Saturday, September 28, 2013

အသက် ၃၀ မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ အောင်ရဲလင်း


သရုပ်ဆောင်နယ်ပယ်ထဲမှာ ခုနောက်ပိုင်း အောင်မြင်မှုတွေရရှိလာတဲ့ သရုပ်ဆောင် လူငယ် အောင်ရဲလင်းဟာ သူ့ရဲ့ ၀တ်စားဆင်ယင်မှု၊ ဆံပင်စတိုင်ပုံတွေ ပြောင်းလဲမှုတွေနဲ့အတူ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်မှုတွေကြောင့် လူငယ်ပရိသတ် အားပေးမှုကို အများဆုံးရယူပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သရုပ်ဆောင် အောင်ရဲလင်းနဲ့ ခဏတာ တွေ့ဆုံစဉ် သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး နဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ရာမှာတော့ အခုလို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် အောင်ရဲလင်းက  သူ့ရဲ့ အိမ်ထောင်ရေး ရွေးချယ်မှုနဲ့ ပတ်သက်ပြီး “ အချစ်ဆိုတာကတော့ ရသစုံပါပဲ။ ဘယ်အချိန်မှာ အိမ်ထောင်ပြုဖြစ်မလဲဆိုတာတော့ သေချာမသိသေးဘူး။ ဒါပေမယ့် အသက် ၃၀ လောက်မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်။ အဓိက ကတော့ လှတာ၊ မလှတာထက် ကျွန်တော့်ကို ချစ်ရမယ်။ ရိုးသားရမယ်၊ ဖြူစင်ရမယ်၊ ကျွန်တော့် အလုပ်ကို နားလည်ဖို့က  ညှိယူလို့ရတယ်။ ကျွန်တော်ကလည်း ချစ်ရမယ့်သူ ဖြစ်ရမယ်။ ဆင်းရဲချမ်းသာတွေ၊ လှတာ၊ မလှတာတွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးဘူး။ ကိုယ်လည်း ချစ်ပြီး ကိုယ့်ကိုလည်း ချစ်မယ့်သူကိုပဲ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်မှာပါ”  လို့ ဖွင့်ပြောလိုက်ပါတယ်။

အောင်ရဲလင်းက ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ “ ညရေးချညာ” ဆိုတဲ့ ဇာတ်ကားမှာ ဖွေးဖွေးနဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဖန်စီဇာတ်ကားတွေမှာ အောင်ရဲလင်းနဲ့ ဖွေးဖွေးက အတွဲညီတဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုရရှိထားသလို  အဲဒီလို အတွဲညီအောင်လည်း တစ်ယောက်နဲတစ်ယောက် ညှိုနှိုင်းတိုင်ပင်ပြီးမှ လုပ်ကြတယ်လို့ အောင်ရဲလင်းက ရှင်းပြပါတယ်။

Friday(Malay)
Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers