပဲ စရိုက်လာရတာ။ လွန်ခဲ့တဲ့ (၁၀)နှစ် ကျော်တုန်းကပေါ့။  ခုနှစ်နဲ့ ပြောရမယ်ဆိုရင် ၁၉၉၉၊ ၂၀၀၀ ပေါ့။ ကိုသားကြီး(ဒွေး) ရှုတင်တွေ လိုက်ကြည့်တယ်။ လိုက်ကြည့်ပြီးတော့ နောက်ပိုင်းမှာ ဗီစီဒီ စရိုက်ဖြစ်ခဲ့တယ်။ ၁၉၉၉ အကုန် ၂၀၀၀ လောက်မှာ စရိုက်ဖြစ်တယ်။ ဖြိုးငွေစိုး တို့ ကျွန်တော်တို့က တစ်ခေတ်တည်းပဲ။ ဖြိုးငွေစိုးကတော့ နည်းနည်းပိုစောတာပေါ့။ ကျွန်တော်တို့က 456 ခေတ်ကတည်းက ရိုက်လာတာ။ ကျွန်တော့်အဖေက ဓာတ်ပုံဆရာ ဆိုပေမယ့် ကျွန်တော် ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ အနုပညာကို ၀ါသနာပါလို့ပါ။

ရှေ့လျှောက်လည်း ဒီအလုပ်ပဲ လုပ်သွားမှာပါ

ကျွန်တော် ပထမဦးဆုံး ကာရိုက်တာ စရတဲ့ကားက “ရယ်မောကြေကွဲစရာ” ကားပါ။ ဒါရိုက်တာက ကိုမိုးအောင်ပေါ့။ အဲဒီကားမှာ သားညီ၊ မျိုးစန္ဒီကျော်၊ လှဉ္စလီတင့်တို့ပါတယ်။ မင်းသားရူး ကာရိုက်တာပေါ့။ပြီးတော့ ဗီစီဒီထဲမှာပဲလည်နေတာ။ ဗီစီဒီတွေချည်းပဲ လေးနှစ်လောက် ဆက်တိုက်ရိုက်ဖြစ်တယ်။ အဲဒီကနေမှ ကိုသီဟတင်သန်းနဲ့ နတ်နားကပ်လို့တိုင်ပင်ချင်တယ်” ၀တ္ထုကို ကိုလွင်မိုးရယ်၊ မခိုင်သင်းကြည်ရယ်၊ ကျွန်တော်ရယ်၊ ခိုင်ဇင်သော်ရယ် “မပြောရဲဘူးလို့ ဆိုတဲ့” နာမည်နဲ့ ပြန်ရိုက်ဖြစ်တယ်။ ပြီးတော့ ညိုမင်းလွင်နဲ့ “နှင်းဆီမြို့သူများ”  ကားကိုရိုက်တယ်။ ကျွန်တော်က မော်ဒယ်လ်က လာတာလည်း မဟုတ်ဘူး။ မော်ဒယ်လ်ရုပ်လည်း မထွက်ဘူး။ မော်ဒယ်လ်တွေ ခေတ်စားနေချိန်မှာ ကိုယ်က Actor ဘက်ကပဲ Run လာလိုက်တယ်။ ဒါပါပဲ။ ဒီအလုပ်ကိုပဲ ချစ်လို့ ဒီအလုပ်ပဲ လုပ်တက်လို့ ဒါကိုပဲ လုပ်နေတာ။ ဒီဟာလုပ်နေတဲ့ အချိန်မှာ မေ့နိုင်စရာ အကြောင်းတွေ ဆိုတာမရှိဘူး။ အမြဲတမ်း ကျွန်တော့်အတွက် အမှတ်တရတွေချည်းပဲ။ လူတစ်ယောက်ကို ကြိုက်တာယှဉ်လိုကရတယ်။ ဒါပေမယ့် ကံတွေ စန်းတွေကတော့ ယှဉ်လို့မရဘူး။ ဒါက အတိတ်ဘ၀ အကြောင်းအရာတွေလည်း ပါတယ်။ အဲဒီအတွက် နောက်ဘ၀ ကိုယ်ဒီလိုမဖြစ်ချင်ရင် ကိုယ့်ဟာကို ကောင်းကောင်းမွန်မွန်နေ၊ တက်နိုင်သလောက် ကုသိုလ်ပြု ဒါပဲရှိတာပဲ။ ရှေ့လျှောက်လည်း ဒီအလုပ်ပဲ လုပ်သွားမှာ။ ပရိသတ်ကြီးအတွက်ကတော့ ကျွန်တော် ဒီအလုပ်ပဲ လုပ်တက်တဲ့အတွက် ပရိသတ်ရှေ့ ချပြလို့ရအောင် ကျွန်တော် လုပ်နေပါတယ်။ ချပြခွင့်ရလို့ ကြည့်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော် လိုအပ်တာကို ပြောဆို ဝေဖန်လို့ရပါတယ်။ အဲဒီအတွက် ကျွန်တော် အမြဲတမ်းဝမ်းပါတယ်” လို့ ဇာတ်ရံမင်းသား ဇွဲနိုင်ဝင်းရဲ့ သူ့ရဲ့အနုပညာဖြတ်သန်းခဲ့မှုကို ရင်ဖွင့်သွားခဲ့တာဖြစ်ပါတယ်။
Friday(Malay)
Myanmar Daily News


0 Comment Box:

Post a Comment


 

Comment Box

Followers