Sunday, September 29, 2013

မကျင်းပလျှင်မိကျောင်းပေါ်လို့ နှစ်၂၀၀ကျော်ကြာနှစ်စဉ် ကျင်းပခဲ့သော ရွှေကြက်ကျဘုရားလှေဦးတိုက်လှေပြိုင်ပွဲ


အမရပူရမြို့နယ်၊ သမိုင်းဝင် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရား၏ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည့် လှေဦးတိုက်ပွဲတော်ကို တော်သလင်းလပြည့်ကျော် (၇-၈)ရက်နေ့တို့တွင် ရိုးရာအစဉ်အ လာမပျက် စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ကြောင်းသိရ သည်။

  ယခုနှစ်ပြိုင်ပွဲတွင် ကျေးရွာပေါင်း (၁၃)ရွာမှပြိုင်ပွဲ ၀င်လှေအသင်းများ ၀င်ရောက် ယှဉ်ပြိုင်ကြရာအကြိတ်အနယ်ရှိ လှကြောင်း၊ ငှက်လှေပြိုင်ပွဲကို ရွှေကြက်ကျဘုရား၏အထက်ဘက် ဧရာဝတီမြစ်ပြင်အတွင်းတွင် ကျင်းပပြုလုပ်ကြကြောင်းသိရသည်။ ပြိုင်ပွဲဝင်လှေအသင်းများအနေနှင့်  ပြိုင်ပွဲကော်မတီမှ သတ်မှတ်ပေး ထားသော ငှက်လှေများဖြင့် လှေလှော်သား(၁၀)ယောက်၊ ပဲ့ကိုင်(၁)ယောက် စုစုပေါင်း အသင်းသား(၁၁)ယောက်တို့နှင့် ၀င်ရောက်လှော်ခတ် ယှဉ်ပြိုင်ကြ ရခြင်းဖြစ်သည်။ ပြိုင်ပွဲစတင်တာ လွှတ်ရာ ““လွှတ်မုန်း””ကိုငါးဆူ ကျောင်းတိုက်အနီးတွင်သတ်မှတ် ထားပြီးပန်းဝင်သည့် ““ဆွတ်မုန်း”” ကို ရွှေကြက်ကျဘုရားအနီး မြစ်ပြင်ရေလယ်တွင်ထားရှိကာ ဘုရားကိုဦးတိုက်ပြု၍ လှော်ခတ် ပြိုင်ပွဲဝင်ကြရခြင်းဖြစ်သည်။

 ပြိုင်ပွဲဝင်လှော်ခတ်ကြရသည့် ခရီးတာအကွာအဝေးမှာ မီတာ ၂၀၀၀ခန့်ကွာဝေးကြောင်းသိရ သည်။
““သမိုင်းဝင် ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲ ကို ရိုးရာမပျက်ကျင်းပလာတာ နှစ်ပေါင်း ၂၀၀ကျော်လာခဲ့ပါပြီ။ လှေဦးတိုက်ပွဲမကျင်းပရင် ဘုရား အနီးက ဧရာဝတီမြစ်ရေပြင်မှာ မိကျောင်းပေါ်လေ့ရှိတယ်လို့ အစဉ်အဆက်ပြောဆိုယုံကြည်ထား ကြပါတယ်။ ဒါကြောင့်လှေဦး တိုက်ပွဲကို ရိုးရာအစဉ်အလာမ ပျက် နှစ်စဉ်ကျင်းပပြုလုပ်ကြ တာပါ။ ရွှေကြက်ယက်၊ ရွှေ ကြက်ကျဘုရားမှာ အထူးထင်ရှား တဲ့ပွဲတော်နှစ်ပွဲရှိပါတယ်။ ကဆုန် ညောင်ရေသွန်းပွဲတော်နဲ့လှေဦး တိုက်ပွဲတော်တို့ဖြစ်ပါတယ်။ မန္တလေးဝန်းကျင်မှာ ထူးထူးခြား ခြား စည်ကားတဲ့ပွဲတော်တွေပါ။ ရွှေကြက်ယက်ရွှေကြက်ကျလှေဦး တိုက်ပွဲ၏ထူးခြားချက်မှာ လှေပြိုင်ပွဲကို ရိုးရာမပျက် ငှက်လှေများဖြင့်သာ လှော်ခတ် ပြိုင်ပွဲဝင်ကြရခြင်းဖြစ်သည်။ တော်သလင်းလဆုတ်(၇)ရက်နေ့ ညနေပိုင်းတွင် ဘုရားဆွမ်းတော် ကြီးကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်း၊ ၀တ်အသင်းများမှ ၀တ်တက်ဝတ် ကပ်ပူဇော်ခြင်းပြုလုပ်ကြသည်။

 လဆုတ်(၈)ရက်နေ့ နံနက်ပိုင်း တွင် သံဃာတော်များအား ဆွမ်းလောင်းလှူကြသည်။ သံဃာတစ်ပါးနှင့်ညီမျှသော ဆွမ်းခဲဖွယ်တို့ကိုခံယူပြီးလှေဦးတွင် ကန်တော့ပွဲနှင့်လှေလယ်တွင် ဆွမ်းခဲဖွယ်တို့တင်ဆောင်ကာ လှေကိုအထက်အောက်ဘုရားအား ဦးသုံးကြိမ်တိုက်၍ ရေစာကျွေး ခြင်း ပြုလုပ်ကြရကြောင်းသိရ သည်။          
 
                                                                                                     နန္ဒာမင်းလွင်
                                                                                                     HOT NEWS


 

0 Comment Box:

Post a Comment


 

Comment Box

Followers