Sunday, September 15, 2013

ဆိုက်ရောက်ယာဉ်ရပ်နားစခန်း ဖွင့်ထားသော်လည်း ရပ်နားခြင်း မရှိသည့် အဝေးပြေးခရီးသည်တင်ကား ၂၀ဝအထိရှိ

 
အောင် မင်္ဂလာကားဝင်းအတွင်း ဆိုက် ရောက်ယာဉ် ရပ်နားစခန်းအား ဖွင့်လှစ်ပြီးဖြစ်သော်လည်း ဝင် ရောက်ရပ်နားခြင်းမရှိဘဲ ဂိတ်ထိုး နေသည့် အဝေးပြေးကားများနှင့် မြို့တွင်းတိုက်ရိုက်ဝင်သော ကား အစီးရေ ၂၀ဝအထိရှိနေကြောင်း သိရသည်။

အောင်မင်္ဂလာဆိုက်ရောက် ယာဉ်ရပ်နားစခန်းအား ဩဂုတ်လ လယ်ပိုင်းမှစတင်ကာ စမ်းသပ် ဖွင့်လှစ်ပေးခဲ့သော်လည်း အဝေး ပြေးခရီးသည်ကားများအနေဖြင့် မိမိဂိတ်များ၌သာ ရပ်နားကြပြီး တချို့သောအဝေးပြေးကားများ မှာ မြို့အတွင်းရှိကားဂိတ်များသို့ သာဂိတ်ထိုးနေကြကြောင်း မထသ အဝေးပြေးရုံးမှ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောသည်။


မထသအဝေးပြေးရုံးမှ အ တွင်းရေးမှူးဦးမျိုးဝင်းက ''Arrival စတင်ဖွင်တဲ့နေ့ကနေစပြီး အခုချိန်အထိဆိုရင် ဂိတ်ကိုမဝင် ဘဲ သွားနေတာ အစီးရေ ၂၀၀ လောက်ကိုရှိတယ်။ တချိုကျတော့ လဲ ကိုယ့်ဂိတ်ကို တိုက်ရိုက်ဝင်သလို တချို့ကျတော့လဲ မြို့ထဲကဂိတ် ကို သွားတာတွေလဲရှိတယ်။ ဂိတ် မဝင်ရင်တော့ ဒဏ်ကြေးအနေ နဲ့ တစ်စီး ကျပ်တစ်သောင်းသတ် မှတ်ပေမယ့် လိုက်နာမှုမရှိသေး ဘူး''ဟု ပြောသည်။
အဆိုပါမြို့တွင်းသို့ တိုက် ရိုက်သွားနေသော ကားလိုင်းများ တွင် နာမည်ကြီးကားလိုင်းများပါ ဝင်နေပြီး အဓိကအားဖြင့် အောင် ဆန်းကွင်း၊ တာမွေနှင့် စော်ဘွား ကြီးကုန်းအနီးရှိ ဂိတ်အထိသွား နေကြကြောင်း ယင်းက ထပ်မံ ပြောသည်။


ယင်းနှင့်ပတ်သက်၍ မဟာ အဝေးပြေးကားလိုင်း လုပ်ငန်းရှင် ဦးဇော်က ''ကျွန်တော်တို့အနေ နဲ့ကတော့ ကားပေါ်မှာ ဧည့်သည် အစုံပါတော့ တတ်နိုင်သမျှဂိတ် ကိုပဲ အဓိကဝင်ပါတယ်။ ဆိုက် ရောက်ဂိတ်ကြေးအနေနဲ့ တစ်စီး ကို ကျပ်၅၀ဝတော့ ပေးရတယ်။ ယာဉ်အဝင်များတဲ့အချိန်တွေနဲ့ ပစ္စည်းပျောက်တဲ့ကားတွေရှိရင် ဝင်ဖို့ တန်းစီစောင့်ရတာတွေတော့ ရှိနေတယ်''ဟု ဆိုသည်။
အဆိုပါဆိုက်ရောက်ကား အဝင်ဂိတ်အား မဝင်ဘဲ မိမိဂိတ် တွင်သာ လူစောင့်တင်ရသည့်အ တွက် ခရီးသည်ရရှိမှုတွင် ကွာဟ ကြောင်း၊ ထိုကဲ့သို့မဖြစ်ပေါ်ရန် အတွက်ဆိုလျှင် တာဝန်ရှိသူအ ပိုင်းမှ စည်းကမ်းဖောက်ဖျက်သော ယာဉ်လိုင်းများအား ထိရောက် သောအရေးယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကားလိုင်းလုပ် ငန်းရှင်များထံမှ သိရသည်။


အောင်မင်္ဂလာကားဝင်း အတွင်း ဌာနဆိုင်ရာအဆောက် အအုံနှင့် ကားဂိတ်ဆိုင်ခန်းပေါင်း ၈၇၄ခုအထိရှိနေကာ နေ့စဉ်ဝင် ထွက်နေသည့် ကားအစီးရေအား ဖြင့် ၉၅၀ဝနီးပါးရှိနေသည်။ နေ့စဉ် ပြေးဆွဲနေသည့် ကားအရေအ တွက်မှာ အစီး၃၇ဝရှိနေကာ ခရီး သည်ပေါင်း ၁၃၈၀၂ဦးအထိ သွား လာနေသည်ဟု ကားဝင်းကွပ်ကဲ မှုရုံးခန်းမှ သိရသည်။


 Yangon Media Group

0 Comment Box:

Post a Comment


 

Comment Box

Followers