Saturday, September 14, 2013

နယူးဟမ့်ရှိုင်းယားရှိ ဘဏ်ကို လူတစ်ဦးက အိုဘားမား မျက်နှာဖုံးစွပ်ကာ ဓားပြတိုက်

စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားရှိ ဘဏ်တစ်ခုကို သမ္မတ အိုဘားမား မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးက ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသက်၅၂ နှစ်အရွယ် ဂျွန်ဂရစ်ဖင်အမည်ရှိ ဓားပြကို ယင်းနေ့တွင်ပင် ရဲများက ဘဏ်ဓားပြမှုဖြင့်  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဘဏ်ဓားပြတိုက်ခဲ့သော ဓားပြသည် အနောက်တိုင်း ၀တ်စုံ အပြည့်ဝတ်ဆင်ထားပြီး ရှပ်အင်္ကျီအဖြူပေါ်တွင်
အနီရောင် နက်ကတိုင်နှင့် လက်အိတ်အမည်းကိုပါ ၀တ်ဆင်ထားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြန်လည်အသုံးပြု၍
ရသော ဈေးဝယ်အိတ် တစ်အိတ်လည်း ပါရှိခဲ့ပြီး ရဲများက ၄င်းကို ဖမ်းမိချိန်တွင် ယင်းအိတ်ထဲ၌ ကျည်အပြည့်ဖြည့်ထားသော ပစ္စတိုသေနတ် တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်လည်း ဂျွန်သည် ဘဏ်ကို ဓားပြတိုက်စဉ်တွင် သေနတ်ကို အသုံးပြုခဲ့ခြင်း မရှိကြောင်း သိရသည်။ ဂျွန်သည် ဘဏ်ဓားပြတိုင်မှုဖြင့် ထောင်ဒဏ်ကျခံရမည် ဖြစ်ပြီး
ဒေါ်လာ ၇၅၀၀၀ ဖြင့် အာမခံ ရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဂျွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆားကစ်တရားရုံး၌ လာရောက်အမှု ကြားနာရမည်ဖြစ်သည်။

(UPI,13,9,13)မေဇွန်
၁၄-၉-၂၀၁၃ ရက် (စနေနေ့) ထုတ် ပြည်မြန်မာ နေ့စဉ်သတင်းစာမှ




0 Comment Box:

Post a Comment


 

Comment Box

Followers